Tuesday, June 11, 2013

KIA နှင့် အစိုးရ တပ်တို့ကြား အောက်ခြေ ထိတွေ့ တိုက်ပွဲများ ရှိနေဆဲ

(ရွှေဟင်္သာသတင်းဌာန)

ရက်သတ္တ တစ်ပတ်ခန့်  KIA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့အကြား ထိတွေ့ တိုက်ပွဲများ ရပ်ဆိုင်း နေရာမှ  ယမန်နေ့တွင်တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံဗိုလ်မှူးကြီး ဂျိမ်းလွန်တောင်မှ ပြောသည်။ 

တိုက်ပွဲက ၉ ရက်နေ့ နဲ့ ၁၀ ရက်နေ့နှစ်ရက် ဖြစ်ပါတယ်၊ နေရာက တပ်မဟာ (၄) မှာပါ။ တိုက်ပွဲက () နာရီလောက် ကြာတယ်။ အဲဒီနေရာက အခြား နေရာ တွေထက် ထိတွေ့ဖို့ လွယ်တယ်၊ အဲဒီ နေရာမှာရှမ်းတပ်လည်း ရှိတယ်၊ ပလောင်တပ်လည်း ရှိတယ်၊ ကျွှန်တော်တို့ ကချင်တပ်လည်း ရှိတယ်၊နှစ်ဖက် ညှိနှိုင်းမှု မပြေလည် သေးတဲ့ ကာလမှာ အောက်ခြေ အဖွဲ့တွေ ကြားမှာ တိုက်ပွဲဖြစ်တာက မဆန်း ပါဘူးဟု ဆိုပါသည်။

 
ယင်းတိုက်ပွဲသည် ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် (ပန်းဆိုင်း ကြူကုတ်) ဒေသ ဖိုင်းကောင်း ကျေးရွာ အနီးတွင် KIA  တပ်မဟာ (၄)၊ တပ်ရင်း (၃၆) တပ်ဖွဲ့ လက်အောက်ခံ ပြည်သူ့စစ် တပ်ခွဲ (၅) နှင့် အစိုးရခလရ ၁၂၈ တပ်ဖွဲ့ တို့အကြား ယမာန်နေ့  ညနေ ၂ နာရီခွဲမှ ၃ နာရီခွဲ အထိ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။ ထိုနေရာ ၌ပင် ဇွန်လ ၉ ရက်နေ့ ကလည်း တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသေးသည်။

တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အစိုးရ တပ်ဖွဲ့များသည် မူဆယ်မြို့နယ် ဖိုင်းကောင်းကျေးရွာ အနီး တဝိုက်ကို (၆၀ မမမော်တာ) များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖိုင်ကောင်း ဒေသခံတစ်ဦးမှ ဆိုပါသည်။

အဆိုပါ ဖိုင်းကောင်းကျေးရွာသည်  အစိုးရ တပ်ဖွဲ့တို့၏ စစ်ဆင်ရေးကြောင့် နေရပ် စွန့်ခွာခဲ့သူများ၏  ခိုလှုံရာ နေရာလည်းဖြစ်ပါသည်။

KIO နှင့် အစိုးရတို့သည် စစ်ရေး ထိတွေ့မှုများ လျှော့ချနိုင်ရန် ပြီးခဲ့သည့် မေလ (၂၉) ရက်နေ့ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဆွေးနွေးခဲ့ကြပါသည်။ ယင်းဆွေးနွေးပွဲတွင် နှစ်ဖက်ကြား ပစ်ခတ် တိုက်ခိုက်မှုများ လျော့ချပြီး တိုက်ပွဲများ ထပ်မံ မဖြစ်ပွားရန် တပ်နေရာ ချထားမှုများ ညှိနှိုင်း ဆောင်ရွက် သွားရန်တို့ ပါသော သဘောတူ ညီချက် (၇) ချက် ရရှိခဲ့သည်။

ထို့အပြင် အလားတူ ဆွေးနွေးမှုမျိုး တရားဝင် (၉) ကြိမ်နှင့် အလွတ်သဘော (၅) ခန့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ဖြစ်ပါသည်။ သို့သော်လည်းတိုက်ပွဲများသည် ယနေ့ အထိ ရှိနေဆဲပင် ဖြစ်ပါသည်။ KIO/KIA သည် ၁၉၉၄ ခုနှစ် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ကြ သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။