Friday, July 12, 2013

တရုတ်အကူအညီဖြင့် ကေအိုင်အေ နယ်မြေသို့ ဗမာအစိုးရ စစ်အင်အားဖြည့်

(Jinghpawkasa)

ကချင်ပြည် ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင် ကေအိုင်အေ တပ်မဟာ (၃) အုပ်ချုပ်နယ်မြေ ဖြစ်သာ  လွယ်ဂျယ်နယ် မုဘွမ်တွင် အခြေစိုက် နေရာယူထားသော ဗမာအစိုးရ တပ်စခန်းသို့ ဇူလိုင်လ (၁၁) ရက်နေ့ ညနေ (၈း၃၀) နာရီခန့်တွင် တရုတ်အစိုးရနှင့် ပူပေါင်းကာ ဗမာအစိုးရ စစ်အင်းအားနှုင့်ရိက္ခာများ ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဤသို့ တရုတ်အစိုးရနှင့် ပူးပေါင်းပြီး ပို့ဆောင်ရာတွင် စစ်အင်အား (၁၀၀) ကျော်နှင့် ဆန် (၉) တန် ဖြစ်ကြောင်း၊ တရုတ်ရဲများက ၄င်းတို့၏ ကားများနှင့် ညလူခြေ တိတ်ချိန်တွင် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။ မုဘွမ်တွင် တပ်စွဲထားသော ဗမာအစိုးရ စစ်တပ်မှာ ခမရ (၄၃၇) ဖြစ်ပြီး၊ ယခု ထပ်တိုးလာသော စစ်တပ်မှာ ခလရ (၁၂၁) တပ်တို့ ဖြစ်ကြောင်း သိရှိရပါသည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။