Wednesday, July 3, 2013

တရုတ်ပြည်သို့ ကျွဲ၊နွားများ ရောင်းချမှုသည် တနေ့ အကောင်(၈၀)ခန့်ရှိ။

(Kachinwaves)

ကျွဲ၊နွားများအား တရုတ်ပြည် သို့ ရောင်းချ လျှင် ဈေးကောင်း ရရှိသော ကြောင့် မြန်မာနိုင်ငံ အနှံမှ ကျွဲ၊နွားများကို ကချင်ပြည်နယ် လိုင်ဇာမြို့မှတဆင့် နေ့စဉ် ပျှမ်းမျှအကောင် (၈၀)ခန့်နေ့စဉ်ပို့ဆောင် နေ လျှက်ရှိကြောင်းသတင်းရရှိသည်။

“အခုတော့ သိပ် မဖြတ်ကြတော့ ဘူး။ တစ်နေ့ ၇၀ ၊ ၈၀ ကောင်လောက် ပဲရှိတော့ တာ။ အရင်ကတော့ များတယ်။” ဟု ကေအိုင်အို ထိန်း ချုပ်နယ်မြေရှိ ဂိတ်တစ်ခုမှ ကေအိုင်အို ၀န်ထမ်းတစ်ဦးကဆိုသည်။


ကချင်ပြည်နယ် ၀ိုင်းမော်မြို့ တ၀ိုက်မှ လိုင်ဇာမြို့ တရုတ်ပြည်နယ်စပ်သို့ ရောက် ရှိလာအောင် လမ်းပေါ်တွင် အဖွဲ့အစည်းများမှ ကောက်ခံသည့် ဂိတ်များတွင် ဂိတ်ကြေး ကျွဲ၊နွားတစ်ကောင်လျှင် ၆ သောင်းခန့် ပေးဆောင်ရကြောင်းလည်းသိရသည်။

ကေအိုင်အိုဘက်ကိုမှု တရားဝင် သတ်မှတ်ထားသည့် ဈေးနှုန်းအတိုင်းပေးဆောင်ရကြောင်းသိရသည်။ မြန်မာအစိုးရ မှကောက်ခံသော ဂိတ်များတွင်မူ ၂ သောင်းကျော်ခန့်ပိုပေးရပြီး ကျန် ၃သောင်းကျော်အား ကေအိုင်အိုဘက် သို့ပေးရခြင်းဖြစ်ကြောင်းလည်း နွားကုန်သည်များကပြောသည်။

“ဒီကို ကျွဲ၊နွားလာရောင်းတဲ့အဖွဲ့က ၁၀၀ တောင်မကဘူးထင်တယ်။ အများကြီးပဲ။ ကျွဲ ကြီးတစ်ကောင်း ကျပ်ငွေ ၂၅ သိန်းအထိ ပေါက်တယ်။ ဂိတ်ကြေးကတော့ တစ်ကောင်ကို ၆ သောင်းလောက်ပေးရတယ်။” ဟု ကျွဲးနွားကုန်သည် တစ်ဦးကဆိုသည်။

ကျွဲ၊နွားများအား အခု တောလမ်းတစ်လျှောက်မှလိုင်ဇာထိ သွားရောက်ခဲ့မှုကြောင့် ကချင်ပြည်နယ် ၀ိုင်းမော်မြို့ မှ ဆမ်ပိုင်၊ ဆမ်ပိုင်မှ တဆင့် လိုင်ဇာ သို့ ပေးပို့လျှက်ရှိသည်။

“အခုကကျွန်တော်တို့ရွာမှာ ကျွဲ၊နွားတွေတောင် သိပ်မရှိတော့။ လယ်လုပ်တာတောင်စက်နဲ့ပဲ လယ်ထွန်လာတာများလာပြီ။” ဟု ၀ိုင်းမော်မြို့နယ် အောင်မြေ(၂) မှ ကို ယော်ဆမ်က ဆိုသည်။

လယ်ယာမြေများ ထွန်ယက်ဖို့ ရန် ခိုင်းနွားရှားပါးမှု များဖြစ်ပေါ်လာနေကြောင်း သို့သော်လည်း မိသားစု စားဝတ်နေရေး အခက်အခဲ များကြောင့် ဈေးကောင်းရသည့် တရုတ်ပြည်ဘက်သို့ ခိုင်းနွားများကို သွားရောက်ရောင်းချ ရခြင်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။