Sunday, June 23, 2013

KIA တပ်မဟာ ၄ နယ်မြေတွင် အစိုးရတပ် နှင့် KIA ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွား


23 June 2013 post by eedy News

ဇွန် ၂၂ ရက်နေ့ မနက် ၈ နာရီ အချိန်ခန့် တွင် ကေအိုင်အေ တပ်မဟာ ၄ လက်အောက် တပ်ရင်း ၈ နယ်မြေ မန်ဆဲ( Man Se ) နှင့် Byeng Bum ကြား ကေအိုင်အေ လက်အောက်ခံ ပြည်သူ့ စစ်များ နေရာချထားရာ နယ်မြေ သို့  မြန်မာအစိုးရတပ် ခလရ (၁၁၁) တပ်ဖွဲ့ ဝင်အင်အား (၁၀၀)ကျော် စစ်ကြောင်းထိုး လှုပ်ရှားဝင်ရောက်လာသော ကြောင့် ကေအိုင်အေ ပြည်သူ့ စစ်တပ်ဖွဲ့ ဝင်များ နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြေ
ာင်းသိရသည်။

အလားတူ ဇွန် ၂၂ ရက်နေ့ မနက် ၁၀း၂၀ နာရီ ခန့် တွင်လည်း ကေအိုင်အေ တပ်ရင်း ၈ နယ်မြေ ဒိန်ဂရီ နှင့် လုံဂမ် ကြားဒေသသို့  စစ်ရေးလှုပ်ရှားဝင်ရောက်လာသော တပ်ရင်းနာမည် အတိအကျ မသိရသေးသော မြန်မာအစိုးရ တပ်ဖွဲ့ ဝင်များ နှင့် ကေအိုင်အေ တပ်ရင်း ၈ မှ မျိုးချစ်တပ်ဖွဲ့ ဝင်များ ထိတွေ့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း ထပ်မံသိရှိရသည်။

ရှမ်းမြောက် ဒေသသို့  မြန်မာအစိုးရတပ်များ ယခုရက်ပိုင်းအတွင်း ပိုမို တိုးချဲ့ လှုပ်ရှားလာနေပြီး ရင်ဆိုင်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာနေကြောင်းသိရှိရသည်။

June 22 ya jahpawt hkying 8:25 am ten KIA Masat (4) Dap Ba npu Dap Dung (8) ginra na, Mungshawa Hpyen Hpung (MHH) ni shara jahkrat nga ai Man Se hte Byeng Bum lapran de htim gasat lung wa ai Myen hpyen Hk.L.Y (111) Dap na n-gun (100) daram hte KIA MHH hpyen hpung ni hkap shingla gasat poi byin ai lam na chye lu ai.

Hkying 10:20 ten hta mung KIA Masat (8) Dap Dung na hpyen hpung hte Dap mying nchye ai Myen asuya hpyen hpung ni Ding Gri hte Lung Gam lapran na Nam Hpraw Hka kaw ang katut gasat poi byin ai lam na chye lu ai.
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။