Thursday, June 13, 2013

နိုင်ငံရေး ဆွေးနွေးပွဲ စတင်ရန် အစိုးရအား UNFC အကြောင်းကြား

(ရွှေဟင်္သာသတင်းဌာန)

စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC) သည် အစိုးရနှင့်  နိုင်ငံရေးအရ ဆွေးနွေးရန် အဆင်သင့် ဖြစ်နေပြီး ဖြစ်ကြောင်းပီးခဲ့သည့် ရက်ပိုင်းက အကြောင်းကြား ခဲ့ပြီး ဖြစ်သည်ဟုပြောရေး ဆိုခွင့်ရှိသူ ပဒို ဒေးဗစ်တာကပေါက ဆိုပါသည်။ 

အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီကလည်း တွေ့ဆုံမည်ဟု အကြောင်းပြန်ကြား ခဲ့သ်ာလည်းနေ့ရက်နှင့် နေရာကိုမူမသတ်မှတ် နိုင်သေးကြောင်းမြန်မာ့  ငြိမ်းချမ်းရေး စင်တာမှဒေါက်တာ ဇော်ဦးက ဆိုပါသည်။


UNFC သည်အစိုးရနှင့်နိုင်ငံရေး ဆွေးနွေးပွဲမကျင်းပမှီနှစ်ဖက် ယုံကြည်မှု တည်ဆောက်နိုင်ရန်လိုလားနေသည်ဟုဆိုပါသည်။ဤသို့ကြောင့်ဆွေးနွေးပွဲ အကြိုညှိနှိုင်းပွဲကို KNU အတွင်းရေးမှူး () ဖြစ်သူ ပဒိုမန်းမန်းဦးဆောင်သာအဖွဲ့အားဖွဲ့စည်းထားပြီးဖြစ်ပါသည်။အကြို ညှိနှိုင်းပွဲကိုလည်း UNFC နှင့်အစိုးရတို့၏လာမည့် ဆွေးနွေးပွဲအတွက်ချမှတ်ထားသင့်သောမူဘောင် သတ်မှတ်ရေး ကိစ္စကိုညှိနှိုင်းမည်ဖြစ်သည်။

UNFC သည် KIO နှင့် အစိုးရတို့တွေ့ဆုံ ဆွေးနွေးကြပြီးမှအစိုးရနှင့် နိုင်ငံရေးအရဆွေးနွေးရန်ဆုံးဖြတ်ထားခဲ့ပါသည်။ဤသို့ကြောင့် KIO နှင့် အစိုးရတို့မေလ (၂၉) ရက်နေ့တွေ့ဆုံပြီးနောက်ပိုင်းအစိုးရနှင့် တွေ့ဆုံဆွေးနွေးရန်ဖြစ်လာခဲ့ပါသည်။

UNFC သည်အစိုးရနှင့်ဆွေးနွေးရမည့်မူဘောင်ကိုလည်းသတ်မှတ်ထားပြီးဖြစ်သည့်အတွက်မဆွေးနွေးမှီအစိုးရကိုယ်စားလှယ်များနှင့်ယုံကြည်မှု တည်ဆောက် လိုကြခြင်းဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။