Friday, July 5, 2013

ဖင်ပြောင်ကြီးနဲ့ ဘုရင်ကြီးဟေ့ (အပိုင်း ၁)

(Minmaha bagan fb page)


တိုင်းမသိလျှင် ဗာရာဏသီ မင်းမသိ လျှင် ဗြမဒ္ဒတ ဆိုရိုးရှိ သလားပဲ ကျန်ာကတော့ တိုင်းပြည် ကိုတော့  မြန်မာပြည် မင်းမသိ လျှင် ပုဂံမင်း ဆက် (မင်းကြီး ဆော် ခက်) ဟု အမည် ပေး ပါအံ့၊
နှစ်မည်မျှကြာခဲ့လေပြီတော့ မသိရ ဆရာကြီး ဒေါက်တာသန်းထွန်း မရှိတော့ပြီမို့ ကျနော် တဦးတည်း ဗိုလ်ကျပြီး ယခု သမိုင်းအားရေးချလိုက်သည်။

ပုဂံမင်းဆက် ပေါင်း ၂၀၀ ကျော် ထဲတွင် မင်းတပါးဖြစ်သော မင်းကြီး ဆော်ခက် နန်းတက်သော ကာလဖြစ်၏။ ပုဂံမင်းမှ မင်းငပေါ ဖိုးသီပေါအထိ ပြည်သူ၏ အကြပ်တည်းများအား စနစ်တကျ ဖြေရှင်းပေးခြင်း မရှိသလောက်ပင် ဖြစ်သည်။

၎င်းတို့၏ ဖြေရှင်းပုံများသည် မှတ်သားဖွယ်ကောင်လေ၏. အိမ်မက်အရသော်၎င်း စိတ်ကူးအရသော်၎င်း ၊ ယာတြာယာအရသော်၎င်း သာ လုပ်ကိုင်ကြောင်း သမိုင်းအထောက်ထားများ ဒုနဲ့ဒေး ဘုံးဘောလအေား တွေ့ရသည်။
ယခုကျွန်ုပ်တင်ပြသော မင်းကြီး ဆော်ခက်သည်ကားလက်တွေ့ကျသော ဘုရင်တပါးဟု အနီးစပ်ဆုံးဆိုရပေမည်။ အကြောင်းမှာ မင်းကြီး ဆော်ခက် သည် တလတကြီမ် မည်မျှပင် အလုပ်ရှုပ်နေစေကာမူ တိုင်းခန်း လှည့်လည်လေ၏။

မင်းကြီး ဆော်ခက် တိုင်းခန်းလှည့်လည်လာသောအခါ ခရုသင်းစွဲနေသော ဆင်ဖြူကြီးအား စီကာ လှည့်လည်ပါသည်။ မင်းကြီးဆော်ခက် တိုင်းခန်း လှည့်လည်လာလျှင် စည်တော်ကြီး အကြိမ်ကြိမ်တီးခတ်ကာ လှည်နေလှေအောက် မြင်းစောင်းမကျန် တိုင်းပြည်သူပြည်သားများ ဖူးတွေ့ရန် ထွက်လာကြရ၏။ 

ယခုတကြိမ် မင်းကြီး ဆော်ခက် တိုင်းခန်းလှည့်လည်ရန် စည်တော် တီးလာလေပြီ တိုင်းပြည်သူပြည်သားများ အုံ့အော်သောင်းနှင်း တိုးဝှေ့ကာ မင်းကြီး ဆော်ခက်အား ဖူးတွေ့ရန် ထွက်လာကြသည်။ သို့သော် မင်းကြီး ဆော်ခက် တိုင်းပြည်သို့ ယခု တိုင်းခန်းလှည့်လည်လာသော အခါဝယ် မင်းကြီး ဆော်ခက်အား ထွက်တွေဖူးမျော်ခြင်းမရှိသော ယက်ကန်း သည်မလေး တဦး ရှိလေ၏ ။ ထိုယက်ကန်းသယ်မ လေးသည် သူမ၏ ယက်ကန်းစင်ပေါ်တွင်သာ ယက်ကန်း နှင်းခတ်နေလေသည်။
ထိုအခြင်းရာကို သိသော မတ်ကြီးတို့က မင်းကြီးအာ လျောက်တော်တင်ကြလေသောအခါ မင်းကြီးဆော်ခက် အမြက်ထွက်ပြီး ယက်ကန်းသယ်မလေးအားရှေ့တော်သို့ ယခုပင် ခေါ်ယူသွင်းဆောင်ရန် မိန့်လေသည်။

ယက်ကန်းသယ်မလေး ရှေ့တော်သို့ ရောက်လာသောအခါ မင်းကြီးမှ အသင် အဘယ်ကြောင်းကြောင့် ငါဘုရင်မင်းကြီး လာရောက်ဖူးတွေမှု မရှိသနည်းဟု မေးလေသည်။

ယက်ကန်းသယ်မလေးမှာ သူမ၏ တနေ့လုပ်မှ တနေ့စားရသော သူမ၏ ယက်ကန်းသယ် အခက်ခဲအကြောင်း တင်ပြလျောက်ထားလေသည်။ ထိုအခါ မင်းကြီး အသင် သည်မျှလောက်ပင် ငါဘုရင်အားဖူးတွေ့ဖို့ထက် အသင်၏ ယက်ကန်းအလုပ်က ပိုပြီး အရေးကြီးနေလျှင် ငါဘုရင်သင့်အားမိန့်တော်မှတ် ခိုင်းစေမည်ဟု ဆိုသည်။ ယက်ကန်းသယ်မလေးမှလည်း မိန့်တော် ခံယူရန် အသင့်ရှိကြောင်း လျောက်တင်လေ၏။

မင်းကြီးဆော်ခက်မှ ယက်မန်းသယ်မလေးအား ငါဘုရင်မင်းတို့ ၀တ်ဆင်လေ့ရှိသော အတောင်(၂၀)သော မင်းဘုရင်တို့၏ ခါးဝတ် ပုဆိုးအား အသင် တစ်လ အတွင်း လှပအောင် အသင်၏ စိတ်ကူးဖြင့် ယက်လုပ်ရမည်။ အသင် ယက်လုပ်သော ပုဆိုးဖြင့် ငါဘုရင် နောက်တကြိမ် ယခုကဲ့သို့ တိုင်းခန်း လှည့်လည်သောအခါ ၀တ်ဆင်ပြီး ကြွမြန်းလှည့်လည်မည်ဟု မိန့်တော် မူလေသည်။ 

ယက်ကန်းသယ်မလေးမှာလဲ ပြန်လည်ပြီးလျောက်တင်ခွင့် တောင်းခံလေသည်။ ဘုရင်ကြီးမှ ခွင့်ပြုသောအခါ ယက်ကန်းသည်မလေးက သူမအနေဖြင့် အလွန်တရာ အဖိုးထိုက်တန်ပြီး မင်းဘုရင်တို့ဆင်မြန်းလျှင် အသင့်တော်ဆုံးအကောင်းဆုံးဖြစ်သော တောင်၂၀ အရှည်ရှိသော ပုဆိုးအား ယက်လုပ်နိုင်ပါကြောင်းနှင့် သူမယက်လုပ်မည်ဖြစ်သော ၄င်းပုဆိုးအား ၀တ်ဆင်ရာတွင် ၅ ပါးသီလနှင့် ပြည်စုံသော သူများသာ မြင်ရတွေ့ရကြောင်းနှင့် ၀တ်ဆင်ခွင့်ရကြောင်း ပြန်လည်လျောက်တင်လေသည်။ 

ထိုအခါ ဘုရင်ကြီး ဆော်ခက်မှ ခန တွေဝေသွားပြီး နောက်ဆုံးတွုင် သူသည် ဘုရင်ဖြစ်ကြောင်း ငါးပါးသီလ သူ့တွင် ပြည့်လျံနေကြောင်း နှင့် အတောင်၂၀သော ပုဆိုးအား ယက်လုပ်စရာရှိသည်ကိုသာ ယက်လုပ်ပြီး သူ့အာ ဆက်သရန် မိတ်တော်ချမှတ်ကာ နန်းတော်သို့ ပြန်လေသည်။

မင်းကြီး ဆော်ခက် နန်းတော်သို့ ရောက်လေသောအခါ အရေးပေါ် နန်းတွင်း ညီလာခံ ခေါ်လေသည်။ 
မူးကြီးမတ်ကြီးများအား ဘုရင်ကြီးမှ ယက်ကန်းသယ်မလေး ပြောဆိုခဲ့သော စကားအားပြန်လည် စဉ်းစားပြီး ယက်ကန်းသယ်မလေး အားစောင့်ကြည့် ထောက်လှမ်းရန် ဆုံးဖြတ်ချက်ချလေသည်။

မူးကြီးမတ်ကြီးတို့သည် ဘုရင်ကြီး၏ အမိန့်အတိုင်း ယက်ကန်းသယ်မလေး နေထိုင်ရာ ရွာထိပ်သို့သွားရောက်ထောက်လှမ်းကြီလေသည်။ ယက်ကန်းသယ်မလေးသည် မူးကြီး မတ်ကြီးတို့ လာရောက်ထောက်လှမ်းမည်ကို သိသောကြောင့် သူမ၏ ယက်ကန်းစင်ပေါ်တွင်သာ ထိုင်ပြီး ၄င်းတို့ လာရာလမ်းသို့ လှမ်းကြည့်ကာ သူမ၏ ယက်ကန်းစင်ပေါ်တွင်ရှိသော ချည်လုံးချဉ်ငင်ထုံများ တခုမှပင် ချဉ်မျှင်များမထည့်ပဲ ယက်ခြေနှင်းကိုသာ တဂျုံးဂျုံးဖြင့် နှင်းနေလေသည်။ မူးကြီးမတ်ကြီးတို့ သူမ၏ ယက်ကန်း စင်အား စေ့စေ့စပ်စပ် အသေခြာပင် လှည့်လည် ကြည့်ရှု့ကြသော်လည်း မည်သည့်ချဉ်ငင် ချဉ်ထုံးမျှ အတွေ့ကြချေ။ သို့ဖြစ်ကာ မတ်ကြီးတဦးမှ သူ၏ ဘေးမှ မူးမတ်တဦးအား လက်ကလေးတို့ကာ သူအနေဖြင့် ဘာမျှမမြင်ကြောင်း တီးတိုးပြောလေသည်။ သို့သော် မူးမတ်မှ မတ်ကြီးအား မမြင်လျှင် ငါးပါးသီးလ ကျိုးပေါက်သောကြောင့် မမြင်ရတာဖြစ်ကြောင်း ပြောဆိုသောအခါ မူးကြီးမှ သူမြင်ပြီဖြစ်ကြောင်း မည်သို့ လှပ တင့်တယ် ခန့်ငြားသော ချဉ်မျှင်ချဉ်ထုံးများဖြင့် ယက်လုပ်နေသည်ဖြစ်ကြောင်း လိမ်လည်ပြောဆိုလေသည်။ ထိုသို့ဖြင့် မူးကြီး မတ်ကြီးတို့ နန်းတော်သို့ ပြန်သွားပြီး ဘုရင်ကြီးအား လျောက်တင်လေသည်။ သူတို့ ယက်ကန်းသယ်မလေး၏ ယက်ကန်းစင်သို့ ထောက်လှမ်းခဲ့ကြောင်း၊ ယက်ကန်းသယ်မလေးမှ အလွန်အံ့မခန်းဘွယ်အတိနှင့်ပြည်စုံသော မင်းခါးဝတ်ပုဆိုးကို ယက်လုပ်နေသည်ကိုမြင်တွေ့ကြောင်း လျောက်ထားလေသည်။

မင်းကြီးဆော်ခက်မှ စဉ်းစားလေ၏ ငါ၏အောက်တွင် တာဝန်ထမ်းနေကြသော အနုတ်စုပ်ဂုတ်စုတ် ကောင်တွေတောင် ယခု ယက်ကန်းသယ်မ ယက်လုပ်နေသော ပုဆိုးအား မြင်တွေရလျှင် ငါကရော အဘယ်ကြောင့် မြင်တွေ့နိုင်ခြင်း မရှိတော့မည်နည်းပင်ဖြစ်လေသည်။

ထိုသို့ဖြင့် မင်းကြီးအချိန်ပေးထားသော တစ်လ ပြည့်သောအခါ ယက်ကန်းသယ်မလေးမှာ သူမအသုံးပြုနေကြဖြစ်သော ကြေးလင်ပန်းချပ်တွင် ကပ်ကြေးတချောင်းတင်ပြီး ယက်လုပ်ထားသော အ၀တ်တန်စာ အရှင်းမရှိပဲ ဦးခေါင်းပေါ်တွင် ရွက်ကာ နန်းတော်သို့ သွားလေသည်။ နန်းတော် စောင့် တခါးမူးမှ ယက်ကန်းသယ်မလေး လာရောက်ကြောင်းနှင့် သူမ ယက်လုပ်ထားသော အတောင်(၂၀) ရှိသည့် မင်းခါးဝတ် တန်ဆာအား ဆက်ကပ်ရန် ရှိကြောင်းလျောက်တင်သောအခါ မင်းကြီးမှ ၀မ်းမြောက်ဝမ်းသာစွာ ၀င်ခွင့်ပြုလေသည်။

ယက်ကန်းသယ်မလေး နန်းတော်သို့ ကြေးလင်ပန်းချပ်ကို ဦးခေါင်းပေါ်တွင် တင်ကာ ဖြေးညှင်းစွာလျောက်ဝင်လေသည်။ နန်းတော်ထဲတွင် ရှိနေကြသော မူးကြီး မတ်ကြီးတို့သည်လည်း ယက်ကန်းသယ်မလေး၏ ဦးခေါင်းပေါ်ကိုသာ အလုယက် လှမ်းကြည့်ကြလေသည်။ သို့သော် ယက်ကန်းသယ်မလေး၏ ဦးခေါင်းပေါ်တွင် ကြေးလင်ပန်းတချပ်နှင့် ကပ်ကြေး တချောင်းမှလွဲကာ ဘာမှ မရှိပေ။ သို့ရာတွင် မတ်ကြီး မူးကြီးများက ၄င်းတို့ အံ့အားသင့်စွာ မြင်တွေ့နေရကြောင်းအား တဦးနှင့်တဦး တည်းတိုးပြောဆိုကာ ၄င်းတို့ အချင်းချင်း ငါးပါးသီလ မည်မျှ ပြည့်စုံကြကြောင်း ကြွားလုံး လိမ်လုံးများ ထုတ်နေကြသည်ကို ယက်ကန်းသယ်မလေမှ ကြားနေရပေသည်။


အပိုင်း(၂) အား ဆက်လက်ပြီး မနက်ဖြန်တွင် တင်ဆက်ပေးပါမည်
ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။