Thursday, July 4, 2013

ဗမာ စစ်တပ် ရဲ့ အသလွတ် ရန်ရှာ တိုက်နည်း ဗျူဟာ ဖြစ်ပါတယ်။

(Kachin Duwa)

သူများ ထိုင်နေတဲ့ နေရာ ကို ဖယ်ခိုင်းတယ် ဆိုတာကတော့ အရပ်စကား နဲ့ ပြောရ ရင် တော်တော် မိုက်ရိုင်းတဲ့ ဓလေ့ ဖြစ်ပါတယ်။

စစ်မတိုက်ပဲ ဖြေရှင်း တဲ့ နည်းတွေ မရှိတော့ ဘူးလား....  အဲလေ.. စစ်တိုက် ဖို့ပဲ သင်ထားတာကိုး..  နိုင်ငံ့ဘဏ္ဍအများဆုံး သုံးထားတဲ့ တပ် မတော်ကြီး ဆိုတော့ စစ်မတိုက် ရင် အလုပ်မရှိ။ စီမံ ကိန်းရှိမှ ပိုက်ပိုက် ရွှင်မယ်လေ။

အခု.. သူရဦး ရွှေမန်း ကြီးကတော့ လုံခြုံရေး ကောင်စီအစည်းအဝေး အပြီးမှာ ပြောချ လိုက်ပြီ။ တိုင်းရင်းသားတွေ လက်နက်စွန့်ရမယ်၊ လက်နက်ကိုင်ပြီး တော်လှန်တဲ့ခေတ် မဟုတ်တော့ဘူး၊ တဲ့။ လက်နက်မကိုင်ပဲ တော်လှန်ရင်ကော ရရိုးလား။

တော်လှန်ရေး ဆိုတာ အပြုတ်တိုက်ဖို့ မဖြစ်နိုင်မှန်းသိတဲ့ အင်အားကြီး အုပ်စု ရဲ့ လက်အောက်က လွတ်မြောက်အောင် ကြိုးစားခြင်း ဖြစ်ပါတယ်။ အဲဒီလို ကို တော်လှန်ရေး လို့ခေါ်တယ်။ တော်လှန်ဖို့ ကြိုးစားတဲ့ အခါ တော်လှန်ရေးသမားဆိုတာ အပြုတ်တိုက်လို့ နိုင်တာ၊ မနိုင်တာ ထည့်တွက်တာ မဟုတ်၊ နိုင်ငံ့ ဘဏ္ဍာမဖြုန်းရလေအောင် ဘယ်လို အဆင်ပြေအောင် ညှိနှုန်း အဖြေရှာမလဲ ဆိုတာသာ အဓိက ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဘယ် သူပုန် လက်နက်ကိုင်မှာ အပြုတ်မတိုက်နိုင်သလို၊ အစိုးရ ကိုလဲ မနိုင်မှန်းသိနေကြတယ်။ ဒါပေမယ့် မတော်လှန်လို့လဲ မရ။ လူမျိုး တမျိုး ရှင်သန် ရပ်တည် ဖို့ ဆိုတာ တရားမျှတမှု နဲ့ တန်းတူ အခွင့်အရေး ဆိုတာ မရှိမဖြစ်လိုအပ်လာတယ်။ လူမျိုးတခု ရပ်တည်ဖို့ လူတိုင်း၊ လူမျိုးတိုင်း အတွက် အရေးကြီးတာ ဦးဝီရသူ အဖွဲ့ ကောင်းကောင်း နားလည်ပါတယ်။

ကြည့်ကြသေးတာပေါ့။ နောက်ထပ် ရာစု နှစ် ဘယ်လောက် အဆင်းရဲခံပြီး တိုက်ကြမလဲ။

1 comment:

  1. ဒီဆောင်းပါးအတိုလေးကိုတော့မချီးကျူးဘဲမနေနိုင်တော့ပါဘူ။တိုတိုနဲ့ထိမိတယ်ဒူဝါရယ်။ဆက်ရေးပါအုန်း။

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။