Friday, July 12, 2013

ကချင်အဆိုတော်များ မလေးရှားတွင် ဖျော်ဖြေမည်

(Mizzima)

ပြည်တွင်းရှိ ကချင်အဆိုတော်များသည် မလေးရှားနိုင်ငံ၌ ဇူလိုင် ၁၅ ရက်တွင် f Chinese Assembly Hall ၌ဖျော်ဖြေကြမည်ဖြစ်သည်။ အဆိုပါဖျော်ဖြေပွဲသည် ရန်ပုံငွေဖျော်ဖြေပွဲအဖြစ် ကျင်းပခြင်းဖြစ်ပြီး မလေးရှားနိုင်ငံရှိ KBC နှစ်ချင်းအသင်းတော်မှ စီစဉ်ကျင်းပခြင်းဖြစ်သည်။

တေးဂီတဖျော်ဖြေမှုများသာမက ဟာသပြက်လုံးများကိုပါ ထည့်သွင်းတင်ဆက်မည့် ယင်းဖျော်ဖြေပွဲအကြောင်းကို ကချင်အဆိုတော် ကရိုင်ကိုင်ဒင်းက “ဖျော်ဖြေပွဲက တစ်ရက်တည်းကျင်းပမှာပါ။ မလေးရှားနိုင်ငံမှာရှိတဲ့ နှစ်ချင်း


အသင်းတော်က ဖိတ်ကြားတဲ့ပွဲပါ။ ကျွန်တော်တို့တွေက ဟိုကတီးဝိုင်းနဲ့ ပူးပေါင်းပြီး သီချင်း တွေလည်းဆိုပြမယ်။
နောက်ပြီး လူရွှင်တော်အဖြစ် ပြက်လုံးဖျော်ဖြေဖို့ရှိတဲ့အခါ ကချင်လူရွှင်တော်တွေ လည်းလိုက်ပါမယ်လို့ သိရပါ
တယ်။ ဒီပွဲကအသင်းရဲ့ ရန်ပုံငွေပွဲအနေနဲ့ ကျင်းပတာမို့ အခုလိုသွားရောက် ဖျော်ဖြေဖြစ်တာပါ။ ပွဲမကျင်းပမီ တစ်ရက်အလိုမှာသွားပြီး နောက်နေ့မှာပဲ မြန်မာနိုင်ငံကို ပြန်ကြမှာပါ”ဟု ဆိုသည်။

ဂီတဖျော်ဖြေပွဲအတွက် ကချင်အဆိုတော်များဖြစ်ကြသည့် ကရိုင်ကိုင်ဒင်း၊ Seng Hkawn mai၊ DoiWawm၊ Myu Lat( Plus Three)၊ Sut Gun(Plus Three) တို့ဖြစ်ပြီး လူရွှင်တော်များအဖြစ် Jand Chyaw Yaw Ying၊ Kunmai၊ Nga Nuk တို့မှ ဖျော်ဖြေကြမည်ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။