Monday, July 8, 2013

ဆရာမက ဦးခေါင်းတွင် အရိုက်ခံရသည့် ကျောင်းသား ဒဏ်ရာမသက်သာ။

(Kachinwaves)

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့  အ.လ.က (၆) ထခွဲတွင်ကျောင်းတတ်နေသော မောင်ဆိုင်းလတ်အောင်ကို စာသင်ခန်းတွင် ပုံဆွဲနေသည်ဟု အင်္ဂလိပ်သင်ကြားသော ဆရာမက ဦးခေါင်းတွင် ကြိမ်လုံးဖြင့် အချက်(၂၀)ကျော် အရိုက်ခံရသောပြီး ဦးခေါင်းဒဏ်ရာ မသက်သာသေးကြောင်း ၄င်းက ပြောသည်။

“ဆေးသောက်ရင်က သက်သာတယ်၊ဆေးမသောက် ရင်က ခေါင်းအရမ်းကိုက်တယ်” ဟုပြောသည်။ အရိုက်ခံရသည့် နေ့မှာ ဇူလိုင်လ ၃ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အရိုက်ခံထားရခြင်း ဖြစ်ကြောင်း သိရသည်။

အရိုက်ခံရသည်ကို မခံနိုင်သောကြောင့် အိမ်ကို ထွက်ပြေးသွားကာ အိမ်တွင် မေ့မျော့သွားကြောင်း အဖွားဖြစ်သူ ကပြောသည်။ထိုနောက် မြတ်မွန်ဆေးရုံတွင် အပြင်လူနာအဖြစ် ပြသလျက် ရှိကြောင်း အဖွားဖြစ်သူက ပြောသည်။

အဖွားဖြစ်သူက အာရုံကြောထိသွားကြောင်းနှင့် အခြေအနေ ဆက်လျက်စောင့်ကြည့်ရအုံးမည် ဟု ဆရာဝန်က သူမကို ပြောကြောင်းလည်းသိရသည်။

ယခုအချိန်ထိ စာကောင်းကောင်းမကျက်နိုင်သေးကြောင်း၊ယနေ့တွင် စာမေးပွဲ ရှိလို့သာကျောင်းသွားသော်လည်း စာကောင်းကောင်း မလုပ်နိုင်သေးကြောင်းပြောသည်။

အရိုက်ခံရသည့် ကလေးမှာ န၀မတန်း တွင်ကျောင်းတတ်နေကြောင်းနှင့် ရိုက်သည့်ဆရာမကို ကျောင်းအုပ်ဆရာမ ကြီးက န၀မတန်းတွင် သင်ကြားခွင့် မပေးတော့ကြောင့် ကျောင်းအုပ်ဆရာမ ကြီး ကပြောသည်။

အရိုက်ခံရသည့် ကလေးက “ဆရာမ ကကျောင်းသားတွေကို ရိုက်ရင် အမြဲတန်း ခေါင်းကိုဘဲရောက်တယ်” ဟုပြောသည်။ဆက်လျက်ပြီး အဆိုပါဆရာမ နှင့် စာသင်ကြားမည်ဆိုလျှင် ကြောက်ရွံကြောင်း၊ ထိုဆရာမ ကိုတွေ့လျှင် စိတ်မကောင်းကြောင်းပြောသည်။

အရိုက်ခံရသည့် ကလေးမှာ အရိုက်ခံရသည့်နေ့တွင် ဇီဝဗေဒ ဘာသာမှ ဘောကဗေသဘာသာ ပြောင်းသော ကြောင့် အခန်းရွေ့ပြောင်းရကြောင်းလည်း သိရသည်။

ဇီဝဗေဒ အခန်းတွင် ထိုဆရာမ ပေးထားသည့် အိမ်စာမှာ ၅ပုဒ်သာ ဖြစ်ပြီး သို့သော်လည်း ဘောကဗေဒအတန်းတွင် အိမ်စာ ပေးထားသည်မှာ ၉ပုဒ်ဖြစ်သည့်အတွက် ၄င်းအနေဖြင့် စာအုပ်တွင်ရှိသော ရုပ်ပုံကို ခဲတံဖြင့် အပ်ါမှ ဆွဲနေကြောင်း ၄င်းက ပြောသည်။

2 comments:

  1. ပြည်ဝန်ကြီးချုပ် လဂျွန်ငံဆိုင်း ဘာလုပ်နေလဲ ဆရာမကို ထိရောက်တဲပြစ်ဒဏ် ပေးသင့်ပါတယ်။

    ReplyDelete
  2. ပြည်နယ်ဝန်ကြီးချုပ်ခင်ဗျား--ကချင်လူမျိုး -- ကချင်ပြည်နယ် ၀န်ကြီးချုပ် တာဝန် ထမ်းဆောင်တာ(၂)နှစ်ရှိပါပြီ၊ ကချင်ပြည်နယ် လူထုအတွက် ထင်ထင်ရှားရှား --ဘာတစ်ခုလုပ်ပေးပြီးပြီလဲ--

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။