Thursday, July 4, 2013
ကချင်ပြည်နယ်က ရှမ်းလူမျိုးတွေ အရေး ဖြေရှင်းဖို့ ကော်မတီဖွဲ့စည်း
(RFA)
ကချင်ပြည်နယ်မှာ နေထိုင်တဲ့ ရှမ်းမျိုးနွယ်စုတွေရဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေးစတဲ့ အရေးကိစ္စတွေ အားလုံးအတွက် တာန်ယူ ဖြေရှင်းပြောဆိုနိုင်ဖို့ အတွက် ဒီကနေ့ မြစ်ကြီးနားမြို့၊ န်းသိုကျောင်းတိုက် မှာ ကိုယ်စားလှယ် ၁၅ ဦးပါတဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်ပါတယ်။ 
ဒီလို ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး အဲ့ဒီကော်မတီမှာပါဝင်တဲ့ တာလောကြီးကျေးရွာက ဦးစန်းဝေက RFA ကို အခုလို ပြောပါတယ်။
"ဒီကချင်ပြည်နယ်အတွင်းဆိုပေမယ့် ကျနော်တို့ရှမ်းတွေက အများဆုံးနေထိုင်ကြတာ ဆိုတော့ ဒီနေရာမှာ အများဆုံးကို မြေစာပင်အဖြစ် ခံနေရတာ ကျနော်တို့ရှမ်းလူမျိုးတွေက အများဆုံးဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ရဲ့ရှမ်းအရေးကို တာဝန်ယူပြီးတော့မှ လွှတ်တော်မှာသော်၎င်း၊ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့အဖွဲ့မှာသော်၎င်း ဒါကိုကျနော်တို့ကနေပြီးတော့မှ စုစုစည်းစည်းနဲ့ ကျနော်တို့ဖြစ်စေချင်တာလေးကို ပြောနိုင်ဖို့အတွက် ဒီအဖွဲ့ကိုဖွဲ့ရခြင်းဖြစ်ပါတယ်"
ဒီကနေ့ အစည်းအဝေးမှာ ရှမ်းမျိုးနွယ်စုငါးမျိုးဖြစ်တဲ့ တိုင်းလိုင်၊ တိုင်းခန္တီး၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းမောင်း စတဲ့ ရှမ်းမျိုးနွယ်စုတစ်ခုစီက ကိုယ်စားလှယ်သုံးဦးစီပါတဲ့ ရှမ်းမျိုးနွယ်စုများရေးရာကော်မတီ(ကချင်ပြည်နယ်)ကို ဖွဲ့စည်းလိုက်တာပါ။ အဲဒီကိုယ်စားလှယ် ၁၅ ဦးထဲကမှာ ဗဟိုအလုပ်မှုဆောင်ကော်မတီကို ဆက်လက်ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။ 
ဒီကနေ့ အစည်းအဝေးကို ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနဲ့ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းမြင့်ကျော်တို့ အပါအဝင် မြစ်ကြီးနား၊ တာလောကြီး၊ ဝိုင်းမော်၊ မိုင်းနားစတဲ့ မြို့ရွာတွေက  ရှမ်းမျိုးနွယ်စု ကိုယ်စားလှယ် အယောက်ငါးဆယ်ကျော် တက်ရောက်ခဲ့ပါတယ်။
1 comment:
  1. Rawtma'lan Brang
    ဒီနေ့ rfa သတင်းထဌာန မှာ တင်ထားတဲ့ပုံ နဲ့ ပုံပေါ်မှာရှိတဲ့ စာသားက တစ်ခုခု လွှဲနေတယ်လို့ခံစားရတယ်.. ဗမာအစိုးရတပ် နဲ့ ကချင်ကိုယ်စားပြု KIO အစိုးရတွေရဲ့ မြစ်ကြီးနားမှာ တွေ့ဆုံဆွေးနွေးပွဲ ခရီးစဉ်အတွင်း ရှမ်းအမျိုးသားတွေက မိမိတို့အခွင့်ရေးကို ဆိုင်းဘုတ်ထောင် ဆန္ဒပြကြတာဖြစ်တယ်။ ဆိုင်းဘုတ်ပေါ်ရေးထားတာက
    ၁) စိုက်ပျိုးမြေများအတွင်းထောင်ထားသော မိုင်းများကို ရှင်းပေးပါ။
    ၂) အပစ်အခတ်ရပ် ဆဲရေးအမြန်လက်မှတ်ထိုးပါ။
    နောက် တစ်ခုကတော့ သိပ်မမြင်ရဘူး..
    တကယ်တမ်း ရှမ်းအမျိုးသားတွေတောင်း ဆိုနေတာ အားလုံးက ဗမာအစိုးရနဲ့သာ ပိုပြီးပတ်သက်မှုရှိပါလိမ့်မယ်..
    ထောင်ထားတဲ့မှိုင်းတွေဆိုတာ လည်း KIA တွေအလွယ်တကူ မြို့ထဲဝင်လာလို့ မရအောင် ဗမာစစ်တပ် က ထောင်ထားတာ ဖြစ်တယ်။
    အပစ်အခတ်ရပ်ဆဲ ရေးနဲ့ပတ်သက်ပြီး ထာဝရအပစ်ရပ်ဖို့ KIO က ကချင်ပြည်နယ်မှမှီတင်းနေထိုင်ကြတဲ့ ပြည်သူအားလုံးအတွက်ကြိုးစားနေတယ်လို့မြင်တယ်။
    ၁၉၉၄ တုန်းက ဗမာအစိုးရ ဦးဆောင်တဲ့ အပစ်အခတ်ရပ်ဆဲ ရေး အတုအယောင် ယာယီသာဖြစ်လို့ ယနေ့ ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ ကချင် နဲ့ ၇ှမ်း တွေအလူးအလဲ ခံစားနေရတာဖြစ်တယ်။
    ၇ှမ်းအမျိုးသမီး ပျိုတွေကို မုဒိမ်းကျင့် တာ ဗမာစစ်သားတွေပဲ ဆိုတာ မမေ့လိုက်နဲ့။
ဲပြီးတော့ ရှမ်းအမျိုးသားတွေကို အကြံပေးချင်ပါတယ်..." တစ်ခါသေဖူး ပျဉ်ဖိုးနားလည် " တဲ့..
    ခေါတ် အဆက်ဆက် ရှမ်းတွေကို အထက်စီးကနေပြီး ဆက်ဆံလာ တာ ဗမာတွေဆိုတာ မမေ့ နဲ့။
    ပင်လုံစာချုပ် လက်မှတ်မထိုးခင် ဗမာတွေအကြောင်းကောင်းကောင်းသိတဲ့ ရှမ်းစော်ဘွား တွေက ပင်လုံစာချုပ် ကို အသည်းအသန် ငြင်းဆန်ခဲ့တယ် ဆိုတာ ရှမ်းသမိုင်းပညာရှင်တွေ ကို သေချာအောင်မေးကြည့်ကြပါ။
    ကချင်နဲ့ ချင်း တွေအတွက်တော့ ပင်လုံစာချုပ်အပေါ် ဥပမာပြောရရင် ရုပ်ကိုပဲ ကြည့်ပြီး လက်ထပ်ခဲ့တာ၊ မင်္ဂလာဦးည အစပိုင်းလေးတော့ အဆင်ပြေသေးတယ်။ ကိုယ်က နဲနဲ လေးကြမ်းလိုက် တော့ ထွက်လာတဲ့ အသံ " အမေလေး" အခြောက်ကြီး ။သွားပါပြီ တိုင်းရင်းသားတွေရဲ့ ဘ၀ကတော့ မျိုးကန်းတော့မယ်။
    ဒီအခြောက်နဲ့ ဆက်ပြီး ဘ၀လက်တွဲမလား ၊ လမ်းခွဲမလားဆိုတာ တိုင်းရင်းသားတွေကိုယ် တိုင်ဆုံးဖြတ်ချက်ချရမယ့် အချိန်တန်နေပြီ။
    တိုင်းရင်းသားတွေထဲမှာ နိုင်ငံရေး သံတမန် ရေးရာမှာ ပိုပြီး ကျွမ်းကျင်တာက ရှမ်းအမျိုးသားတွေဖြစ်တယ်။ ရှမ်းတိုင်းရင်းသားတွေမှာ အဓိက လိုအပ်နေတာ က ရှမ်းအမျိုးသားစည်းလုံးရေး ဖြစ်တယ်။
    ပြီးတော့ ဗမာကလွဲလို့ အခြားတိုင်းရင်းသားတွေကို အပြည့် အ၀ယုံကြည်ပါ။
    တိုင်းရင်းသားတွေအားလုံးက စီးတဲ့ဖောင်ချင်းသာ မတူပေမယ့် အားလုံးက လမ်းကြောင်းတစ်ခု ထဲမှာပဲ ဆင်းနေကြတာပါ။
    ဗမာတွေက သင်္ဘောစီးပြီး လူစွာကြီးလုပ်နေ ပေမယ့် ငါတို့ ဖောင်တွေအားလုံးစုလိုက်မယ်ဆိုရင် ဗမာတွေ စီးတဲ့ သင်္ဘောကြီးက ငါတို့ကို လာ တိုက်ရဲ တော့ မှာမဟုတ်ဘူး။
    ဒီချိန်မှာ ရှမ်းတွေ KIO ကိုတိုက်ခိုက်နေလို့ ရှမ်းအမျိုးသားတွေလွတ်မြောက်မှာ မဟုတ် ဘူး ဘာကြောင့်လည်းဆိုတော့ ရှမ်းတွေရဲ့ အခွင့်ရေးကို ချုပ်ကိုင်ထားတာ က ဗမာအစိုးရဖြစ်နေလို့ပဲ ဖြစ်တယ်။
ဲ့ပြီးတော့ အရက်ဆိုင်ဖွင့်၊ ကာရာအိုကေဆိုင် ဖွင့် ပါမစ် ရရုံ လောက်နဲ့ ပျော်နေမယ့် အချိန်လည်းမဟုတ်ဘူး။ အေ၇းကြီးတဲ့ ရှမ်းဘာသာစကား နဲ့ ယဉ်ကျေးမှု ကို လွတ်လွတ်လပ်လပ် သင်ကြားခွင့် ရဖို့ ဗမာအစိုးရကိုတိုက်ပွဲဝင်ရမှာဖြစ်တယ်။
    ကချင်ပြည်နယ်မှာ ဗမာအစိုးရရဲ့ နိုင်ငံရေး ကစားကွက်က တိုင်းရင်းသားအချင်းချင်း ရန်တိုက်ပေး တဲ့ဗျူဟာသို့ ပြောင်းလာပြီလို့ ယူဆရတယ်။
    ကချင်မျိုးနွယ်စု ရ၀မ် နဲ့ လီဆူး ကျတော့ ကိုးကွယ်တဲ့ဘာသာကြောင့် သွေးထိုးမှုထင်သလောက်မပေါက်ရောက်တော့ဘူး။
    အေးလေ ဗမာတွေ မီးရှို့ ဖျက်ဆီးခဲ့တဲ့ church က ၆၀ ကျော်နေပြီဆိုတော့ ဗမာတွေကို သိုးရေခြုံထားတဲ့ဝံပုလွေ မှန်း သိနေေ၇ာပေါ့။
    အဓိက ရိုးသားတဲ့ ရှမ်းတိုင်းရင်းသားတွေဆီကို ၉၆၉ အစွန်းရောက်ဘုန်းကြီးတွေမ၀င်လာပါစေနဲ့ လို့ပဲဆုတောင်းပေးနေပါတယ်။
    (မှတ်ချက်။ ။ ကချင် နှင့် ရှမ်း စည်းလုံးလျှင် တောင်ပေါ်ဒေသ နဲ့ ဗမာ ဘာမှမဆိုင်ပါ)
    ReplyDelete
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။