Tuesday, July 2, 2013

တိုင်းရင်းသား လက်နက်ကိုင်များ စည်းရုံးဖို့အချိန်တန်ပြီ

(Jinghpawkasa)

မြန်မာလွတ်တော် ဥက္ကဌ သူရရွှေမန်း၏ တိုက်တွန်ချက်အရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးကို ဇူလိုင်လ (၂) ရက်နေ့တွင် အရေးတကြီးပြုလုပ်ခဲ့ရပါသည်။ မကျင်းပတာ ကြာပြီ ဖြစ်သော ဤကာလုံ အစည်းအဝေးကြီးကို အဘယ်ကြောင့် အရေးတကြီး ခေါ်ယူ ကျင့်ပရပါသနည်း။ အဖြေသည်ကား ရှင်းရှင်းလင်းလင်းပင် တွေ့ဖြစ်နေရပါသည်။

ယခုအချိန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စစ်ရေး အသင့်အနေအထား ရှိဖို့ရန် အထူးအရေးကြီးသော အချိန်သို့ ကျရောက်နေပါပြီ။ မြန်မာအစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ထင်သလောက် အောင်မြင်မှု မရရှိသောကြောင့် နိုင်ငံသကာတွင် မျက်နှာပူနေရပါသည်။ ယခုအချိန် မြန်မာအစိုးရ၏ အလိုလားဆုံး ဆန္ဒမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုရေးပင်ဖြစ်ပါသည်။ အကြောင်းရင်းမှာ ဤစာချုပ်ဖြင့် နိုင်ငံတကာ လှည့်လည် လိမ်ညာကာ အခွင့်ကောင်းယူ တောင်းစားလိုသော ကြောင့်ဖြစ်ပါသည်။ မြောက်ပြဆန်တောင်း လုပ်ဖို့ ကြံစည်နေတာပဲ ဖြစ်ပါတယ်။

မြန်မာအစိုးရ၏ စီးပွားရေးလမ်းဖွင့်ပေးမှုကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နံရန် စိတ်ဝင်စားသော်လည်း မြန်မာပြည်တွင်း ပြည်တွင်းစစ်များ ဆက်လက်ဖြစ်ပွားလျက်ရှိကာ မငြိမ်မသက် ဖြစ်နေမှုကြောင့် လာရောက် ရင်းနှီးမြုပ်နှံရန် တွန့်ဆုတ်နေကြပါသည်။ နောက်တစ်ခုက လာမဲ့ ၂၀၁၄ မှာ မြန်မာနိုင်ငံဟာ အာဆီယံ ဥက္ကဌ ရာထူးကို ရယူရမှာဖြစ်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ အာဆီယံ ဥက္ကဌ ရာထူးနဲ့ လွှဲချော်သွားမှာကို အထူးစိုးရိမ်လျှက်ရှိပါတယ်။ အရင် တစ်ခါလည်း ဒီရာထူးနဲ့ လွှဲချော်ခဲ့ဖူးတော့ ခုတခါမြန်ပြီး လက်လွှတ်လိုက်ရမှာကို ကြောက်ရွှံ့နေပါတယ်။ မြန်မာပြည်တွင် ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွါးနေပါက မြန်မာအစိုးရအတွက် အာဆီယံ ဥက္ကဌ ထိုင်ခံဟာ ခပ်လှုပ်လှုပ်ဖြစ်နေဆဲပါ။ ဒါကို မြန်မာအစိုးရက လိုလားဟန်မရှိပါဘူး။ အာဆီယံ ဥက္ကဌ ရာထူးကို ဒီတစ်ခါ ပြန်လက်လွှတ်လိုက်ရရင် မြန်မာအစိုးရအတွက် မဟာ အဆုံးအရှုံးကြီးပဲဖြစ်ပါတယ်။ 

အဲဒါတွေကြောင့် မြန်မာအစိုးရဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို မရရတဲ့နည်းနဲ့ ငြိမ်းချမ်းရေး စားချုပ်ချုပ်ဆိုဖို့ ကြိုးစားလာနိုင်ဖွယ်ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို အခွင့်အရေးတွေ အမျိုးမျိုးပေး၊ စီးပွားရေးလ်ုပကိုင်ခွင့်တွေချပေ၊ တိုင်းရင်းသားများတောင်းဆိုတဲ့ အခွင့်အရေး အနည်းအကျည်းကို ချပေးပြီး စည်းရုံးသိမ်းတွင်း လာမှာ ဧကန် မုချ မလွှဲပါဘူး၊ အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ ဆိုသလို့ မြန်မာအစိုးရကလည်း စည်းရုံးလို့မရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများကို အင်အားသုံးပြီး ပြန်လည် ပြန်လည် တိုက်ခိုက်လာနိုင်ပါတယ်။ ဒါဟာ မြန်မာအစိုးရရဲ့ နောက်ဆုံးအဆင့် အကြံကုန် ဂဠုန်ဆားချက် နည်းစနစ်ပဲဖြစ်ပါတယ်။ 

ဒီလို မြန်မာအစိုးရချပေးမဲ့ အနည်းငယ်မျှသော အခွင့်အရေးကို မက်မောပြီး ငြိမ်းချမ်းရေးလက်မှတ် ထိုးမိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ဘယ်တော့မှ နာလန်ပြန်ထူးနိုင်တော့မှာ မဟုတ်ပါဘူး။ မြန်မာအစိုးရရဲ့ ယုတ်မာတဲ့ သဘောထားအမှန်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတိုင်း အမှန်တိုင်း သိမြင်ပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်ရပါလိမ့်မယ်။ မြန်မာအစိုးရရဲ့ သူခိုးကျင့် သူခိုးကြံ အကြံအစီများကို ယုံစားနေမဲ့အချိန်မဟုတ်တော့ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်း အရင်းကထက် ပိုမိုးစည်းလုံးပြီး မနီးတော့တဲ့ စစ်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ဖို့ အချိန်ကျရောက်နေပါပြီ။ မြန်မာအစိုးရ၏ ယုံတမ်းစကားများကို ယုံကြည်နေမဲ့အစား ကိုယ့်အဖွဲ့အစည်း အတွက် လုပ်စရာရှိတာများကို တစိုက်မတ်မတ်လုပ်ဆောင်သွားရန် အရေးကြီးသော အချိန်သို့ ကျရောက်နေပါပြီ။

ယခုအခါ "၀" အဖွဲ့အစည်းများနှင့်လည်း စစ်ရေးတင်းမာမှုများ တစ်နေ့တစ်ခြား ပိုမိုးများပြားလာနေသည်ကို တွေ့မြင်နေရပါသည်။ ဤ "၀" အဖွဲ့အစည်းသည် မြန်မာအစိုးရ၏ အထူးအခွင့်အရေး ပေးခံရသော အဖွဲ့အစည်းဖြစ်ပါသည်။ အခွင့်အရေး သာလာသည်နှင့် အမျှ "၀" အဖွဲ့အစည်းကို အမျိုးမျိုး အကျပ်ကိုင် ခြိမ်းခြောက်လာနေပါသည်။ ဤသည်ကား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို ခြိမ်းခြောက် ခြင်းပင်ဖြစ်ပါသည်။ 

ကေအိုင်အိုအစိုးရနှင့် မြစ်ကြီးနားမြို့ပေါ်တွင် တွေ့ဆုံး ဆွေးနွေးစဉ်က ဂတိတွေ အထပ်ထပ်ပေးပြီး ဆွေးနွေးပွဲ ပြီးဆုံးပြီး မကြာပြီး ကေအိုင်အေနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ပွဲများ နေ့စဉ်ရက်ဆက် ပြန်လည် ဖြစ်ပွားခဲ့ပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာအစိုးရ အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် စစ်မှန်သော ငြိမ်းချမ်းရေးကို လိုလားတာမဟုတ်ပဲ သူတို့လိုချင်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး စားချုပ်ချုပ်ဆိုနိုင်ရေးကို ကျိုးပမ်းနေခြင်းသာ ဖြစ်ကြောင်း လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား ပေါ်လွင်လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။

နော်မွတ်

1 comment:

  1. "ဗမာမျိုးစောင့် ဥပဒေ (၀ါ) ထမီစောင့်ဥပဒေ"
    *******************************

    ခရစ်ယာန် ကျမ်းစာမှာဖော်ပြထားတယ် "ကိုယ်၌ပြုစေချင်သော အရာကိုသူတပါးအားပြုလော့" ..
    ဗမာစကားပုံ ရှိတယ် သင်ကောင်းလျှင် ကျွနုပ် မဆိုးပါတဲ့ ...
    ကိုယ်ကိုယ် တိုင်က သူတပါးအမျိုးသားရေးကို ပေါ်တင်ဖျက်ဆီးနေပြီး ၊ သူတပါးကိုးကွယ်တဲ့ဘာသာတရားကို စော်ကားနေပြီးတော့ ကိုယ့်ကို လုပ်လာမှာကို တော့ ကြောက်ရွှံ့နေမယ်ဆိုရင် ထမီကိုသာ ခေါင်းမီးခြုံ ပြီး သေလိုက်တာ ကမှပိုပြီးမြင့်မြတ်ပါလိမ့်မယ်လို့ အကြံပြုချင်ပါတယ်..
    ကြီးလာမှသဘောပေါက်တယ် ကမ္ဘာမှာ မလေ့လာသင့်တဲ့ မဖတ်သင့်တဲ့ သမိုင်းမှာ မြန်မာ့သမိုင်းက ထိပ်ဆုံးကပါတယ်..
    ဒီစကားကို မပြောသင့်မှန်းသိပေမယ့် ဦးအောင်သောင်း၊ ဦးအောင်မင်း တို့လို အရှုးချီးပန်းလိုက်ပြောနေတယ်လို့မထင်နဲ့...
    လွတ်လပ်ရေးရပြီးချိန် ၁၉၄၈ မှ ယနေ့ပစ္စုပ္ပန် မြန်မာနိုင်ငံရဲ့ သမိုင်းကို သုံးသတ်ကြည့်ပြီးပြောလိုက်တာ..
    မင်းမှာသစ္စာ လူမှာကတိ တဲ့။ အကယ်၍ ဗမာတွေသာ ယောက်ျားကောင်း ပီသခဲ့မယ်ဆိုရင် တိုင်းရင်းသားတွေနဲ့ ကတိက၀တ်ပြုခဲ့ တဲ့ ပင်လုံစာချုပ်ကို အသက်ထက်တောင်တန်ဖိုးထားရမယ်..
    ရှင်းရှင်းပြောရရင် အင်္ဂလိပ်တွေ သာ ဗမာတွေလို အခြောက်စိတ်ဓါတ် ရှိခဲ့မယ်ဆိုရင် မြန်မာနိုင်ငံ လွတ်လပ်ရေးရစရာ အကြောင်းမရှိဘူး။
    မဆလ နဲ့ စစ်အစိုးရလက်ထက်အဆက်ဆက် တိုင်းပြည်ကို ကုန်းကောက်စရာမရှိအောင်ဖျက်စီးခဲ့တယ်...
    တိုင်းရင်းသားတွေကို အမျိုးမျိုး လှည့်ဖြားခဲ့ တယ်။
    အခြောက်ကတိပေး ပြီး ခွေးဇာတ်ခင်းခဲ့တာ တွေမြန်မာ့သမိုင်းမှာ တွေ့နိုင်ပါ့မလား။
    ဒီလိုပဲ အရင်က မြန်မာ့သမိုင်းတွေလည်း ဒီလိုပဲဖြစ်မှာသေချာတယ်။
    သိရသလောက် ရခိုင် နဲ့ မွန်တွေက ကိုယ့်မင်းကိုယ့်ချင်း နဲ့ အင်အားကြီးပြီး ရိုးသားကြတယ်။
    သေချာတာက လက်ရှိဗမာတွေရဲ့ စရိုက်အတိုင်း သူတပါးရဲ့ ရိုးသားမှုနဲ့ ယုံကြည်မှုကို အခွင့်ကောင်းယူသွားပုံရတယ်။
    ပြီတော့ မြန်မာ့သမိုင်းမှာ ဗမာ့သူရဲကောင်း ဗမာ့အခြောက်စိတ်ဓါတ်တွေကို အမွမ်းတင် ရေးထားမယ်လို့ ယူဆရတယ်။
    အခြေအမြစ်မရှိ ဗမာအစွန်းရောက် တချို့က ပြောသေးတယ် ခရစ်ယာန်ဘာသာကြောင့် တိုင်းရင်းသားတွေနဲ့ ခုချိန်ထိစစ်ဖြစ်နေရတယ် တဲ့။
    ဒါပေမယ့် ကချင်တွေကတော့ ဒီလိုတုန့်ပြန်လိုက်တယ်။
    အနော်ရထာ၊ ကျန်စစ်သား၊အလောင်းဘုရား၊ဘုရင့်နောင်၊မင်းတုန်းမင်း၊သီပေါမင်း ၊ အခြောက်မင်း..... ဘယ်ဗမာဘုရင်ကို မှမသိဘူး ..တစ်ခုရှိတာက ကချင်တွေရဲ့တောင်ပေါ်ဒေသကို ကျူးကျော်လာမယ်ဆိုရင် ဗမာတွေကို ကျွန်ပြုခဲ့တဲ့ နေမ၀င်၊လမ၀င်၊ကြယ်မ၀င် အင်ပါရာအရှင်သခင်ကိုလည်း ရွှံ့ရွှံ့ချွန်ချွန်တိုက်ခိုက်သွားမှာပဲ။
    ဘာသာတရား နဲ့ပတ်သက်လို့ ဘယ်ဗုဓ္ဒဘာဘာသာဘုန်းကြီးက ကချင်လူမျိုးတွေကို အနစ်နာခံ သာသနာပြုခဲ့ဘူးလို့လဲ။
    သာသနာပြုတယ်ဆိုတာ လူတွေကို အပါယ်ငရဲက တကယ်လွတ်မြောက်စေချင်လို့ တကယ်ချစ်မှ ပြုလို့ရတယ်။ နိုင်ငံရေး အရအသာစီးချင်တဲ့ ရည်ရွယ်ချက်သာဆိုရင် အဲဒီသာသနာလည်းပျက်စီးသွားမှာပဲ။
    လက်ရှိမြန်မာပြည်ရဲ့ ဗုဓ္ဒဘာသာ ကို အစိုးရ ကြိုက်သလိုခြယ်လှယ်နေမှတော့ သသနာပျက်ပြီပေါ့ကွာ...
    ခုလည်းလာပြန်ပြီ ဗမာမျိုးစောင့်ဥပဒေ၊ ဒီလောက်ကြောက်၇ွှံ့နေရင် ဗမာလုပ်မနေကြနဲ့။
    ဒီအဖြစ်ပျက်တွေကို ကြည့်ခြင်းအားဖြင့် ဗမာတွေက မိမိကိုယ်ကို ယုံကြည်မှု အားနည်းပြီး
ဲပြသနာကို လွယ်လွယ်ပဲ ဖြေရှင်းချင်တယ် လို့ယူဆတယ်။ နောင်ခါလာ နောင်ခါဈေးပေါ့ ။
    ဒါပေမယ့် တိုင်းရင်းသားတွေကတော့ မိတ်ဆွေကောင်းမပီသ တဲ့ သူ၊ ကတိမတည် သစ္စာမရှိတဲ့ ဗမာတွေနဲ့ ထမီစောင့်ပြီးအချိန်ဖြုန်းနေတော့ မည်မဟုတ်ပါ။

    (မှတ်ချက်။ ။ တိုင်းရင်းသားတိုင်းသည် ထမီကို ကျော်ပြီး ကမ္ဘာကို ရင်ဘောင်တန်းမည်။)

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။