Monday, June 3, 2013

KIO ကိုယ်စားလှယ်များအား လိုင်ဇာဒေသခံများ (၄) ထောင်ခန့်ကြိုဆို

(Jinghpawkasa)

မြစ်ကြီးနားမှ ယနေ့ ဇွန် ၁ ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်ပြီ ထွက်ခွာလာသော KIO ကိုယ်စားလှယ်များ ညနေ (၃) နာရီခန့်တွင် လိုင်ဇာမြို့သို့ရောက်ရှိကာ ဒေသခံများ (၄) ထောင် ခန့်အားပါးတရ ကြိုဆိုခဲ့ကြသည်။

KIO ကိုယ်စားလှယ်များမှ လည်း ဒေသခံများနှင့် တွေ့ဆုံကာ ဆွေးနွေးပွဲရလာဒ်များအား ရှင်းလင်းပြောပြခဲ့သည်။

မြစ်ကြီးနားမှ ယနေ့ ဇွန် ၁ ရက်နေ့ နံနက် ၉ နာရီခန့်မှ စတင်ပြီ KIO ဆွေးနွေးပွဲ ကိုယ်စားလှယ်များအား ကုလအထူးကိုယ်စားလှယ် Mrs. Maria၊ လွတ်တော်အမတ် နှစ်ဦး ဦးခက်ထိန် နန် နှင့် ဒေါ်ဒွဲဘူ၊ PCG အဖွဲ့၊ ကချင်ရပ်မိရပ်ဖများနှင့် ကချင်လူငယ်များ အင်းအား ၈၀၀ ခန့်သည် နမ်ဆန်ယန်အထိ လိုက်လည်လိုက်ပို့ခဲ့ကြသည်။

လူငယ်များမှာ မြစ်ကြီးနားမှ ဆိုင်ကယ်အောင်မြေ (၂) အထိလိုက်ပို့ ခဲ့ပြီး ကချင်ရပ်မိ ရပ်ဖအချို့ မှာ နမ်ဆမ်ယန်အထိ ကားများဖြင့် လိုက်လည် လိုက်ပို့ခဲ့သည်။ မြစ်ကြီးနားမြို့မှ အောင်မြေ (၂) အထိ လမ်းတစ်လျှောက် ဒေသခံများ စောင့်ကြို နှုတ်ဆက်ခဲ့ကြသည်။ မြစ်ကြီးနားမြို့မှဆိုင်ကယ်အစီးရေ (၃၀၀) ခန့်နှင့် ကားအစီးရေး (၁၀၀) ခန့်ရှိသော ကားတန်းများဖြင့် မြစ်ကြီးမှ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။