Tuesday, June 25, 2013

အမှန်ကိုသာမြင်ကြပါမျက်ကန်းမျိုးချစ် မဖြစ်ကြပါစေနှင့်…. နှင့် ဆောင်းပါးများ စုစည်းမှု

(ကိုဇော်ဝမ်းမောင် FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။)

အမှန်ကိုသာမြင်ကြပါမျက်ကန်းမျိုးချစ် မဖြစ်ကြပါစေနှင့်….


အတိအကျ စွပ်စွဲနေခြင်းမဟုတ်ပါတစ်ခါလိမ်ခံရရင် အလိမ်ခံရသူရဲ့ အပြစ်မဟုတ်ပေမဲ့ အကြိမ်ကြိမ် အလိမ်ခံရရင်တော့ လိမ်သောသူ၏ အပြစ်ဟု မဆိုသာတော့ပါ။ယနေ့ဖြစ်ပျက်နေသော အခြေအနေနှင့် ယခင်ကဖြစ်ခဲ့သော အခြေအနေတို့ကို ယှဉ်တွဲပြီး လေ့လာသုံးသပ်သင့်ပါတယ်။ 


ဦးခင်ညွန့်တစ်ယောက် ထောင်က လွတ်လာပြီး နောက်ပိုင်းမှာ ပြသနာတွေ ဆက်တိုက် ဖြစ်လာနေတာတွေ ဖြစ်နေတော့ သံသယဖြစ်မိပါတယ် ။ ဒါ့အပြင် တောင်သာ။ မြင်းခြံ။ မုံရွာဆိုတာ လာဘ်အစားဆုံးဝန်ကြီးအောင်သောင်းရဲ့နယ်မြေပါ။ သူကတော့ ရွှေဝါရောင်တော်လှန်ရေးမှာအဓိက အကြံပေးခိုင်းစေသူ။ ဒီပဲယင်းအရေးမှာလည်း အဓိကကြိုးကိုင်သူ။ ဒီပဲယင်းအရေးခင်းမှာလည်း သံဃာ အတုတွေဖန်တီး စစ်တပ်ထဲကဟာတွေနဲ့ ထောင်သားတွေမြှောက်ပေးပြီးနိုင်ငံရေးကိုဆွ ပြည်သူတွေနဲ့ ရန်တိုက်ပေး ပြီးမှဘဲသူတို့ ကဘဲတိုင်းပြည်ကိုကယ်တင်သလိုတွေလုပ် ပြည်သူကြားဝါဒဖြန့်  ခုကိစ္စလည်းမရိုးသားလောက်ဘူးဘုန်းကြီးနဲ့ ကုလားနဲ့ ရန်တိုက်ပေးတာလာဖြစ် ဆူပူလာရင်အာဏာပြန်သိမ်း စစ်အကျင့်ဆိုးတွေကိုလည်းပြည်သူများသတိထားစေချင်တယ် ညစ်ပေါင်းလဲများနေပါပြီ။
နောက်ပြီးတော့ ဦးခင်ညွန့် ဒီလောက် ဆိုးခဲ့တဲ့ လူဟာ ပြန်လည် ထင်ပေါ် လာတယ်။မြန်မာပြည် ဒီလောက် ဆိုးရွား သွားခဲ့တဲ့ အဓိက တရားခံ ထဲမှာ သူပါတယ်။ ၈၈ မှာ သပိတ် နှိမ်နှင်းရေး တွေကို လူ မဆန်အောင် ကြူပင်ခုတ် ကြူငုတ် မကျန် လုပ်ခဲ့တာ သူပါပဲ။ ဥာဏ်နီဥာဏ်နက်ထုတ်ပြီး သူတို့ဖက်မှ သူလျှိုတွေထည့်သွင်းပြီး ယုတ်မာမှူတွေ စတင်ခဲ့ကြပါတယ်။ပြည်သူလူထုမှ ဆန္ဒပြသူများအား ထမင်းထုပ်ဝေခြင်း သောက်ရေတိုက်ခြင်းဖြင့်အားပေးနေကြသည် များကို မ.ဆ.လအချောင်သမားတောကြောင်များမှနေပြီးသောက်ရေ အတွင်းအဆိပ်ခပ်မှု များကိုကျူးလွန်လာကြပါတယ်။ အဆိပ်ခပ်သူအား ဖမ်းမိလျှင် သူတို့ဘက်မှစောင့်ကြည့်နေသူများမှ ဓားဖြင့် ဝင်ထိုးပြီး နှုတ်ပိတ်သတ်ဖြတ် ခြင်းများပြုလုပ်လာကြပါတယ်။ ဆန္ဒပြ သဘိတ်မှောက် သူများ ကြားထဲတွင် မ ဆ လ ပါတီမှ အမာခံများ ဝင်ရောပြီး အနှောက်အရှက်အဖျက်အဆီးများပြုလုပ်လာကြပါတယ်။ အစိုးရပိုင် ဂိုဒေါင်များ ကို ဖေါက်ထွင်းပြီး သူတို့ဖက်မှ စတင်သယ်ယူ ပါတော့တယ် ရပ်ကွက်မှ လူအချို့က ဝင်ရောက်သယ်ယူကြပါတယ်။ထိုသို့ ငြိမ်းချမ်းစွာဆန္ဒပြနေကြခြင်းကို နိုင်ငံတော်မတည်ငြိမ် အောင် နည်းမျိုးစုံ ဖြင့် ဖန်တီးလျှက်ရှိခဲ့ပါတယ်။ တိုင်းပြည်ဆူပူမှု၊ လုယက်မှု၊ ခေါင်းဖြတ်သတ်မှုတွေနဲ့ ... စစ်တပ်က အာဏာသိမ်းပါတော့တယ်။ ဒီကိစ္စတွေကို တာဝန်ယူ ဦးဆောင် လုပ်ကိုင်သူတွေကတော့ ... ဦးခင်ညွန့်နဲ့ ဦးနေဝင်းသမီး .. ဒေါ်စန္ဒာဝင်းတို့ ဦးဆောင်ပြီး လုပ်ကြတယ်လို့ ဖေါ်ထုတ် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ 


ဦးအောင်သောင်းဟာ လဲဗိုလ်သန်းရွှေရဲ့ အကြိုက်ကို သိသူပီပီ ကြံ့ဖွံ့အား အရောင်တင်ကာ လူမိုက်လုပ်ရင်း ဒီပဲယင်း အရေးအခင်းဖြစ်အောင် ဖန်တီးခဲ့တဲ့ အဓိက တရားခံ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်သန်းရွှေမှ မုန်းတီးအောင် အခါမလပ် သွေးထိုးနေပြီး မိမိရဲ့ အကျင့်ပျက် ခြစားမှုအား ကာကွယ်ရင်း အောက်လမ်းနည်းနဲ့ ရာထူးအာဏာကို ချုပ်ကိုင်ထားသူ ဖြစ်ပါတယ်။ ဗိုလ်ခင်ညွှန့်အား အာဏာရယူဖို့ ကြိုးစားနေကြောင်းနဲ့ ဗိုလ်နေ၀င်းမြေးတွေကိစ္စ၊ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား ပျော့ပြောင်းတဲ့ကိစ္စများအား သွေးထိုးပြောဆို နိုင်ခဲ့ကာ နောက်ကျောကို ဓါးနဲ့ထိုးသလို ဆောင်ရွက်ခဲ့လို့ ဗိုလ်ခင်ညွှန့်လဲ ကျဆုံးခဲ့ရရှာပါတယ်။အဲဒီတော့ သူတို့တွေ ကြားမှာ ဖြစ်ခဲ့တဲ့ ပြသနာတွေဟာ ပြည်သူတွေ ခါးစီးမခံသင့်ပါဘူး အကြမ်းဖက်သူလူတစ်စုကို ဝိုင်းဝန်း ဖေါ်ထုတ်ကြပါ။


မူလ ခိုးဝင် ဘင်္ဂလီဆန့်ကျင်ရေးကနေ လမ်းကြောင်းပြောင်းပြီး ဘာသာရေးတိုက်ခိုက်မှုဘက်ရောက်ကုန်ပြန်ရော။ဘယ်သူကဘဲစလုပ်လုပ် ဘယ်အဖွဲ့အစည်းကဘဲစစ အဲလိုအချိန်မှာ အပေါ်က မိန့်မိန့်ကြီးပြုံးပြီး ထိုင်ကြည့်နေတဲ့သူက ဘယ်သူဖြစ်မယ်ထင်ပါသလဲ။အာဏာကို လက်မလွှတ်ခြင်တဲ့ အာဏာရှင်တွေရဲ့ အလိုကျပါဘဲ။ ကျွန်တော်တို့နိုင်ငံမှာ ပြဿနာတစ်ခုခုဖြစ်လာရင် မွတ်စလင်နဲ့ ဗုဒ္ဓဘာသာရန်တိုက်ပေးတဲ့ အစဉ်အလာဆိုးဟာ အခု အချိန်မှာ မဖြစ်သင့်တော့ပါဘူး။
ရွှေဝါရောင်ရဲ့ အရှေ့မှာ ၉၆ ကျောင်းသား အရေးအခင်း လှည်းတန်းမှာ ကျောင်းသားတွေကို မီးသတ်ပိုက်နဲ့ အနီးကပ် အတင်း ထိုးခွဲ ကားပေါ် ပစ်တင်ခိုင်းတာ ဗိုလ်ခင်ညွှန့် လက်ရုံး ဗိုလ်မှူးချုပ် ခင်အောင် ထောက်လှန်းရေး တစ်စု ပြီးတော့ မန္တလေး သံဃာ့ အရေးအခင်းကို ရက်ရက် စက်စက် နှိမ်နင်းခဲ့တဲ့ ထောက်လှန်းရေး တစ်စု ညအချိန် မတော် အိမ်တံခါး လာခေါက်ပြီး ညီလေး အစ်ကို တို့နဲ့ ခဏ လိုက်ခဲ့ပါလို့ ဘယ်တော့များ အခေါ် ခံရမလဲ ဆိုတဲ့ အကြောက် တရားမျိုးကို လူတွေ စိတ်ထဲ ရိုက်သွင်း ခဲ့တာ ဗိုလ်ချုပ် ခင်ညွန့်ပါ။
ဒီပဲယင်း ဆိုတာလည်း ယနေ့ထိတိုင် မြန်မာနိုင်ငံသူနိုင်ငံသားများ အမှတ်တရ ရှိနေကြအုံးမှာပါ။ တိုင်းတပါး၏ ပရောဂ မပါဘဲ ပြည်တွင်းက မြန်မာလူမျိုး အာဏာရှင်ကြီးတွေ စီမံလမ်းညွှန်ခဲ့သည့် နိုင်ငံရေးလုပ်ကြံမှုကြီး ဖြစ်ပါတယ် ။၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာလဲ စွမ်းအားရှင်တွေရဲ့လုပ်ရပ်တွေကို့ မြင်တွေ့ခဲ့ကြရမှာပါ။ဘယ်သူ ဘယ်ဝါ ဘယ်အဖွဲ့အစည်း ဘဲဖြစ်ဖြစ် ဘာသာရေး အထိကရုန်းကို ဖန်တီးနေတာဟာ မမှန်သောလုပ်ရပ်ဟု ယူဆမိပါတယ်။
ဦးနေဝင်းလက်ထက်ကလည်း ဆန်ရေစပါးရှားပါးမှု ပြသနာကို စစ်ထောက်လှမ်းရေးတွေက တရုပ်အမျိုးသားတွေကိုရိုက်နှက် စေပြီး တရုပ် ဗမာအရေးအခင်း ဖန်တီးခဲ့တယ်။နောက်ဆုံးနစ်နာရတာ ပြည်သူလူထုပါဘဲ။ မြန်မာ့နိုင်ငံရေးမှာ စစ်အာဏာရှင် လှည့်ကွက်၊ မျက်လှည့်ပြပွဲ၊ မြန်မာ့သမိုင်းဝင် အဖြစ်အပျက်ဆိုးတွေ အကြိမ်ကြိမ်ပေါ်ခဲ့ပြီးပါပြီ
၁၉၈၈ခုနှစ် စက်တင်ဘာလ အတွင်း စစ်တပ်မှ အာဏာမသိမ်းခင် တောင်ဥက္ကလာနယ်မြေ အတွင်းမှာလည်း ငွေကြာရံ ကျောင်းတိုက်မှ ကိုယ်တော်တပါးနှင့် တောင်ဥက္ကလာပမြို့နယ် ရဲစခန်းဝင်းအတွင်း စခန်းချနေသော ကျောင်းသားတစ်ဦးကို စီမံကိန်း (၁) နယ်မြေ မ.ဆ.လ ရပ်ကွက်မှ ရပ်ကွက် အတွင်း မီးရှို့မည်ဟုသတင်းထွက်နေသဖြင့် လိုက်လံ စောင့်ကျပ်ပေးရန် တောင်းဆိုသဖြင့် လိုက်သွားရာ ညအချိန်အထိပြန်မလာသဖြင့် ကျန်ရှိနေသော အဖွဲ့များမှ လိုက်လံသွားရာ ခေါင်းဖြတ်သတ်ဖြတ် ပြီး မြောင်းထဲတွင် ပြစ်ထားကြောင်း တွေ့ရှိခဲ့ရပါတယ်။(ထိုအချိန်က မြိုနယ်ရပ်ကွက်အုပ်ချုပ်ရေးများကို ကျောင်းသား ပြည်သူများနှင့် ရဟန်းသံဃာများမှ ပူးပေါင်း တာဝန် ယူထားချိန် ဖြစ်ပါသည်။)ထို့နောက် ရပ်ကွက်အတွင်းသို့ ဝင်ရောက် စုံစမ်းရန် ရပ်ကွက်အတွင်းသို့ ဝင်စဉ် ဂျင်ဂလိ များဖြင့် ပစ်ခတ်သဖြင့် ပြန်လှည့်ခဲ့ကြရပါတယ်။တောင်ဥက္ကလာနယ်မြေ အတွင်း ရပ်ကွက်အသီးသီးမှာ ရှိကြသော အဖွဲ့အစည်း အသီးသီး ကို အကြောင်းကြား လာသဖြင့် ရပ်ကွက်အသီးသီးမှာ ရှိကြသော အဖွဲ့အစည်း များမှ သွားရောက် ကြသောအချိန်တွင်တော့ အခြေအနေမှာ တော်တော်ဆိုးနေပါပြီ။ရပ်ကွက် ထိပ်ရှိ ဝါးကပ်ဆိုင်မှ ဝါးကပ်များ ကိုဒိုင်းအဖြစ် အကာအကွယ်ယူပြီး ရပ်ကွက်အတွင်းသို့ ဝင်ရောက်ခဲ့ကြပါတယ်။ တဖက်နှင့်တဖက် အပြန်အလှန် ပစ်ခတ်နေကြပါပြီ။ထို့နောက် ဝါးကပ်ဆိုင်မှာ မီးရှို့ခံလိုက်ရပါတယ်။ တောင်ဥက္ကလာနယ်မြေ အတွင်း ရပ်ကွက်အသီးသီးမှာ ရှိကြသော အဖွဲ့အစည်း အသီးသီးမှရောက်ရှိလာ ကြပြီး အင်အားတောင့်တင်းလာပြီး ၄င်း မ ဆ လ ရပ်ကွက်အတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။တောင်ဥက္ကလာပ ၅/၇ ဗြမ္မာစိုရ် လမ်းတွင်နေထိုင်သူတစ်ဦးမှ အမဲလိုက်သေနတ်ဖြင့် ၂ချက်ခန့် ခြိမ်းခြောက်ပစ် လိုက်ရာ ၄င်း မ ဆ လ ရပ်ကွက်အတွင်း ရှိ ဂျင်ဂလိဖြင့် ပစ်ခတ်နေသူများ မှာ ကြောက်လန့်ထွက်ပြေးပါတော့တယ်။အချို့မှာ ငမိုးရိပ်ချောင်းအတွင်းသို့ ဆင်းပြေးသွားကြသည် ကိုတွေ့မြင်ခဲ့ ရပါတယ်။၎င်းတို့ အထဲမှ ဖမ်းဆီးရမိသူများကို တောင်ဥက္ကလာပမြို့နယ် ရဲစခန်းဝင်းအတွင်း ချုပ်နှောင်ထား ခဲ့ပါတယ်။ မနက်စောစော ပိုင်းအချိန်မှာတော့ ရပ်ကွက်များအတွင်းမှ မည်သည်ကမှန်း မသိသော အရပ်သားများ အချို့မှနေပြီး တောင်ဥက္ကလာပမြို့နယ် ရဲစခန်းဝင်းအတွင်း ချုပ်နှောင်ထားခဲ့ သောသူများကိုထုတ်ပေးရန်တောင်းဆို လာကြပါတယ်။ ထိုသို့ ဝိုင်းဝန်းတောင်းဆိုလာကြရာ တောင်ဥက္ကလာပမြို့နယ် ရဲစခန်းဝင်းအတွင်းရှိ ကျောင်းသားတပ်ဖွဲ့မျာမှာလည်း မနေသာတော့ပဲ ထုတ်ပေးလိုက်ရပါတော့တယ်။ထိုသို့ ထုတ်ပေးလျှင် ထုတ်ပေးခြင်းပင် ဓါးများဖြင့် ခေါင်းဖြတ်သတ်ဖြတ်ခြင်း များပြုကြ ပါတော့တယ်။
အချို့ကို ကားများဖြင့်တင်ခေါ်သွားပြီး ရပ်ကွက်လမ်းဆုံလမ်းခွများတွင် ခေါင်းဖြတ်ခြင်း ဝါးကပ်များဖြင့်ညှပ်ခါ မီးရှို့ခြင်းများကိုပြုလုပ်ကြပါတော့တယ်။ထိုသို့ဖြင့် မြို့နယ်အသီးသီးတွင် နယ်မြေအေးချမ်းတည်ငြိမ်မှု မရှိအောင် ဖန်တီးလာပါတော့တယ်။ ထူးဆန်းသည်မှာ ခေါင်းဖြတ် သတ်ခံရသောသူများ မှာ ကြောက်ရွံ့ထိတ်လန့်ခြင်း လုံးဝမရှိကြပဲ လူစိတ်ကင်းမဲ့ကာ တချက်မျှပင် အော်ဟစ်ညည်းညူ သွားခြင်း မရှိခြင်းပင်ဖြစ်ပါသည်။ နောက်မှ စုံစမ်းသိရှိရသည်မှာ ၄င်းစီမံကိန်း (၁)နယ်မြေ သည် မ.ဆ.လ ပါတီဝင်များဖြစ်ကြပြီး ယင်းကဲ့သို့ ပြသနာမဖြစ်မီ ပထမ တရက်တွင် စစ်ကားများဖြင့် အိမ်ထောင်စု တစုဆီကို ဆန်တအိတ်နှင့်ငွေ ၅၀၀ ကျပ်ကို ပေးပြီး ရပ်ကွက်အတွင်းသို့ဝင်လာ သောကျောင်းသားများကို ပစ်ခတ်ရန် ညွှန်ကြားသွားကြောင်းပစ်ခတ်သူများကို နာကျင်မှူမရှိစေရန်ဆေးတမျိုး ထိုးပေးသွားကြောင်းသိရှိရပါတယ်။၇ပ်ကွက်အတွင်းသို့ဝင်ရောက် စစ်ဆေးသောအခါ ကတုတ်ကျင်းများ ကြိုတင်တူးထားသည် ကိုတွေ့ရှိရပါတယ်။ဒါဟာသူတို့ဖက်မှကြိုတင်ကြံစည်မှူဖြစ်ပြီးပြသနာကြီးထွားလာသည့်အခါပြည်သူလူထုအပေါ်ပုံချခြင်းပင်ဖြစ်ပါတယ်။ငြိမ်းချမ်းစွာဆန္ဒပြနေသော အဖွဲ့များအတွင်းသို့ မ ဆ လ ပါတီမှ အမာခံများ ဝင်ရောပြီး အနှောက်အရှက်အဖျက်အဆီးများပြုလုပ် ကာ မြို့နယ်အသီးသီးတွင် နယ်မြေအေးချမ်းတည်ငြိမ်မှု မရှိအောင် ဖန်တီးပါတော့တယ်။ အာဏာရှင်များဟာ သူတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်း မရှိပဲ မိမိတို့မွေးထားသော လက်ကိုင်ဒုတ်များကိုသာ အသုံးချခြင်း ဖြင့် ပြည်သူလူထုကို လှည့်စားကာ မိမိတို့အာဏာဆက်လက်တည်တံ့ရေး အတွက် နည်းမျိုးစုံဖြင့် ဖန်တီးတတ်ပါတယ်။ ဒါဟာသင်ခန်းစာယူစရာပါပဲ။ စစ်အာဏာရှင်ကြီးများရဲ့ အလိုတူအလိုပါ မွေးထားတဲ့လက်ကိုင်ဒုတ် စစ်ခွေးတွေ အများအပြားရှိနေသေးတယ်ဆိုတာ ကျွန်တော်တို့အားလုံး သတိပြုဖို့လိုပါတယ်။ 


အမှန်သစ္စာတရား ဘက်တော်သားများ အမှန်တရား မြတ်နိုးသူတိုင်း အများအကျိုး ဆောင်ရွက်လိုသူများအားလုံး မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ ဆင်ခြင် တွေးတော နိုင်ကြစေရန် သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါတယ်။
၎င်းဖြစ်စဉ်များကို အသေးစိတ် မှတ်တမ်းတင်ထားပြီး အမျာပြည်သူများ သိပြီးသူများပါ ပြန်လည် ဆင်ခြင်သုံးသပ်နှိုင်ရန် ပြည်သူလူထုကြီးနှင့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် မှန်မှန်ကန်ကန် ရပ်တည်နေကြသော သူများအတွက် နိုင်ငံရေးအောက်လမ်းနည်းများ ဖြင့် အောက်တန်းကျစွာလုပ်ကိုင်နေကြသော ဖြစ်စဉ်များကို ပြန်လည်ဆင်ခြင်သုံးသပ်ကြခြင်းဖြင့် ဖြစ်ပေါ်လာ မည့်အကျိုးဆက် အန္တရာယ် များကို တင်ကြိုကာကွယ်နှိုင်ကြပါစေ…




လိုက်မယ်ဆိုရင် ၃၀၀၀… မလိုက်ရင်ဒါဏ်ငွေ ၃၀၀၀ ... ဒါဏ်ငွေပေးပြန်တော့… မလိုက်မနေရတဲ့…


နှလုံးသားမှာ အမုန်းပွားရင် အရှုံးများလိမ့်မယ်တဲ့ ရှုံးခြင်လဲရှုံးပါစေတော့ သမ္မတကြီး ဦးသိန်းစိန်ရယ်။သမ္မတကြီးရဲ
့သမိုင်းတွင်မဲ့ စကား တခွန်း ကတော့ ရာဇဝင်မှာတွင်ကျန်ရစ်အုန်းမှာပါ။ 
 
ဆန္ဒပြကြမယ်၃၀၀၀ပေးမယ်ဆိုတော့အကုန်ပါသွားတာဘဲကလေးကတော့၃၀၀၀၊လူကြီးကတော့၅၀၀၀၊ဆန္ဒပြတာလည်းအလုပ်အကိုင် ဖြစ်နေတယ် ဆိုပြောလိုက်တော့ ဘယ်သူတွေလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေသမ္မတကြီးအတွက်ကတော့ ဒီစကားအမှန်ပါဘဲ။ခေါ်ရင်…လိုက်မယ်ဆို ၃၀၀၀… မလိုက်ရင်ဒါဏ်ငွေ ၃၀၀၀ ... ဒါဏ်ငွေပေးပြန်တော့… မလိုက်မနေရတဲ့…ဒါမျိုးတွေ ဘယ်သူကများတီထွင်ခဲ့တာပါလိမ့် …မေးခြင်စမ်းပါဘိ…ယခု ဘောင်းဘီချွတ် အရပ်သားဝတ် အစိုးရကလူတွေ မှာများ အမွှာညီအကိုတွေများရှိပါသေးသလား…ဘယ်သူတွေများလုပ်ခဲ့ပါသလဲဗျာ….အခုအချိန်မှာတော့ သားသားမသိဘူးတော့ မလုပ်လိုက်ကြပါနဲ့..မေ့နေရင်လဲပြန်ပြော ရတာပေါ့……

အထူးသဖြင့် မြန်မာလူမျိုးတွေ ဆင်းရဲလွန်းလှပါတယ် အားလုံးကို မဆိုလိုပါ။ ပြည့်စုံပြီးသူ အနည်းငယ်တို့ကို ကြည့်ပြီး လူနေမှုစနစ်အတွင်း တတန်းတစားထဲ ခြုံငုံသုံးသပ် ပြောလို့မရပါ။ ဆင်းရဲငတ်မွတ်ပြီး အသိဥာဏ် ခေါင်းပါးသော လူထုကြီးက ပိုမိုများပြား နေတဲ့အတွက်.. လတ်တလော ဒုက္ခကို ဖြေရှင်းမည့် ကာလကို ဖေါက်ထွက်နိုင်ရေး ဖြတ်လမ်းနည်း နှင့် အခြေခံလူတန်းစား အလွှာထု ကြီးကြီးထဲတွင် မရိုးနိုင်သော ဘ၀ပုံပြင်တွေ ဖြစ်နေကြရပါတယ်။ လူသတ်ခြင်း၊ ဒါးမြတိုက်ခြင်း။ လိမ်လည်ခြင်း၊ ကောက်ကျစ်ခြင်း၊ ရက်စက်ခြင်း၊ လူသားမဆန်သော အပြုအမူတို့ ပြုလုပ်လာခြင်း၊ ကလိမ်ကကျစ်လုပ်ခြင်း၊ ကတိမတည်ခြင်း၊ မလှိမ့်တပတ်လုပ်ခြင်း၊ အောက်တန်းကျခြင်း၊ ပြောရက်စရာမရှိအောင် အဆင့်အတန်း နိမ့်ခြင်း စသော လူနေမှု ဘ၀ ဖြစ်စဉ်တို့ မြန်မာပြည်တွင်း တွင်အများအပြားဖြစ်ပေါ်နေကြပါတယ်။ စားဝတ်နေရေးပင် မဖူလုံ။အရေးအရာ ပေါ်တိုင်း ယူမိသည့် အကြွေးမှ အတိုးတို့က တဖြေးဖြေး ဖိစီးအငှားအရမ်း အချေးအပေါင်တို့ဖြင့် တနေ့တာဝမ်းရေးအတွက် ဖြတ်သန်းကျော်လွှားဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ မလောက်ငှ နိုင်တော့သောအခါ ဖြတ်လမ်း နည်းများ စဉ်းစားလာကြပါတော့တယ်။ ဤအကြောင်းတရားတွေပေါ်အခြေခံပြီး စစ်အာဏာရှင်တွေက အခွင့်အရေးယူကာ ပေါ်ပေါက်လာ ရတာကတော့ စွမ်းအားရှင် ဆိုသည့်လူတန်းစားတရပ်ပါဘဲ(လူတိုင်းကိုတော့မဆိုလိုပါ)ဲ။များသောအားဖြင့် စွမ်းအားရှင် အဖွဲ့တွင် မီးသတ် ကြက်ခြေနီနှင့် ရယက အဖွဲ့ဝင်များသာမက သက်ဆိုင်ရာ မယက ရယက အဖွဲ့ဝင်ဟောင်းများ ကြံ့ဖွတ်မှ အမာခံလက်ရွေးစင်များ ထောင်ထွက်များ လူဆိုးလူမိုက်များ ချဲရောင်းသူများ အရက်ပုန်းရောင်းသူများ လောင်းကစားဒိုင်ကိုင်သူများ ဇိမ်ခန်းထောင်စားသူများနှင့် လူပေလူတေများ ပါဝင်သည်ကို တွေ့ရှိရပါတယ်။ဥပဒေနှင့် မလွတ်ကင်းသော အလုပ်ကိုလုပ်ကိုင်ကြသူများနှင့် ဥပဒေအထက်က ပုဂ္ဂိုလ်များသာပါဝင်ကြတာကိုတွေ့ရပါတယ်။ဥပဒေနှင့်မလွက်ကင်းသော အလုပ်များကိုလုပ်နေကြသူတို့အား ဥပဒေမဲ့ ခွင့်ပြုထားပြီး ၎င်းတို့ကို စစ်အစိုးရက လိုအပ်သည့် အချိန်ကျမှသာ အခကြေးငွေပေး၍ ခေါ်ယူစုဆောင်းပြီး ညွှန်ကြားလေ့ရှိပါတယ်။ 
စွမ်းအားရှင် အဖွဲ့ဆိုတာ စစ်အာဏာရှင် တွေသက် ဆိုးရှည်စေရန်အတွက် နိုင်ငံရေးလက်ရုံးအဖြစ် ရည်မှန်းထားပြီး လိုအပ်သည့်အချိန်တွင် အခကြေးငွေပေး၍ ခေါ်ယူအသုံးပြုသည့် လူတစ်စုသာ ဖြစ်ပါတယ်။ သက်ဆိုင်ရာမြို့နယ် ကြံ့ဖွတ်တွေနဲ့ မယက တွေက စွမ်းအားရှင် အဖွဲ့တွေကို တိုက်ရိုက်တာဝန်ယူကြီးကြပ်ကြပြီး ၎င်းတို့ ထမ်းဆောင်ရမည့် တာဝန်များကို အာဏာပိုင် အဆင့်ဆင့်ကို အစီရင်ခံစာတင်ပြကြရပါတယ်။ စွမ်းအားရှင်တွေကို ခိုင်းစေရာမှာ တစ်ဦးလျှင် တနေ့ ကျပ်ငွေ ၂၀၀၀မှ ၃၀၀၀ ပေးထားပြီး အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်လည်း ပေးထား ကြပါတယ်။လက်ဖက်ရည်ဆိုင်များ ကားဂိတ်များ ဆိုက်ကာဂိတ်များတွင်ထိုင်၍ လူများကိုစောင့်ကြည့်စေကာ မသင်္ကာစရာတွေ့ရှိလျှင် သတင်းပေးပို့စေပြီး စီးပွားရေး လုပ်ကိုင်လိုသူများအတွက် မြို့လည်နေရာများတွင် ကွမ်းယာဆိုင် လက်ဘက်ရည်ဆိုင်နှင့် မုန့်ဆိုင်များဖွင့်လှစ်နိုင်ရန် အာဏာပိုင်များက မြေနေရာများစီစဉ်ပေးပြီး လူထုကိုစောင့်ကြည့် သတင်းပို့သည့် အလုပ်ကိုလုပ်စေပါတယ်။စွမ်းအားရှင်များအတွက် ကုန်ကျစရိတ်များကို သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် ကြံ့ဖွတ် အဖွဲ့ဝင်များရဲ့ အထူးရံပုံငွေကနေ သုံးစွဲကြပါတယ်။၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာစွမ်းအားရှင်တွေအတွက် ကုန်ကျစရိတ်ကို တပါတ်စာအသုံးစရိတ် အဖြစ် ကျပ်သိန်း ၁၀၀ သတ်မှတ်ပြီး ရန်ကုန်မြိုတော်ဝန် ဗိုလ်မှုးချုပ် အောင်သိန်းလင်း(ကြံ့ ဖွတ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ရန်ကုန်တိုင်းတာဝန်ခံ) ကထုတ်ပေးခဲ့တယ် လို့သိရှိရပါတယ်။စွမ်းအားရှင်တွေ အဓိက လုပ်ဆောင်ရတဲ့ လုပ်ငန်းတွေကတော့ စစ်အစိုးရကို ဆန့်ကျြင်တဲ့ ပြည်သူများ အပါအဝင် နိုင်ငံရေးသမားများကို ခြိမ်းခြောက်ခြင်း နိုင်ငံရေးလှုပ်ရှားမှု အမျိုးမျိုးတို့ကို ဟန့်တားနှောက်ယှက် ခြင်း အင်အားသုံး အကြမ်းဖက် တိုက်ခိုက်ခြင်းနှင့် အကြမ်းဖက်ဖမ်းဆီးခြင်း တို့ဖြစ်ကြပါတယ်။ နိုင်ငံရေးလှုပ်ရှားသူများကို စောင့်ကြည့်သတင်းပေးပို့ခြင်း တန်ပြန်ဆန္ဒပြခြင်း စစ်ထောက်လှမ်းရေးနှင့် ရဲထောက်လှမ်းရေး များက လျှို့ဝှက်စေခိုင်းသည့် အဖျက်အမှောင့် လုပ်ငန်းများကို လည်းလုပ်ဆောင်ကြရ ပါတယ်။၂၀၀၃ မေ ၃၀ ဒီပဲရင်း လုပ်ကြံမှု ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေး တွေမှာ စွမ်းအားရှင်တွေဟာ အာဏာရှင်တွေရဲ့စေခိုင်းချက်အရ နိုင်ငံရေးလှုပ်ရှားသူများ၊ ပြည်သူလူထုနှင့် ရဟန်းသံဃာတော်များကို ရက်ရက်စက် သတ်ဖြတ်ခြင်းများ အကြမးဖက်ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ စွမ်းအားရှင် ဆိုသည့်စကားကို အာဏာပိုင်များက ၂၀၀၀-၂၀၀၁ ခုနှစ်များမှ စပြီး သာမန်သုံးစွဲလာခဲ့သော်လည်း ၂၀၀၃ခု မေ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲရင်းလုပ်ကြံမှု အပြီးတွင် ပို၍တွင်တွင်ကျယ်ကျယ် သုံးစွဲလာခဲ့ သည်ကို တွေ့ရှိရပါတယ်။သတင်းအထောက်အထားတချို့အရ စွမ်းအားရှင် အဖွဲ့များဟာ ၁၉၉၇ ခုနှစ် ကထဲက ပါဝင်ပတ်သက်နေကြတာကိုလေ့လာတွေ့ရှိရပါတယ်။ သို့သော်လည်း စစ်အာဏာရှင်များ အနေနှင့် စွမ်းအားရှင်အဖွဲ့ တည်ရှိခြင်း၏ ရည်ရွယ်ချက်နှင့် အဓိပ္ပါယ် ကို ရှင်းလင်းစွာ တင်ပြခြင်းမရှိခဲ့ပါဘူး။
တနေ့ကို ၃၀၀၀ ပေးမယ်လိုက်မလား ဆိုတာ ဘယ်သူတွေကလုပ်ခဲ့တာလဲ???
နောက်ထပ်ပေါ်လာတာကတော့ ပြည်သူ့စစ်ဆိုပြီး ထပ်မံတီထွင်လာကြပြန်ပါတယ်။ပြည်ပကျူးကျော်မှုများကို ခုခံကာကွယ်ရန် အကြောင်းပြချက်နှင့် ကြံ့ဖွတ်အဖွဲ့ဝင်တွေကို ရေတပ်လေတပ် ဆိုင်ရာ သင်တန်းများအပါအဝင် အခြေခံစစ်သင်တန်းများပို့ချပေးပြီး ပြည်သူ့စစ်ဆိုပြီးဖွဲ့ထားပါသေးတယ်။ ပြည်သူစစ်များဖွဲ့ထားပေးပြီး မည်သည့်ဆူပူလှုပ်ရှားမှုမျိုးကိုမဆို ၎င်းတို့အနေနှင့် တိုက်ရိုက် ဝင်ရောက်ကိုင်တွယ်ခြင်းမပြုဘဲ ပြည်သူအချင်းချင်း ထိပ်တိုက်ရင်ဆိုင်အင်အားသုံး အကြမ်းဖက်စေခြင်းဖြင့် နိုင်ငံတော်အတွင်း ပိုမိုဆိုးရွားသော အကြမ်းဖက်မှုတွေဆီသို့ ဦးတည်လာစေခဲ့ပါတယ်။ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများကို တိုက်ခိုက်ခြေမှုန်းရာတွင်လည်း ပြည်သူ့စစ်များကို အရံတပ်ဖွဲ့ဝင်များအဖြစ် အသုံးပြုခဲ့ပါတယ်။စစ်အာဏာရှင်တွေဟာ ဇူလိုင် ၂၁ရက်နေ့ကို ပြည်ပရန်ကာကွယ်ရေး ပြည်သူ့စစ်များ စတင်လေ့ကျင့်ရေး နေ့အဖြစ်သတ်မှတ်ခဲ့ပြီး စစ်အစိုးရလက်ကိုင်တုတ် ကြံ့ဖွတ် စွမ်းအားရှင်တွေ ကကြီးကြပ်ခဲ့ကြပါတယ်။အခြေခံစစ်သင်တန်းများနှင့် အထိကရုန်း နှိမ်နှင်းရေး သင်တန်းများကိုလည်း အသုတ်လိုက်ခွဲ၍ ပို့ချပေးခဲ့ပါတယ်။ သင်တန်းတက်ေ၇ာက်သူများကို တရက်လျှင် ၃၀၀၀ကျပ်ပေးမယ်ဆိုပြီး စည်းရုံးသိမ်းသွင်းခဲ့ကြပါတယ်။ နောက်တစ်ခုက ၃၀၀၀ ပေးမယ် လိုက်မလား မလိုက်ရင် ဒါဏ်ငွေ ၃၀၀၀ ဆောင်ရမယ်ဆိုလို့လိုက် ကြရတာရှိပါသေးတယ်။ နေ့စဉ် ပင်ပန်း ကြမ်းတမ်း ချွေးနှင့် သွေးနှင့် နေပူပူအောက်တွင် အလုပ်လုပ်ကြရသည့် လက်လုပ်လက်စား နေ့စား အလုပ်သမားများ အများဆုံး ရနိုင်သော နေ့စား အလုပ်သမား တဦး၏ နေ့စဉ် ၀င်ငွေမှာ အများဆုံး ၅၀၀၀ကျပ် မှ အနည်းဆုံး ၁၅၀၀ကျပ် အကြားတွင်သာ ရှိကြပါတယ်။ စရိတ်ထောင်းလှသော ခရီးသွားလာမှုစရိတ်ကို ပြန်နှုတ်လိုက်လျှင် အိမ်အပြန် အိပ်ကပ်ထဲ ပါနိုင်သော ငွေမှာ ၁၀၀၀ကျပ်ခန့်မှ ၄၀၀၀ ကျပ်ခန့်သာ။ ဒါတောင် ၄၅၀၀ ရသော နေ့စားသမားသည် ပန်းရံကျွမ်းကျင် ဆောက်လုပ်ရေးလုပ်ငန်း ကျွမ်းကျင်သည့် ပညာရှင်ဖြစ်မှ ရပါတယ်။ဒါကိုအခြေခံစစ်ပညာသင်တန်းတက်ဘို့မလိုက်ရင် ဒါဏ်ငွေ ၃၀၀၀ ဆောင်ရမယ်ဆိုတော့ အငတ်နေရဘို့ဘဲရှိတယ်။ ၂၀၀၇ အောက်တိုဘာလ များတွင် ရန်ကုန်တိုင်းအတွင်း မြို့နယ်များမှ ပြည်သူများကို အခြေခံစစ်ပညာနှင့် အထိကရုံးနှိမ်နှင်းရေး သင်တန်းများကို အသုတ်လိုက်ခွဲ၍ သင်တန်းပေးခဲ့ကြပါတယ်။မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဒေသခံပြည်သူ ၁၂၀ နှင့် သင်တန်းတက်ရောက်သူများကို တနေ့လျှင် ၃၀၀၀ ကျပ်ပေးမည် ဟုဆိုကာ များသောအားဖြင့် ဆင်းရဲသား အလုပ်လက်မဲ့များဖြစ်ကြပါတယ်။မွန်ပြည်နယ်ရှိ မော်လမြိုင် မုဒုံ သံဖြူဇရပ်မြို့နယ်များတွင်လည်း အလားတူ သင်တန်းများပို့ချခဲ့ကြပြီး မြန်မာနိုင်ငံ နေရာဒေသအနှံ့မှာအသက် ၁၈နှစ်မှ ၄၀နှစ် အတွင်း အမျိုးသားများ အား ရွာတစ်ရွာလျှင် လူအင်အား ၁၀၀နီးပါးခန့်ကို အခြေခံစစ်သင်တန်း တက်ရောက်ရန် စေခိုင်းခဲ့ပါတယ်။ အများစုမှာ စစ်သင်တန်းတက်ရောက်ရန် ဆန္ဒမရှိကြသည့်အခါ အာဏာပိုင်များမှ တက်ရောက်ရန်ပျက်ကွက်ပါက ဒါဏ်ငွေ ၂၀၀၀ မှ ၃၀၀၀ အထိ ပေးဆောင် ကြစေ ရုံသာမက ပြင်းထန်စွာ အရေးယူမည်ဟု ဆိုသည့်အခါ မဖြစ်မနေတက်ရောက်ကြရပါတယ်။အလားတူစွာ ချင်းပြည်နယ်တွင် လည်းဒေသခံတိုင်းရင်းသားများကို၎င်း။၂၀၀၆ခုနှစ် သြဂုတ်လတွင် ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့တွင် ကျေးရွာ ၁၀ရွာမှ ဒေသခံရွာသား ၂၀၀ ကျော်ခန့်ကို၎င်း သင်တန်းမတက်မနေရ အမိန့်ထုတ်ပြီး ပို၍ဆိုးရွားသည်မှာ စားဝတ်နေရေးကျပ်တည်းသည့်ကြားထဲက သင်တန်းသားများအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၂ကီလိုနှင့် ကျပ်ငွေတထောင်ကို တပါတ်လျှင်တကြိမ်ထောက်ပံ့ပေးရခြင်းပါဘဲ။ ၂၀၀၇ မေလအတွင်းမှာလည်း စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ်တွင် တစ်ရွာလျှင် တယောက်နှုန်း မတက်မနေရ အမိန့်ထုတ်ခဲ့ပါတယ်။သင်တန်းသားများ ကုန်ကျစရိတ်အတွက် တအိမ်ထောင်လျှင် ၁၀၀၀ ကျပ် ကောက်ခံခဲ့ပါတယ်။တချိန်ထဲတွင်ပင် မန္တလေးတိုင်း မိထ္ထီလာ မလှိုင် သာစည် ဝမ်းတွင်း ရှိမြို့များတွင်လည်း စစ်သင်တန်းများကိုပို့ချခဲ့ကြပါတယ်။၂၀၀၃ခုနှစ် ဇူလိုင်လအတွင်း မကွေးတိုင်းမှာလည်း ရဲနှင့် စစ်တပ် မိသားစုဝင်များကို မတက်မနေရစစ်သင်တန်းပေးရန် ညွှန်ကြားခဲ့ပြီး တစ်ရပ်ကွက်လျှင် လူ ၃၀ စုဆောင်းပေးရန် ညွှန်ကြားခဲ့ကြပါတယ်။၂၀၀၅ခုနှစ် မတ်လအတွင်း ပဲခူးတိုင်းဖြူး မြိုနယ်တွင် မြိုနယ်လုံးကျွတ် မြို့နယ်အတွင်းရှိ လူငယ်များကို ဒေသခံအခြေစိုက်တပ် ခမရ ၃၀၆ တပ်ရင်းမှ မတက်မနေရအမိန့်ဖြင့် ပျက်ကွက်ပါက ဒါဏ်ငွေပေးဆောင်ရမည်ဟုဆိုကာ ပြည်သူ့စစ်သင်တန်းများပို့ချပေးခဲ့ကြပါတယ်။သင်တန်းများမှာ အနည်းဆုံး တပါတ်ခန့်ကြာသည့်အတွက် ကိုယ်ပိုင် အလုပ်ရှိသူတို့မှာ အခက်အခဲတွေ့ကြရပါတယ်။အလားတူ ပဲခူးတိုင်းတွင် မြို့နယ် ပေါင်း ၂၈ မြို့နယ်ရှိပြီး အခြားမြို့နယ်များတွင်လည်း ပြည်သူ့စစ်သင်တန်းများ ပို့ချပေးခဲ့ကြပါတယ်။၂၀၀၆ခုနှစ် ရခိုင်ပြည်နယ်အတွင်းရှိ ရမ်းဗြဲ ကျောက်ဖြူ မာန်အောင်မြို့နယ်များတွင် အနောက်ပိုင်းတိုင်းမှ ဒုဗိုလ်မှုးကြီး မောင်မောင်လွင် ဦးစီးပြီး ဒေသခံပြည်သူများကို ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်းပေးခဲ့ပါတယ်။စစ်အာဏာရှင်များ၏ အကျိုးစီးပွားကို ကာကွယ်ဘို့အတွက် နည်းအမျိုးမျိုးဖြင့် စည်းရုံး၍ ပြည်သူ့စစ်များဖွဲ့စည်းကာ ကျေးရွာအလိုက် ကြံ့ဖွတ် အဖွဲ့တွေကိုလည်း ဖွဲ့စည်းပေးခဲ့ကြပါတယ်။တနည်းပြောရမယ်ဆိုလို့ရှိရင်အကြောက်တရားဖြစ်ထွန်း အောင်အကြမ်းဖက်နည်းလမ်းကိုအသုံးချတာမျိုးစစ်ရေးထရိန်နင်ပေး၊ပံ့ပိုးပေးပြီးဖျက်ဆီးခိုင်းတာမျိုးကိုတွေကိုရည်ရွယ်တာမျိုးတွေကိုတွေ့ရတယ်။တပ်မတော်ထဲမှာ၁၉၉၂ နောက်ပိုင်းလောက်မှဖွဲ့စည်းခဲ့တဲ့အကြမ်းဖက်တပ်ဆိုတာရှိတယ်၊သူတို့ရဲ့တာဝန်ကဘာလုပ်ရသလည်းဆိုရင်အဓိကရုန်းဖြစ်အောင်ဖန်တီးခြင်း၊အစိုးရကိုမကျေနပ်လို့ဆန္ဒပြတယ်ဆိုရင်လည်းပြန်လည်ဆန့်ကျင်တဲ့အဖွဲ့ဖြစ်ဖန်တီးပြီ၊ဝင်ရိုက်တာတို့၊ခေါင်းဆောင်ကိုဝင်ဖမ်းတာတို့၊မြို့တွင်အကြမ်းဖက်တဲ့နည်းတွေအများကြီးပါ၊သူတို့ဟာနေရာမျိုးစုံမှာရှိနိုင်တယ်၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်အတွင်းရှိ ကျေးရွာများမှ တစ်ရွာလျှင် ၃၀ဦးစီစုဆောင်းပြီး ပြည်သူ့အင်အား ၁၀၀၀ခန့်ပါဝင်သည့် ပြည်သူ့စစ်အဖွဲ့ဗိုလ်မှုးချုပ် မောင်မောင်လွင်မှ ဖွဲ့စည်းပေးခဲ့ပါတယ်။ ၎င်းတို့အထဲမှ အမာခံ ၂၀၀ခန့် ရွေးချယ်ပြီး အမာခံပြည်သူ့စစ်အဖြစ်ဖွဲ့ခဲ့ပါတယ်။၂၀၀၇ အောက်တိုဘာလအတွင်း မောင်တောမြို့တွင် အထိကရုံးနှိမ်နှင်းရေးနှင့် စွမ်းအားရှင်သင်တန်း ဟုအမည်တပ်ထားသည့် သင်တန်း ၂ ခုကိုလည်း ကျီးကန်းပြင်ရှိ နယ်စပ်ကြီးကြပ်ရေး ဗဟိုကော်မတီ ဌာနချုပ်နှင့် သီရိမင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့ပါတယ်။အများစုမှာ စစ်အစိုးရလက်ကိုင်ဒုတ် စွမ်းအားရှင်များ စုစုပေါင်း လူဦးရေ ၂၀၀ခန့် တက်ရောက်ခဲ့ကြပါတယ်။အချို့သောဝန်ထမ်းများကို အလုပ်ထုတ်ပစ်မည် ဟု ခြိမ်းခြောက်ပြီး အတင်းအဓမ္မတက်ရောက်စေခဲ့ပါတယ်။ဒီလုပ်ရပ်တွေဟာ ပြည်သူလူထုရဲ့ ဆင်းရဲမွဲတေမှုကို အခြေခံပြီး လုပ်ခဲ့တာဖြစ်ပါတယ်။ပြည်သူလူထု ဆင်းရဲလေလေ အာဏာရှင်စနစ်တည်မြဲလေလေပါဘဲ။ပြည်သူလူထုကြီးတရပ်လုံးကို ဆင်းရဲတွင်းထဲပို့ခဲ့တာ ဘယ်သူတွေပါလဲခင်ဗျာ?????... ဗြိတိသျှ ၁၈၈၅-၁၉၄၈ ထိ အုပ်ချုပ်ပြီးတုန်းက မြန်မာပြည်က အာရှမှာ ထိပ်တန်းစာရင်းဝင်နိုင်ငံ ဖြစ်ခဲ့သေးတယ်။ကိုယ့်လူမျိုးဟို. အရည်းအချင်းမရှိပဲ ရာထူးလိုချင်တဲ့ အရှက်ကင်းမဲ့တဲ့ အချောင်သမား၊ (သို့) နတ်ဆိုးတွေ
..ဆရာတွေပြန်အုပ်ချုပ်လိုက်တဲ့ နှစ်ငါးဆယ်ကျော်မှပဲ အဆင်းရဲဆုံးနိုင်ငံထဲ မှာထိပ်ဆုံးစာရင်းရောက်ခဲ့ရတော့တာပါပဲ...။
၁၉၆၂ အာဏာသိမ်းတုန်းက မြန်မာနိုင်ငံဟာ အာရှတိုက်က အချမ်းသာဆုံး ၁၀ နိုင်ငံစာရင်းဝင်။ ၁၉၈၈ ဒုတိယအကြိမ် အာဏာထပ်သိမ်းတော့ အာရှတိုက်ရဲ့ အဆင်းရဲဆုံး ငါးနိုင်ငံ စာရင်းဝင်။ ၂၀၁၂ ရောက်တော့ အာရှတိုက်မှာ ဒုတိယမြောက် အဆင်းရဲဆုံးနိုင်ငံ၊ စစ်အာဏာရှင်တွေကနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရလဒ်ပါ။ယနေ့ကျင်းပနေတဲ့ လွှတ်တော်မှာ သဘာပတိဆိုသော ပုဂ္ဂိုလ်ကြီးများဟာ မကြာသေးခင်အချိန်က ဗိုလ်ချုပ်ကြီး ယူနီဖောင်းဝတ်သူများဖြစ်ပြီး အရပ်ဝတ်လဲကာ လူသူမရှိသော မဲဆန္ဒနယ်များတွင် အသားလွတ် အနိုင်ယူ တက်ရောက်လာသူများ ဖြစ်ပါတယ်။ အခြားနယ်မြေ မဆိုထားနှင့် သူတို့၏ ဇာတိနယ်မြေများတွင်ပင် သတ္တိရှိရှိ
ဝင်ရောက်ယှဉ်ပြိုင် အရွေးခံဖို့ စိုးရွံ့ကြသည်မှာ မြေကြီးလက်ခတ် မလွဲဧကန် ဖြစ်ပါတယ်။သမ္မတကြီး ကောင်းကောင်းသိမှာပါ အရင်အစိုးရလဲ ဒီလူတွေပါဘဲ အခုလဲဒီလူတွေပါဘဲ အမွှာတော့ မရှိနှိုင်လောက်ပါဘူးနော်…..
ဇော်ဝမ်းမောင်
 
ဒါမျိုးတွေဘယ်သူလုပ်နေတာလဲ?????
ဘာဖြစ်စေချင်ကြတာလဲ????? ဒါဘာသဘောလဲဆိုတာ ခင်ဗျားတို့ဖာသာပဲ ဖြေကြည့်ကြပါတော့ ---- (အပိုင်း ၁)

ဒါနဲ့ပြောရအုန်းမယ် တိုက်ဆိုင်တာတွေပေါ့နော် ကျွန်တော်တို့နိုင်ငံအတွင်းမှာ အစဉ်အဆက်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေဟာ များသောအားဖြင့် ဘယ်သူတွေက လုပ်ခဲ့တာလဲဆိုတာ ပြန်ပြီးသုံးသပ်ကြည့်တာပါ..
အစိုးရ လက်ကိုင်တုတ်များ ဖြစ်ကြသော စွမ်းအားရှင် ပြည်သူစစ် ကြံ့ဖွတ်တွေဟာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ အဓိက အခန်းကဏ္ဍ ကနေပြီး ပါဝင်ပါတ်သက်ခဲ့ကြပါတယ်။ အသင်းဝင်ဒေသခံတွေကို အသုံးချပြီး မသမာသောနိုင်ငံရေး အောက်လမ်းနည်းတွေကိုအသုံးချပြီး နည်းအမျိုးမျိုးဖြင့် အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြပါတယ်။ ဖြစ်စဉ်တွေကို ပြန်ကြည့်မယ်ဆိုရင် ၁၉၉၆ခုနှစ် နိုဝင်ဘာ ၉ရက်နေ့ ရန်ကုန်မြို့ ကုက္ကိုင်းလမ်းဆုံမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် N.L.D ခေါင်းဆောင်များကို လူစုလူဝေးနှင့် တိုက်ခိုက်မှု ၂၀၀၃ခုနှစ် မေ ၃၀မှာဖြစ်ပွားခဲ့တဲ့ ဒီပဲရင်း လုပ်ကြံမှု ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းပွဲတွေမှာ အကြမ်းဖက်မှု ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွေမှာလည်း ရှင်းလင်းစွာတွေ့ မြင်ခဲ့ရပြီး ဖြစ်ပါတယ်။

နေရာအများစုမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု တွေဟာ ကြံ့ဖွတ် အဖွဲ့ဝင် လူငယ်တွေကို အာဏာပိုင်အဖွဲ့အစည်းများမှ လူမိုက်ဆန်ဆန်ရမ်းကားမှုများကို ခွင့်ပြုထားခဲ့ခြင်းတွေရဲ့ အကျိုးဆက်တွေ ပဲလို့မြင်မိပါတယ်။ ကြံ့ဖွတ် အဖွဲ့ဝင် လူငယ်တွေကို ဒေသခံလူထုအပေါ် သြဇာအဏာရှိသူများ အကြမ်းဘက်လုပ်ရပ်များအတွက် အပြစ်မရှိသူများ ဟု အထင်ရောက်စေရန် စိတ်ကြီးဝင်နေသူများအဖြစ် သွတ်သွင်းခဲ့ပြီး အာဏာပိုင်များက အကြမ်းဖက် ကျူးလွန်သူများကို အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပြင် သူရဲကောင်းဆုများပေးခြင်း ရာထူးတိုးမြှင့်ပေးခြင်း တို့ဖြင့် မက်လုံးများပေးကာ မရှိဆင်းရဲသားများ လောဘ ရမ္မက်သားကောင်များ လူရမ်းကားများအတွက် အခွင့်ကောင်းတစ်ခုဖြစ်စေခဲ့ပါတယ်။

၂၀၀၆ ခုနှစ် မတ်လအတွင်းဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နိုင်ဦး အသတ်ခံရမှု မှာဆိုရင် ကြည့်မြင်တိုင်မြိုနယ်တွင် မီးသတ်နှင့် ကြံ့ဖွတ် များရဲ့ ရက်ရက်စက်စက် အကြမ်းဖက်တိုက်ခိုက်ခြင်း ကိုခံခဲ့ရပါတယ်။အကြမ်းဖက်ရိုက်နှက်မှုမှာပါဝင်ခဲ့တဲ့သူတွေကို တစုံတရာ အရေးယူခြင်းမရှိဘဲ မြို့နယ်ရဲအုပ်မှ ကျွေးမွေး ဧည့်ခံခဲ့တာတွေ ၎င်းကိစ္စနှင့်ပါတ်သက်ပြီး မည်သူ့ကိုမျှမပြောပါဆိုပြီး လက်မှတ်ရေးထိုးခိုင်းခဲ့တာတွေ သတင်းစာတွေမှာ ကိုသက်နိုင်ဦး အရက်မူး ရမ်းကားသည့်အတွက် တာဝန်ရှိသူများမှ ထိန်းသိမ်းရန် ကြိုးစားခဲ့စဉ် ဆိုက်ကားသမားများမှ ဝိုင်းဝန်းရိုက်နှက်ဖမ်းဆီးရခြင်းဖြစ်ကြောင်းဆိုပြီး လိမ်လည်ခဲ့တာတွေ အဲဒီဖြစ်စဉ်တွေကိုကြည့်ခြင်းအားဖြင့် အာဏာပိုင်များမှ ကြိုတင်စီစဉ်ပြီး စနစ်တကျ လုပ်ကိုင်နေကြတယ်ဆိုတာ အထင်အရှားပြသနေပါတယ်။

၂၀၀၇ခုနှစ် ဧပြီလအတွင်းမှာ HRDPF (ခေါ်) လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ မှ လူ့အခွင့်အရေးဆိုင်ရာ ပညာပေးဆွေးနွေးမှုများ ပြုလုပ်ပေးနေသည့် အဖွဲ့ဝင်တချို့ကို အကြမ်းဖက်တိုက်ခိုက်ခဲ့ကြပါတယ်။ ဟင်္သာတ မြို့နယ်အတွင်းရှိ အင်္ဂပိုကျေးရွာနှင့် အုတ်ပုံကျေးရွာ တို့တွင် လူ့အခွင့်အရေးဆိုင်ရာ ပညာပေးဆွေးနွေးမှုများ ပြုလုပ်ပေးနေသည့် အဖွဲ့ဝင် များကိုလည်း ဒေသခံများနှင့် လူ့အခွင့်အရေးဆိုင်ရာ ပညာပေးဆွေးနွေးမှုများပြုလုပ်ပြီး အပြန်တွင် အုတ်ပုံကျေးရွာထိပ်မှ အသင့်စောင့်နေသော လူရမ်းကား ၁၀၀ ကျော်ခန့်က ဝါးရင်းတုတ်များ လေးဂွများ ဖြင့် မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်တိုက်ခိုက်ခဲ့ကြပါတယ်။အကြမ်းဖက် မှု မတိုင်ခင် တရက်အလိုမှာ ဒုရဲအုပ်နှင့် ကြံ့ဖွတ် အတွင်းရေးမှုး တို့မှ ကြိုတင်ရောက်ရှိပြီး အသေးစိတ်ပြင်ဆင်မှုများပြုလုပ် ခဲ့ကြကြောင်းလည်းသိရှိခဲ့ရပါတယ်။

၂၀၀၇မတ်လမှာလည်း မြောက်ဥက္ကလာပ(၂)ရပ်ကွက် နိဗာန်လမ်းတွင် နေထိုင်သော ကိုနိုင်ဦးအား ရယက ရုံးတွင် ကြံ့ဖွတ် အဖွဲ့ဝင်များမှ ရိုက်နှက်စစ်ဆေးရာတွင်၎င်း ရယက ရုံး တွင်ပင် သေဆုံးသွာခဲ့သည့် ဖြစ်စဉ်တစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။ထိုသေဆုံးမှုကိုလည်း အာဏာပိုင်များမှ အအေးမိဖျားနာသည် ဟုအကြောင်းပြကာ အမှုကိုဖုံးကွယ်ခဲ့ပါတယ်။ ဦးခေါင်း၏ ဘယ်ဘက်ခြမ်းတွင် လက်ညှိုးခန့် အရိုက်ခံထားရသော ဒါဏ်ရာအပါအဝင် အခြားပြင်းထန်သော ဒါဏ်ရာများကိုကြည့်ခြင်းအားဖြင့် သက်သေခံနေပါတယ် သို့သော် အာဏာပိုင်များနှင့် ကြံ့ဖွတ်အဖွဲ့ဝင်များမှ ဖျောက်ဖျက်သည့်အနေဖြင့် ၎င်း၏ မိဘများထံအကြောင်းမကြားဘဲ စောလျှင်စွာ င်္သဂြိုလ် ခဲ့ကြပါတယ်။ထို့အပြင် အမှုကိုအမှန်အတိုင်း သိရှိနေသော သက်သေထွက်ဆိုမည့်သူများကိုလည်း လိုက်လံဖမ်းဆီးခဲ့ပါတယ်။

၂၀၀၆ ခုနှစ်ဇွန်လတွင် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် အိုးဘိုလမ်း ၁၂ရပ်ကွက် တွင် အဝတ်လျှော်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းနေသူ အမျိုးသမီးတစ်ဦးအား ၎င်းအဝတ်လျှော်သည့်နေအိမ်တွင် ပစ္စည်း ပျောက်မှုဖြင့် အဖမ်းခံခဲ့ရစဉ်တွင် စခန်းမှုးမှ အခန်းပိတ်ပြီး မတရားညှင်းပန်းနှိတ်စက်သည့်အတွက် နားစည်ကွဲပြီး အညိုအမဲစွဲ ဒါဏ်ရာရရှိခဲ့ပါတယ် ထို့ပြင်အာဏာပိုင်များမှ မဖွယ်မရာပင်ပြုမူ ဆက်ဆံခဲ့ကြပါတယ်။၎င်းနောက်တွင် အပြစ်မရှိမှန်းသိ၍ အိမ်ပြန်ပို့ပြီး အမျိုးသမီးရေးရာ အဖွဲ့များမှ လျှော်ကြေးငွေပေး၍ နှုတ်ပိတ် ရန်ကြိုးစားခဲ့ကြပါတယ်။

၂၀၀၅ ခုနှစ်သြဂုတ်လမှာ ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင် ကျောင်းသားတစ်ဦးဖြစ်သူ ရာရှစ်ဒူဟယ်(Rashid Duhal) ကို ဝိုင်းဝန်းရိုက်နှက်ခံရပြီး သုံးရက်အကြာတွင်သေဆုံးသွားခဲ့ရပါတယ်။၂၀၀၅ ခုနှစ်ကထဲက ကြံ့ဖွတ် အသင်းဟာ N.L.D ပါတီတွင်ရှိသော အစ္စလာမ်များကို အဓိကပစ်မှတ်ထား ၍ N.L.D ပါတီကိုတိုက်ခိုက်ရန် ဗျူဟာတရပ်ချမှတ်ထားခဲ့ကြပါတယ်။၎င်းအစီအစဉ်မှာ N.L.D ပါတီတွင်ရှိသော အစ္စလာမ်များကို N.L.D ပါတီမှ နှုတ်ထွက် ပေးရန်တောင်းဆိုသောစာများကို N.L.D ပါတီမှ ဖြန်ချီသည့်ပုံစံဖြင့်ဆောင်ရွက်ရန် အစ္စလာမ်ဘာသာဝင်များကို ၎င်းတို့ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကိုဖျက်ဆီးခြင်း လိုအပ်လျှင် အခြေအနေမတည်ငြိမ်အောင် အထိကရုန်းများဖန်တီးပြီး ဖြစ်ပေါ်လာသည့် ပြဿနာကိုအကြောင်းပြုကာ နိုင်ငံအတွင်းဘာသာရေးပဋိပက္ခများ ပေါ်ပေါက်စေရန် ဖြစ်ပါတယ်။

၂၀၀၁ခုနှစ် မတ်လတုန်းက ရခိုင်ပြည်နယ်ကျောက်ဖြူခရိုင်ရှိ မွတ်ဆလင်ဘုရားရှိခိုးကျောင်း ၄ခုကို သံဃာအတုများ ခလရ ၃၄ မှ စစ်သားများအပါအဝင် ကြံ့ဖွတ် ၅၀၀ နီးပါခန့်တို့နှင့် မွတ်ဆလင်ဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ပြီး ဖျက်ဆီးခဲ့ကြတယ်။၂၀၀၃ခုနှစ် ဇန္နဝါရီလ အတွင်း စစ်ကိုင်းမြို့မှာရှိတဲ့ အစ္စလာမ်ဘာသာဝင်များနေထိုင်တဲ့ ကျေးရွာတစ်ခုကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။၂၀၀၅ခုနှစ် ဇွန်လတွင် မန္တလေးတိုင်း အတွင်းရှိ ဟိန္ဒူဘုရားကျောင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

၂၀၀၇ စက်တင်ဘာ ၅ရက်နေ့ မှာလည်း ပခုက္ကူ မှသံဃာတော် များကို သင်္ဃန်းများချွတ် စွမ်းအားရှင် အဖွဲ့တွေက ကြိုးကွင်းတွေနဲ့ဖမ်းဆီး ဓါတ်တိုင်တွင်ကြိုးတုတ်ပါးရိုက် ခြေထောက်ဖြင့်ကန် စသည့် လုပ်ရပ်များ ကိုလုပ်ခဲ့ကြပါတယ်။ သံဃာတော်တပါးကိုလည်း ပျံလွန်တော်မူသည်အထိ ပြင်းထန်စွာရိုက်နှက်ခဲ့ကြပါတယ်။ သူတိုကစတင်ပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ခဲ့သည့်အတွက် ရွှေဝါရောင်တော်လှန်ရေးကြီး ဖြစ်ပေါ်လာပြီး သံဃာတော်တွေ သွေးမြေကျခဲ့ရတာပဲဖြစ်ပါတယ်။ စွမ်းအာရှင်တွေ ပြည်သူစစ် အမာခံရွေးချယ်ထားသူတွေ ကို နိုင်ငံနှင့်အဝှမ်းမှာ အထိကရုံး နှိမ်နှင်းရေးသင်တန်းတွေကို စနစ်တကျ သင်ကြားပို့ချခဲ့ကြပါတယ်။ လူစူခွဲနည်း ကားပေါ်ဆွဲတင်နည်း လူရိုက်နည်း ချုပ်ကိုင်နည်း စသည်တို့ကို သင်ကြားပို့ချခဲ့ကြပါတယ် မီးသတ် ကြက်ခြေနီနှင့် ရယက အဖွဲ့ဝင်များသာမက သက်ဆိုင်ရာ မယက ရယက အဖွဲ့ဝင်ဟောင်းများ ကြံ့ဖွတ်မှ အမာခံလက်ရွေးစင်များ ထောင်ထွက်များ လူဆိုးလူမိုက်များ ချဲရောင်းသူများ အရက်ပုန်းရောင်းသူများ လောင်းကစားဒိုင်ကိုင်သူများ ဇိမ်ခန်းထောင်စားသူများနှင့် လူပေလူတေများ ကျဘမ်းအလုပ်ကြမ်းသမားတွေ အလုပ်လက်မဲ့တွေ ကို တနေ့ ၂၅၀၀ ကျပ် ၃၀၀၀ကျပ် ပေးကမ်းခဲ့ပြီး အခြား စာနပ်ရိက္ခာများပါထောက်ပံ့ပေးပြီး ပြည်သူလူထုခြင်း တန်ပြန်တိုက်ခိုက်နည်းကို အသုံးချခဲ့တာပဲဖြစ်ပါတယ်။ကြံ့ဖွတ်အဖွဲ့ဝင်တွေ ကလည်း ဝင်ရောပြီး ပြည်သူအချင်းချင်း ရုန်ရင်းဆန်ခတ် ပုံစံဖြစ်အောင်လုပ်ပြီး ဝင်ရောက်ဖမ်းဆီးတာမျိုးတွေလည်း ရှိပါတယ်။

၈၈၈၈တုန်းက လဲမ.ဆ.လအချောင်သမားတောကြောင်များမှနေပြီး သောက်ရေအတွင်းအဆိပ်ခပ်မှုများကိုကျူးလွန်ခဲ့ကြပါတယ်။ အဆိပ်ခပ်သူအားဖမ်းမိလျှင်သူတို့ ဘက်မှ စောင့်ကြည့် နေသူများမှ ဓားဖြင့် ဝင်ထိုးပြီးနှုတ်ပိတ်သတ်ဖြတ် ခြင်းများပြုလုပ်လာကြပါတယ်။ဆန္ဒပြ သဘိတ်မှောက်သူများ ကြားထဲတွင် မ ဆ လ ပါတီမှ အမာခံများ ဝင်ရောပြီး အနှောက်အရှက်အဖျက်အဆီးများပြုလုပ်ခဲ့ကြပါတယ်။ အစိုးရပိုင် ဂိုဒေါင်များ ကို ဖေါက်ထွင်းပြီး သူတို့ဖက်မှ စတင်သယ်ယူ ပါတော့တယ် ရပ်ကွက်မှ လူအချို့က ဝင်ရောက်သယ်ယူကြပါတယ်။ထိုသို့ ငြိမ်းချမ်းစွာဆန္ဒပြနေကြခြင်းကို နိုင်ငံတော်မတည်ငြိမ် အောင် နည်းမျိုးစုံ ဖြင့် ဖန်တီးလျှက်ရှိခဲ့ပါတယ်။ တိုင်းပြည်ဆူပူမှု၊ လုယက်မှု၊ ခေါင်းဖြတ်သတ်မှုတွေနဲ့ ... စစ်တပ်က အာဏာသိမ်းပါတော့တယ်။ ဒီကိစ္စတွေကို တာဝန်ယူ ဦးဆောင် လုပ်ကိုင်သူတွေကတော့ ... ဦးခင်ညွန့်နဲ့ ဦးနေဝင်းသမီး .. ဒေါ်စန္ဒာဝင်းတို့ ဦးဆောင်ပြီး လုပ်ကြတယ်လို့ ဖေါ်ထုတ် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

၂၀၀၇ခုနှစ် စက်တင်ဘာ ၂၆ရက်နေ့ ညသန်းခေါင်ယံ အချိန်ကြီးမှာ တောင်ဥက္ကလာပမြို့နယ် ငွေကြာယံ ဘုန်းတော်ကြီးကျောင်းကို ကြံ့ဖွတ် စွမ်းအားရှင်အဖွဲ့များက ဝင်ရောက်စီးနင်းပြီး သံဃာတော်များကို ရိုက်နှက်ဖမ်းဆီးပြီး ကျောင်းတိုက်ကိုပါ ဖျက်ဆီးသွားခဲ့ပါတယ်။ငွေကြာယံ ကျောင်းတိုက်ကို ဝင်ရောက်သွားသော စွမ်းအားရှင် များမှနေ၍ ဘုန်းကြီးကျောင်းသေတ္တာထဲရှိ လူဌာန်းထားသော ငွေကျပ် သိန်း ၂၀ ကိုပါယူသွားကြပါတယ်။


နိုဝင်ဘာလအတွင်းမှာလည်း ဒဂုံမြို့သစ်အရှေ့ပိုင်း အောင်ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းကို ကြံ့ဖွတ်နှင့် စွမ်းအားရှင် အယောက် ၁၀၀ ခန့်က ဝင်ရောက်စီးနင်းပြီး ဘုန်းတော်ကြီးတပါးကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ထိုမျှမက ဘုန်းတော်ကြီး သေတ္တာကိုပါ ဖွင့်ပြီး အလူငွေ ၇သိန်းကျော်ပါ ယူသွားကြပါတယ်။

H I V ဝေဒနာရှင်များကို ကူညီဆောင်ရွက်ပေးနေသည့် သင်္ဃန်းကျွန်မြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက် ကိုလည်း ရဲချုပ်ခင်ရီကနေပြီး တရားဥပဒေစိုးမိုးရေးကိုထိခိုက်သည် ဟု အကြောင်းပြကာ ကျောင်းထိုင်ဆရာတော်ကို ဖမ်းဆီးပြီး H I V ဝေဒနာရှင်များကို မောင်းထုတ်ခဲ့ပါတယ်။ကျောင်းကိုလည်းချိတ်ပိတ်ခဲ့ပါတယ်။
စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ရက်များတွင် ဆူးလေဘုရားအနီးတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများကို စွမ်းအားရှင် အဖွဲ့တွေက မြို့တော်ခန်းမအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွှေဆွဲကြိုး ၅ကုံးနှင့် အခြားအဖိုးတန် ပစ္စည်းများကို မတရားသိမ်းယူခဲ့ကြပါတယ်။ထိုကဲ့သို့ မင်းမဲ့စရိုက်ဆန်ဆန်ပြုသူများကို အာဏာပိုင်များမှနေ၍ အရေးယူခြင်းမရှိတဲ့အပြင် ဆုလာဒ်များပေး၍ သူကောင်းပြုခဲ့ပါတယ်။စက်မှု (၁) ၀ံကြီး ဦးအောင်တောင်း ကုန်အောင်တောင်း သေအောင်တောင်းတဲ့ ဦးအောင်သောင်းက စက်မှု(၁)ဝန်ကြီးဌာနမှထုတ်သော ဆိုင်ကယ်များကို ချပေးပြီး ကုမ္ပဏီများ ဖွင့်နှိုင်သည်အထိ ဆုချီးမြှင့်ခဲ့ပါတယ်။ အခြေအနေမဲ့ စွမ်းအားရှင် အယောက် ၅၀၀ ကိုလည်း စည်ပင်သာယာရေး ကော်မတီတွင် နေ့စားအလုပ်သမား အဖြစ်ခန့်အပ်ခဲ့ပါတယ်။ထို့အပြင် လူမှုထူးချွန်တံဆိပ် ပထမ အဆင့် ၁၀၂ ဦး ကို ရွေးချယ်ပေးအပ်ခဲ့ပါတယ်။


ဒါမျိုးတွေဘယ်သူလုပ်နေတာလဲ?????
ဘာဖြစ်စေချင်ကြတာလဲ?????ဒါဘာသဘောလဲဆိုတာခင်ဗျားတို့ဖာသာပဲဖြေကြည့်ကြပါတော့-စာရှည်မှာစိုးသဖြင့် တခန်းရပ်ထားပါတယ် ဆက်လက်တင်ပြပေးပါဦးမည်။ အချို့အကြောင်းအရာများကို
လိုက်မယ်ဆိုရင် ၃၀၀၀… မလိုက်ရင်ဒါဏ်ငွေ ၃၀၀၀ ... ဒါဏ်ငွေပေးပြန်တော့… မလိုက်မနေရတဲ့…

တွင်ဖေါ်ပြပြီးဖြစ်ပါတယ်။


၎င်းဖြစ်စဉ်များကို အသေးစိတ် မှတ်တမ်းတင်ထားပြီး လူ နာမည်များကိုချန်လှပ်ထားခဲ့ပါတယ်။ယင်းဖြစ်စဉ်များကိုပြန်လည်သုံးသပ် ပြီး လက်ရှိနိုင်ငံရေး အခြေအနေနှင့် ယှဉ်တွဲလေ့လာ နှိုင်ရန်တင်ပြ ခြင်းဖြစ်ပါတယ်။ဆက်လက်တင်ပြရန်များကျန်ရှိနေပါသေးတယ်။အမျာပြည်သူများ သိပြီးသူများပါ ပြန်လည် ဆင်ခြင်သုံးသပ်နှိုင်ရန် လွပ်လပ်စွာရှဲပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ရိုးသားစွာ လုပ်ကိုင်စားသောက်နေကြသော ပြည်သူလူထုကြီးနှင့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် မှန်မှန်ကန်ကန် ရပ်တည်နေကြသော သူများအတွက် နိုင်ငံရေးအောက်လမ်းနည်းများ ဖြင့် အောက်တန်းကျစွာလုပ်ကိုင်နေကြသော ဖြစ်စဉ်များကို ပြန်လည်ဆင်ခြင်သုံးသပ်ကြခြင်းဖြင့် ဖြစ်ပေါ်လာမည့်အကျိုးဆက် အန္တရာယ် များကို တင်ကြိုကာကွယ်နှိုင်ကြပါစေ…
ဇော်ဝမ်းမောင်


ဒါမျိုးတွေဘယ်သူလုပ်နေတာလဲ?????ဘာဖြစ်စေချင်ကြတာလဲ????? ဒါဘာသဘောလဲဆိုတာ ခင်ဗျားတို့ဖာသာပဲ ဖြေကြည့်ကြပါတော့ --2015 နီးပြီ ဒီမိုကရက်တစ်တွေ သတိထားကြ!!!!! အပိုင်း(၂)

တခါတလေ လူမှုရေးရာ ကိစ္စတွေမှာ . မတူတဲ့ "ဘက်" တွေနှင့် ရပ်တည်မှုတွေ ရှိနေကြတဲ့အတွက် လူမှုအသိုင်းအဝိုင်းအတွင်း ... ရင်ဆိုင်ရလာမယ့် ပိုကြီးမားတဲ့ အခက်အခဲတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူထု သိအောင် ဆွေးနွေးချပြပြီး တူညီတဲ့ အကျိုးအမြတ်တစ်ခုအဖြစ် ဖြေရှင်းသင့်ပါတယ်။ဘယ်သူဘယ်ဝါရယ်လို့ ရည်ရွယ် ပြောဆိုခြင်းမဟုတ် ပေမဲ့ တကယ်လည်း ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေပါ။"ဒီမိုကရေစီရဲ့ လွတ်လပ်ခွင့်" နဲ့ "အကြမ်းဖက်ခွင့်" ကို ခွဲခြားနားလည် နိုင်ရပါမယ်။ဥပဒေအရ မှန်နေရင်တောင် ဘယ်အကြောင်းပြချက်နဲ့မှ လက်ခံလို့မရပါ။ လူသားမဆန်တဲ့ ရိုင်းစိုင်းမူတွေ သာ ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုး (ခေါ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို ၁၉၉၃ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့တွင် အသင်းအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာဥပဒေ ၆/၈၈ အောက်တွင် စစ်အစိုးရက နေပြီး ကမကထပြု၍ ဖွဲ့စည်းခဲ့ပါတယ်။၂၀၀၅ခုနှစ် ဒီဇင်ဘာ ၆ရက်နေ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ကြံ့ဖွတ် ဗဟိုဌာနချုပ် သတင်းစာရှင်းလင်းပွဲမှာ အထွေထွေ အတွင်းရေးမှုး ဦးဌေးဦးကနေပြီး နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်း နှိုင်ကြောင်းကိုလည်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။အဲဒီအချိန်ကထဲက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ကြံ့ဖွံ့တွေဟာ စစ်တပ်ထိပ်ပိုင်း စစ်အာဏာရှင်တွေက နေရာပေးလာတာနဲ့ အမျှ အရာရှိ စစ်သည်များထက် အခွင့်အရေး ပိုမိုရရှိ လာကြပါတယ်။ ယခင်က မီးရထားဘူတာရုံ၊ သဘောင်္ဆိပ်ကမ်း၊ လေဆိပ်တို့မှာ လက်မှတ် ကြိုတင်လုပ်တဲ့အခါ စစ်တပ်ဝရမ်းဆိုရင် ဦးစားပေးအဆင့်တွေထဲမှာ ပါရှိပါတယ်။ ဒါပေမဲ့ ကြံ့ဖွံ့လက်မှတ်ပါရင်ဖြစ်ဖြစ်၊ ကဒ်ပြားပြရင်ဖြစ်ဖြစ်၊ ဖုံးနဲ့ပြောထားရင် ဖြစ်ဖြစ်၊ စစ်တပ်ဝရမ်းတွေက တောင် နောက်ဆုတ်ပေးကြရပါတယ်။ ယခင်တုံးက ရပ်ကွက်ထဲမှာ လူမိုက်လို့ သတ်မှတ်ထားပြီး လူရာဝင်စာရင်း မရှိကြတဲ့ သူတွေက ကြံ့ဖွံ့ဖြစ်လာပြီး အရေးပါအရာရောက် လာသလိုတွေဖြစ်နေတော့ ပိုပြီးအံ့သြရပါတယ်။

ထို့ပြင် မြန်မာနိုင်ငံတဝှမ်းလုံးရှိ ကျေးရွာ ရပ်ကွက် ဥက္ကဌများ နှင့် မယက ဥက္ကဌ များကိုလည်း လုပ်ပိုင်ခွင့်အာဏာများ ပေးအပ်ထားပြီး အကြမ်းဖက်မှုများ လူ့အခွင့်အရေးချိုးဖေါက်မှုများ နှင့် လာဒ်ပေးလာဒ်ယူမှုများ ပိုမိုလာစေရန် တွန်းအားပေးနေ သကဲ့သို့ဖြစ်နေပါတယ်။ပြည်သူလူထု အတွင်း စီးပွားရေး လူမှုရေး ပညာရေး အစရှိသော ကဏ္ဍအရပ်ရပ်တို့ တွင် ချုပ်ကိုင်ထားပြီး မက်လုံးပေး၍သော်၎င်း ခြိမ်းခြောက်၍သော်၎င်း အကျပ်ကိုင်သောနည်း နည်းအမျိုးမျိုးဖြင့် စည်းရုံးသိမ်းသွင်းခဲ့ကြပါတယ်။များသောအားဖြင့် စီးပွားရေးအဆင်မပြေသူများကို တရားဥပဒေနှင့် မလွတ်ကင်းသော (ဥပမာ- ထောင်ထွက်များ လူဆိုးလူမိုက်များ ချဲရောင်းသူများ အရက်ပုန်းရောင်းသူများ လောင်းကစားဒိုင်ကိုင်သူများ ဇိမ်ခန်းထောင်စားသူများနှင့် လူပေလူတေများ) အလုပ်များကို လုပ်ကိုင်စေခြင်း အရေးမယူခြင်း တို့ဖြင့် စည်းရုံးသိမ်းသွင်းခဲ့ပါတယ်။အသက် ၁၅နှစ်မှ ၃၀နှစ်အတွင်းကို ပြည်ခိုင်ဖြိုး အသင်းဝင်အဖြစ်၎င်း အသက် ၃၀ နှင့် ၄၀ ကြားကို စွမ်းအားရှင် အဖြစ်၎င်း အသက် ၁၈ နှစ်နှင့်အထက်အမျိုးသမီးများကို အမျိုးသမီးရေးရာ ဟု ၎င်း သတ်မှတ်ခဲ့ကြပါတယ်။

(၂၀၁၀) ခုနှစ် ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က တပ်ရင်းမှူး တိုင်းမှူးတွေဟာ ကြိုတင်မဲများဖြင့် အရာရှိများကိုယ်တိုင် အမှန်ခြစ်ကာ ထောက်ခံမဲများ ရရှိအောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ တချို့နယ်မြေတွေမှာတော့ ကျေးရွာ သူကြီးများကို စစ်ကြောင်းမှူးများ၊ တပ်ရင်းမှူးများက ဆင့်ခေါ်ပြီး မသိနားမလည်သော ရွာသားများအား ကြံ့ဖွံ့ပါတီ အနိုင်ရရေးအတွက် အာဏာသုံး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရပ်ကွက်ကျေးရွာ အစရှိသည်တို့တွင် အသင်းဝင်မဟုတ်သူများကို စီးပွားရေး လူမှုရေး ပညာရေး အစရှိသော ကဏ္ဍအရပ်ရပ်တို့ တွင် အမျိုးမျိုး အနှောက်အယှက်ပေးပြီး အခွင့်အလမ်းများနည်းပါးအောင် ပြုလုပ်ခဲ့ကြပါတယ်။ဥပမာအားဖြင့် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ရှိ လယ်သမားများကို ၁၉၉၃ ခုနှစ်လောက်က လက်နက်ကိုင် ကရင်တိုင်းရင်းသားများနှင့် အဆက်အသွယ်ရှိသည်ဟု ဆိုကာ လယ်ယာမြေလုပ်ပိုင်ခွင့်များကို ပိတ်ပင်ခဲ့ပါတယ်။သို့သော်လည်း ကြံ့ဖွတ် အသင်းသို့ အသင်းဝင်အဖြစ် ဝင်ရောက်ပါက ဆုံးရှုံးသွားသောလယ်မြေများ ပြန်လည်လုပ်ပိုင်ခွင့်ပေးမည်ဆိုပြီး အကျပ်ကိုင် ခဲ့ကြပါတယ်။

တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ၊ရေချမ်း၊တောင်တွင်းမှော်၊ပြင်းတော အစရှိသည့်ကျေးရွာများတွင်လည်း ခမရ ၄၀၁ က လူငယ်များကို ပေါ်တာဆွဲကာ ကြံ့ဖွတ် အသင်းဝင်ဆိုလျှင် ပြန်လည်စေလွှတ်ခဲ့ပါတယ်။ထို့ကြောင့် ကျေးရွာနေ လူငယ်များမှာ ပေါ်တာကြောက်၍ အသင်းဝင်ကြရပြန်ပါတယ်။ကြံ့ဖွတ် ကဒ်ပြားရှိလျှင် မြန်မာနိုင်ငံအတွင်းတွင် လွပ်လပ်စွာ သွားလာခွင့်ရှိကြပါတယ်။ ရပ်ကွက်ကျေးရွာများကိုလည်း စီးပွားရေး အလို့ငှာ မည်သည့်စီးပွားရေးမှ လုပ်ကိုင်ခွင့်မရှိအောင် ၁၉၉၅ ခုနှစ် ဇန်္န၀ါရီ ၂၃ရက် နေ့စွဲပါ စာအမှတ်/၅/ကြံ့ခိုင်ရေး/၉၅(၅၄၇) ဖြင့်ညွှန်ကြားထားပြီး ကြံ့ဖွတ်အသင်းမှ ဗဟိုအမှုဆောင်များ၏ ခွင့်ပြုချက်မရဘဲ မည်သည့်စီးပွားရေးမှမလုပ်ရန် စာအမှတ်/၅/ကြံ့ခိုင်ရေး/၉၅(၀၆၁) ဖြင့်၎င်း ညွှန်ကြားထားခဲ့ပါတယ်။


ကြံ့ဖွတ်၏ စီးပွားရေးလုပ်ငန်းများကတော့ ၁၉၉၅ခု နှစ်ဆန်းပိုင်းမှာ ရင်းနှီးငွေ ကျပ်၆၈သန်းဖြင့် မြန်ဂုဏ်မြင့် ကုမ္ပဏီကိုတည်ထောင်ခဲ့ပါတယ်။ဒဂုံမြို့သစ်မြောက်ပိုင်း ပင်လုံရတနာဈေးကြီးရှိ ဆိုင်ခန်း ၃၈၂ခန်း ရောင်းရငွေ ကျပ် ၃၉သန်း လစဉ်ငှားရမ်းခ ကျပ် ၆သောင်းခွဲ မြေနီကုန်းဈေးမှလည်း ကျပ်သန်း၂၀၀ ရရှိခဲ့ပါသေးတယ်။ ဈေးခန်း ဆိုင်ခန်းများ ငှားခမှာ လစဉ် သန်းနဲ့ချီရရှိနေကြတာဖြစ်ပါတယ်။၁၉၉၅ ခုနှစ် စက်တင်ဘာလ နှစ်ပါတ်လည် အစည်းအဝေး တွင် တင်သွင်းသည့် စာအရဆိုလျှင် စီးပွားရေလုပ်ကိုင်ခဲ့ရာ အမြတ်ငွေ စုစုပေါင်း ၃၆၂ သန်းရရှိခဲ့ကြောင်းသိရပါတယ်။ စီးပွားရေးဆိုသည်မှာလည်း ဈေးဆိုင်ခန်းများ ရောင်းစား ပြီး အငှားခယူခြင်း၊လယ်မြေများသိမ်း၍ ငါးမွေးမြူရေး လုပ်ငန်းများလုပ်ခြင်း ပြည်သူလူထုအပေါ် ကုတ်သွေးစုတ်သည့် လုပ်ငန်းများသာ ဖြစ်ပါတယ်။

ရန်ကုန်တိုင် လှိုင်မြို့နယ် မြေတိုင်းရပ်ကွက် အမှတ် ၂၄ရှိ မြေဧရိယာ ဧက (၁၅.၅၀၇) ကို လွှဲပြောင်းရယူပြီး ဒေသခံလယ်သမားများကို အငှားပြန်ချပေးခြင်း စစ်ကိုင်းတိုင်းမင်းကင်းမြို့နယ်တွင် လယ်ယာမြေဖေါ်ထုတ်ရေး ဆိုပြီး ဒေသခံပြည်သူတွေကို အဓမ္မလုပ်အားပေး စေခိုင်းပြီး ၎င်းလယ်ယာမြေ အသစ်များ ဧက ၃၀၀၀ အနက် ခမရ ၃၆၄ နှင့် ခမရ ၃၆၆ မှ ဧက ၁၀၀၀ စီ ရရှိကြပြီး ကြံ့ဖွတ်မှ ဧက၅၀၀ ကျန်သည့် ဧက ၅၀၀ကိုမှ ဒေသခံများရရှိခဲ့ကြပါတယ်။

ကြံ့ဖွတ် အသင်းနှင့် မပါတ်သက်သော ကိုယ်ပိုင်စီးပွားလုပ်ကိုင်စားသောက်ကြသူများမှာ အနှောက်အယှက်ပေးမှုများ ခြိမ်းခြောက်မှုများ မကြာခဏ ခံခဲ့ကြရပါတယ်။၂၀၀၅ ခုနှစ် နိုဝင်ဘာလ (၄)ရက်နေတွင် ပခုက္ကူမြို့နယ် ကြံ့ဖွတ် အတွင်းရေးမှုးမှ ၎င်းနှင့် စီးပွားပြိုင်ဘက်ဖြစ်သူ တစ်ဦးကို သူ၏တပည့်များအား ၎င်းနှင့် စီးပွားပြိုင်ဘက်ဖြစ်သူ၏ လုပ်ငန်းများတွင် ဝင်ရောက်နှောက်ယှက်စေ၍ အသက်အန္တရာယ် ခြိမ်းခြောက် ခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

၂၀၀၃ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့ နေ့စွဲဖြင့် တောင်ဥက္ကလာပမြိုနယ် ကြံ့ဖွတ် လျှို့ဝှက်စီမံချက်တစ်ခုတွင် မြန်မာပြည်အတွင်းရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နှင့် အခြားအတိုက်အခံအဖွဲ့အစည်းများ၏ စိတ်ဓါတ်ရေးရာနှင့် လှုပ်ရှားမှုနယ်မြေများ ကျဉ်းမြောင်းလာစေရန်နှင့် အတိုက်အခံ အင်အားစုများမှ သာမန်အဖွဲ့ဝင်များ ကြံ့ဖွတ်အသင်းသို့ ဝင်ရောက်လာစေရမည်ဟု စီမံချက်များချခဲ့ကြပါတယ်။

ကြံ့ဖွတ် အသင်းဝင်များမှ NLD ပါတီကို ဖျက်သိမ်းပေးရန် တောင်းဆိုမှု များပြုလုပ်ခဲ့ကြပြီး ၁၉၉၈ ခုနှစ် နိုဝင်ဘာလတွင် အမှတ် ၁၉ စစ်ထောက်လှမ်းရေး ဌာန အကြီးအကဲ ဗိုလ်မှုးမြင့်ဦးမှ နေပြီး မြိတ်မြို့နယ်တွင် NLD ပါတီကို တရားမဝင်အသင်း အဖြစ် ကြေငြာတော့မည်ဖြစ်ကြောင်း ပါတီဝင်များအနေဖြင့် အဖွဲ့ချုပ်မှ နှုတ်ထွက် ပေးကြရန်ပြောကြားလိုကြောင်း သတ်မှတ်ရက်အတွင်း နှုတ်ထွက်မပေးပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။NLD ပါတီဝင်များကို ခြိမ်းခြောက် နှုတ်ထွက်စေခြင်း NLD ပါတီ ကိုဆန့်ကျင်ရှုတ်ချခြင်း ဖျက်သိမ်းပေးရန်တောင်းဆိုခြင်း နည်းအမျိုးမျိုးတို့ ဖြင့် လုပ်ဆောင်ခဲ့ကြပါတယ်။

၂၀၀၆ခုနှစ် သြဂုတ်လတွင် မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် ကြံ့ဖွတ် အသင်းမှနေပြီး NLD ပါတီဝင်များကို ခြိမ်းခြောက်ပြီး နှုတ်ထွက်ရန်စေခိုင်းခဲ့ပါတယ်။ ၂၀၀၇ ဇွန်လ (၁၁)ရက် နေ့တွင်လည်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှ NLD ပါတီ စည်းအဖွဲ့ဝင် တစ်ဦး၏ အိမ်သို့ ကြံ့ဖွတ် နှင့် စွမ်းအားရှင် နှင့်နယ်ထိန်းများရောက်လာပြီး အဖွဲ့ချုပ်မှ နှုတ်ထွက်ပေးရန် အတင်းဖိအားပေးခဲ့ပါတယ်။ပြင်ဦးလွင် နောင်ခမ်းကြီးကျေးရွာတွင်လည်း NLD ပါတီ စည်းအဖွဲ့ဝင် တစ်ဦးကို ခေါ်ယူ ခြိမ်းခြောက်ပြီး သတင်းပေးလုပ်ရန် ခိုင်းစေခဲ့ပါတယ်။

၁၉၉၉ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက် ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှ ပေါက်ကံကျေးရွာ ဒေသခံ ၂၀ခန့်တို့အား နာမည်စာရင်နှင့်တကွ အကြမ်းဖက် လုပ်ရပ်များတွင် NLD ပါတီ နှင့်ပူးပေါင်းဆောင်ရွက်သည်ဟု စွတ်စွဲကာ NLD ပါတီ မှ နှုတ်ထွက်ကြောင်းလက်မှတ်ရေးထိုးစေခဲ့ပါတယ်။၁၉၉၉ ခုနှစ် စစ်ကိုင်းတိုင်း ကလေးဝမြိုနယ် NLD ပါတီ မြို့နယ်စည်းရုံးရေးကော်မတီ လူငယ်စည်းရုံးရေးတာဝန်ခံ ဒေါ်ခင်နှင်းကြည် ကိုလည်း အဖွဲ့ချုပ်မှ နှုတ်ထွက်ပေးရန် အတင်းဖိအားပေးခဲ့ပါတယ်။အကယ်၍ မနှုတ်ထွက်ပါက ခင်ပွန်းဖြစ်သူကို အလုပ်မှပြုတ်မည်ဟုဆိုလာသဖြင့် လင်မယားကွာရှင်းပြတ်စဲ ခဲ့ရပါတယ်။

မည်သို့ပင်ဆိုပါစေမူ တပ်မတော်သား အများစုဟာ အထူးသဖြင့် ဌာနဆိုင်ရာဝန်ထမ်းတွေကို သူတို့ရဲ့စိတ်ဆန္ဒမပါဘဲ ကြံ့ဖွံ့ပါတီဝင်အဖြစ် ဇွတ်အတင်း ဝင်ခိုင်းခဲ့တဲ့အပေါ်မှာလည်း လိုလားနှစ်သက်မှု မရှိခဲ့ကြပါဘူး။၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်ကထဲက အာဏာကိုဆက်ပြီးဆုတ်ကိုင်သွားဘို့ စစ်အာဏာ ရှင်တွေက ကြိုတင်ပြင်ဆင်ခဲ့တာပါ။ ၁၄နှစ် တိုင်တိုင် ကမ္ဘာမှာ အကြာ ဆုံးရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာကလည်း သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဘို့ ရေးဆွဲထားတာဘဲ ဖြစ်ပါတယ်။နိုင်ငံတော်အာဏာ ကို အရပ်သားများ ဘက်မှ မရရှိနိုင်စေရန် ကြိုတင်စီမံပြီးမှ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအခန်း(၂) အပိုဒ်(၄)မှာ ပါတီတည်ထောင်လိုသူများသည် နိုင်ငံ့ဝန်ထမ်း မဖြစ်ရလို့ပါရှိပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ် ကကော ဝန်ထမ်းမဟုတ်ဘူးလား၊နိုင်ငံတော်လစာစားတာချင်းအတူတူပါဘဲ၊အဲဒီအချိန်တုန်းက ကြံ့ဖွံ့ပါတီခေါင်းဆောင်က စစ်အစိုးရရဲ့နိုင်ငံတော်ဝန်ကြီးချုပ် တယောက်ပါ။ ဝန်ကြီးချုပ်ဆိုတာ တိုင်းပြည်ရဲ့ အမြင့်ဆုံး ဝန်ထမ်းတယောက် မဟုတ်ဘူးလား ပါတီဝင်တွေကကော ဝန်ထမ်းတွေကြီးဘဲ မဟုတ်ဘူးလား။

ရာဇသတ်ကြီး ဥပဒေ အခန်း (၂) မှာလည်း ဥပဒေ ဝေါဟာရများကို အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။ အဲဒီအခန်းရဲ့ပုဒ်မ ၂၁ မှာ ပြည်သူ့ ဝန်ထမ်း ဆိုတာ ပုဒ်မခွဲ ၉ မှာ အစိုးရဝန်ကြီးများ လို့ဖေါ်ပြထားပါတယ်။

အခြေခံဥပဒေမှာ နိုင်ငံဝန်ထမ်းနှင့် နိုင်ငံရေးအကြား တိုက်ရိုက် နယ်နမိတ်စည်းခြားထားတဲ့ ပုဒ်မ (၂၆)(က)၊ပုဒ်မ ၁၂၁(ည) တွေမှာ မတူညီမှုရှိနေခြင်းတွေကို တိုက်ရိုက် ခွဲခြားပြ ဆိုထားပါတယ်။ ပုဒ်မ (၂၆)(က)မှာ နိုင်ငံဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းရမည် လို့ဆိုထားပါတယ်။

ပုဒ်မ ၁၂၁ မှာအောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေရ လို့ဆိုထားပြီး အဲဒီခေါင်းစဉ်အောက်မှာ ရာဇဝတ်အကျဉ်းသားများ၊စိတ်ပေါ့သွပ်သူများ၊နိုင်ငံခြားသားများ အစရှိသည် တို့ပါဝင်ပါတယ်။ပုဒ်မခွဲ(ည)မှာ နိုင်ငံဝန်ထမ်း လို့ပါရှိပါတယ်။ ဒါပေမဲ့ နိုင်ငံဝန်ထမ်း ဆိုတဲ့နေရာမှာ ခြွင်းချက် အနေနဲ့ ရွေးချယ်ခန့်အပ်ခြင်း ခံထားရသည့် တပ်မတော်သားများ အပါအဝင် နိုင်ငံဝန်ထမ်းများ နှင့် မသက်ဆိုင်စေရ လို့ပါရှိပါတယ်။

ရွေးချယ် ခန့်အပ် တာနှင့် ရွေးကောက်တင်မြှောက်တာဟာ အဓိပ္ပါယ်ကွာခြားပါတယ် ယခု လက်ရှိသမ္မတ ဦးသိန်းစိန်ဟာ ရွေးချယ် ခန့်အပ်တာလား ရွေးကောက်တင်မြှောက်တာလား၊ ရွေးချယ် ခန့်အပ်တာ ဆိုရင်တော့ ဒီမိုကရေစီ နည်းလမ်း မကျပါဘူး။

နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေ အခန်း(၃)မှာ နိုင်ငံတော်ပိုင်ငွေကြေး မြေ အိမ် အဆောက်အအုံ ယဉ် ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ရယူသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိစေရ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းကို ပယ်ဖျက်၍ယင်းပါတီကိုဖျက်သိမ်းရမည်ဟုပြ ဌာန်း ထားပါတယ်။

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ (ကက) ရုံးနှင့် ကြံ့ခိုင်ရေး ပါတီတို့က အဓမ္မသိမ်းယူ ထားသော ဒေသခံလယ်သမားများ၏ လယ်ဧက ၂၀၀ ကျော်အဆိုပါလယ်မြေများကို ၂၀၀၂ ခုနှစ်နောက်ပိုင်းမှ စတင်ကာ ဝါးတောကျေးရွာ အခြေစိုက် (ကက) ရုံးမှ ၉၈ ဧက နှင့် ကြံ့ခိုင်ရေး ပါတီက ဧက ၁၄၀ ကျော် အခမဲ့သိမ်းယူခြင်း ခံခဲ့ရပြီး ထိုနေရာများတွင် ၂၀၀၄ ခုနှစ်မှ စတင်ကာ ငါးမွေးမြူရေး လုပ်ငန်းများ လုပ်ဆောင်နေကြပါတယ်။လယ်ပိုင်ရှင်များက နွေနှင့် မိုး စပါးများစိုက်ပျိုးသော ထိုလယ်မြေများကို(ကက) က စစ်တပ်စီမံကိန်းကို အကြောင်းပြ သိမ်းယူခဲ့ သကဲ့သို့ ကြံ့ခိုင်ရေးပါတီ ကလည်း ဗဟိုလူငယ်အဖွဲ့မှ ကန်တူးဖော်ရန်ဟုဆိုကာ အလံတိုင်များစိုက်ထူသတ်မှတ်ကာ သိမ်းယူ သွားခြင်း ဖြစ်ပါတယ်။

ဒါဟာ ဥပဒေကို ချိုးဖေါက်တာပါ ။ဒီလောက်နဲ့တင် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေ အခန်း(၃) အရ အရေးယူသင့်ပါပြီ။ ဆက်ပြောရလျှင်ကုန်နှိုင်ဖွယ် မမြင်ပါ ။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ(၆)(ဂ) ၊ပုဒ်မ(၁၄)(က/၄)တို့အရ ရွေးကောက်ပွဲကော်မရှင်ကနေပြီး ဥပဒေဖေါက်ဖျက်တဲ့ ဘယ်လိုနိုင်ငံရေးပါတီ ကိုမဆို ဖျက်သိမ်းနှိုင်တဲ့ အခွင့်အာဏာ ရှိပါတယ်။ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင် ဟာ ဒီဥပဒေတွေကိုကျင့်သုံးပြီး ကြံ့ဖွံ့ ပါတီကိုဖျက်သိမ်းခြင်းမရှိခဲ့ပါဘူး။ ကြံ့ဖွတ် အသင်းကလုပ်တာပါ ကြံ့ဖွတ်ပါတီက လုပ်တာမဟုတ်ပါဘူး လို့ လက်တလုံးခြားဥပဒေတွေ နဲ့ ငြင်းချက်ထုတ်ကြဦးမှာလား ။အရင်အစိုးရ လုပ်တာပါ အခုအစိုးရကဖြေရှင်းနေရတာပါဆိုတာမျိုးပေါ့။

ပြည်သူလူထုဟာ ယနေ့အချိန်အထိကို ဥပဒေရဲ့ အကာအကွယ်၊ ဥပဒေနဲ့ ချေပခွင့်ဆိုတာ လုံးဝ မခံစားခဲ့ရဘူး။လယ်ယာမြေ မတရား သိမ်းကျုံးယူနေတဲ့ မြေစာရင်းရုံး ဝန်ထမ်းများ၊ ပြည်သူ့ သွေးစုပ်ဖုတ်ကောင် ရဲဝန်ထမ်းများ၊ ယူနီဖောင်းကို အရေခွံ ခြုံထားတဲ့ ဒုစရိုက်သားကောင် ကြံ့ဖွံ့စစ်သားများကအစ ရိုက်စား၊ လိမ်စား၊ ခြိမ်းချောက် ဥပဒေကို ပုဒ်မ အမျိုးမျိုးတပ် ကျွန်တော်တို့ ပြည်သူတွေက ဥပဒေဆိုတာ နှစ်ပေါင်း (၅ဝ) ကျော်လောက် အကျိုးမပေး၊ မကာကွယ်နိုင်တာကြောင့် ဘယ်ဥပဒေကိုမှ နားမလည်နိုင်ကြတာ အမှန်ပါ။
ဇော်ဝမ်းမောင်


ဒါမျိုးတွေဘယ်သူလုပ်နေတာလဲ?????ဘာဖြစ်စေချင်ကြတာလဲ????? ဒါဘာသဘောလဲဆိုတာ ခင်ဗျားတို့ဖာသာပဲ ဖြေကြည့်ကြပါတော့….. NLD ချေမှုန်းရေး မဟာဗျူဟာကို ယောင်ဝါးပြီး မထောက်ခံမိကြဖို့ သတိရှိ စေခြင်!!!! အပိုင်း(၃)


စစ်အစိုးရဟာ နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့် အကျပ်အတည်းတွေ့နေရတဲ့အချိန်မှာ ထိုကဲ့သို့အရေးယူ ပိတ်ဆို့မှုများအတွက် ပြည်သူလုထုမှ ရှုတ်ချသည့် အသွင်သဏ္ဍန် ကြံ့ဖွတ်အင်အားစုတွေနဲ့ လူစုလူဝေးပွဲတွေ ကို မြန်မာပြည်နေရာအနှံ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ စစ်အစိုးရ ရဲ့ တဖက်သတ် ကျင်းပပြုလုပ်တဲ့ အမျိုးသားညီလာခံကိုလည်း ပြည်သူလူထုမှ ထောက်ခံသည့် အသွင်သဏ္ဍန် ပွဲများ မြန်မာနိုင်ငံ နေရာအနှံ့မှာလည်း ပြုလုပ်ဖန်တီးခဲ့ကြပါတယ်။ ထို့အပြင် ပြည်သူလူထုကိုလည်း ခြိမ်းခြောက်၍သော်၎င်း ငွေပေး၍သော်၎င်း နည်းအမျိုးမျိုးဖြင့် ကြံ့ဖွတ် အမာခံများမှနေပြီး အတုအယောင် ထောက်ခံပွဲများကို တက်ရောက်စေခဲ့ပါတယ်။၁၉၉၄ ဇန္နဝါရီလ မှ စတင်၍ ၂၀၀၅ခုနှစ်အထိ အတုအယောင် ထောက်ခံပွဲများကို လူထုဆန္ဒမပါဘဲ အတင်းအဓမ္မ ခေါ်ယူစုဆောင်းပြီး တိုင်းနှင့်ပြည်နယ် နေရာ ၇၇ နေရာတို့တွင် ကျင်းပခဲ့ကြ ပါတယ်။၂၀၀၅ ခုနှစ်နောက်ပိုင်း မှ ၂၀၀၇ခုနှစ် ကာလများအထိ ကြံ့ဖွတ်မှ ဦးဆောင်ပြီး အတုအယောင် ထောက်ခံပွဲများကို ပြည်သူလူထုမှ ထောက်ခံသည့် အသွင်သဏ္ဍန် ပွဲများ နေရာအနှံ့မှာ ပြုလုပ်ဖန်တီး ခဲ့ကြ ပါတယ်။

၂၀၀၃ ခုနှစ် စက်တင်ဘာလအတွင်း မြိတ်ခရိုင်အတွင်းရှိ ပြည်သူများကို တအိမ်ထောင် ၂ယောက် နှုန်းဖြင့် မြဧရာဘော်လုံးကွင်းတွင် လာရောက်စုရုံးစေရန် ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ် တိုင်းမှုးမှ အမိန်ပေးပြီး တက်ရောက်ရန်ပျက်ကွက်ပါက ဒါဏ်ကြေးငွေ ၅၀၀ကျပ် ပေးဆောင်ရမည်ဟု အမိန့်ထုတ်ခဲ့ပါတယ်။

၂၀၀၃ခုနှစ် စက်တင်ဘာလ အတွင်းမှာလည်း တနင်္သာရီတိုင်း ထားဝယ်နှင့် မြိတ်မြို့များတွင် နအဖ စစ်ရုံးချုပ် အမြှောက်တပ်ဖွဲ့ ညွှန်ကြားရေးမှုး မှသွားရောက်ပြီး အမြှောက်တပ်ရင်း အမှတ် (၂၀၁)(၃၀၁)(၃၀၂)(၃၀၄) (၃၀၆) (၃၀၇) (၃၀၉) (၅၀၁) (၄၀၁) တို့မှ မိသားစုဝင်များကို စုဆောင်းပြီး ထောက်ခံဆန္ဒပြပွဲ များပြုလုပ်ခဲ့ ပါတယ်။

၂၀၀၇ခုနှစ် စက်တင်ဘာလ ကချင်ပြည်နယ် မြစ်ကြီးနာမြို့ တွင်လည်း တအိမ်ထောင် တယောက်နှုန်း တက်ရောက်ရန် ပျက်ကွက်ပါက ထိရောက်စွာ အရေးယူမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်ချုပ်အုန်းမြင်က ခြိမ်းခြောက်ပြောဆိုကာ ဖိအားပေးခဲ့ပါတယ်။ဗန်းမော်မြို့ ဌာနဆိုင်ရာပေါင်းစုံ ကြံ့ဖွတ် အဖွဲ့ဝင်များနှင့် စွမ်းအားရှင် အင်အား ၂၀၀ခန့်ကို မှန်လုံ ဘတ်စ်ကား ၅စီးဖြင့် မြစ်ကြီးနားမြို့သို့ ခေါ်ဆောင်လာပြီး အတုအယောင် ထောက်ခံဆန္ဒပြ ပွဲများ အတိုက်အခံ အင်အားစုများကို ဆန့်ကျင်ရှုတ်ချသည့် လူစုလူဝေးပွဲများ ပြုလုပ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံ နေရာအနှံ့တွင် နေထိုင်ကြသော ပြည်သူလူထုတို့အား တအိမ်တယောက် မလာမနေရ ဟု ခြိမ်းခြောက်၍ သော်၎င်း ငွေပေး၍သော်၎င်း လုပ်အားပေးခိုင်းစေမည်ဟု၎င်း အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုသူကို ထောင် ၇နှစ်ချမည်ဟု ခြိမ်းခြောက်၍ နည်းမျိုးစုံဖြင့် အတိုက်အခံများကို ရှုတ်ချပွဲများသို့ ခေါ်ဆောင်စေခဲ့ပါတယ်။လွပ်လပ်စွာဆန္ဒပြခွင့် လွပ်လပ်စွာ စုရုံးခွင့် ဆိုတာဟာ လူသားအားလုံးတို့၏ ယုံကြည်ချက်ပင်ဖြစ်ပါတယ်။မည်သူမဆို မိမိတို့၏ ဆန္ဒကို ထုတ်ဖေါ်ပြသနှိုင်ခွင့်ဟာ ဒီမိုကရေစီ ကျင့်စဉ်ပဲဖြစ်ပါတယ်။အတင်းအကျပ် မလိုက်မနေရ ဆန္ဒပြခိုင်းခြင်းဟာ လက်ခံနှိုင်ဖွယ်ရာ မရှိပါဘူး။

၁၉၉၈ အောက်တိုဘာလမှ ၁၉၉၉ခုနှစ် ဇန္နဝါရီလ အထိ နိုင်ငံတဝှမ်းရှိ မြို့ကြီး ၁၉ခုမှာ အတိုက်အခံများကို ဆန့်ကျင်သော လူစုလူဝေးပွဲများကို ထောင်ပေါင်းများစွာသောပြည်သူများကို ဒေသခံ အာဏာပိုင်များနှင့် ကြံ့ဖွတ် တို့မှ ဖိအားပေးတက်ရောက်စေခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီးကို ပြည်သူတို့၏ဆန္ဒထုတ်ဖေါ်မှူ ဆိုပြီး လိမ်ပါတော့တယ်။အထူးသဖြင့် ရွှေဝါရောင်တော်လှန်ရေး ကို လက်နက်အားကိုးဖြင့် သဘိတ်လှန်ခဲ့ပြီး နောက်ပိုင်း ၂၀၀၇ စက်တင်ဘာလ နှင့် အောက်တိုဘာ လများတွင် စစ်အစိုးရကိုထောက်ခံသောတန်ပြန် သဘိတ်များ ပြုလုပ်ခဲ့ရာတွင် ကြံ့ဖွတ်အသင်းနှင့် အာဏာရှင်များ၏ သရုပ်မှန်ကို သိသာထင်ရှားစေခဲ့ပါတယ်။

၂၀၀၇ခုနှစ် အောက်တိုဘာလ အတွင်း မန္တလေးတိုင်း မြင်းခြံမြို့နှင့် မိထ္ထီလာမြို့များတွင် ကျင်းပခဲ့သော အမျိုးသားညီလာခံထောက်ခံပွဲများတွင် ကျေးရွာသူရွာသားများကို အတင်းအကျပ်ခေါ်ယူခဲ့ပါတယ် တက်ရောက်သူများကို ၁၅၀၀ ကျပ်ပေးမည် မတက်ရောက်သူများကို ဒါဏ်ငွေ ၁၀၀၀ကျပ် ပေးဆောင်ရမည် ဟုခြိမ်းခြောက်ခဲ့ပါတယ်။ ပြည်သူလူထုမှာ ငွေဖြင့် မက်လုံးပေးခြင်းကြောင့်မဟုတ်ပဲ ဒါဏ်ငွေ မပေးဆောင်နှိုင် ၍သာ တက်ရောက်ခဲ့ကြရပါတယ်။

ပခုက္ကူမြိုတွင်လည်း အမျိုးသားညီလာခံ ထောက်ခံပွဲကို တက်ရောက်သူများကို ၁၅၀၀ ကျပ်ပေးမည် မတက်ရောက်သူများကို ဒါဏ်ငွေ ၃၀၀၀ကျပ် ပြန်ပေးရမည် ဟုခြိမ်းခြောက်ခဲ့ပါတယ်။ ထို့အပြင် မကွေးတိုင်း မကွေးမြို့ ထောက်ခံပွဲများတွင် ကြံ့ဖွတ်နှင့် စွမ်းအားရှင်များက မတက်မနေရဟု အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းပြီး မတက်ရောက်ပါက နိုင်ငံတော် မထီမဲ့မြင် လုပ်မှုဖြင့် တိုင်ကြားမည်ဟု လှည့်လည်ကြေ ငြာပြီး ကျပ်ငွေ ၃၀၀၀ မှ ၁၀၀၀ အထိ ဒါဏ်ငွေရိုက်မည်ဟု ခြိမ်းခြောက်ခဲ့ပါတယ်။အောင်လံမြို့တွင်လည်း တရပ်ကွက်လျှင် လူဦးရေ ၅၀ရာခိုင်နှုန်း တက်ရောက်ရန် အတင်းအကျပ်စုဆောင်းခဲ့ပါတယ်

၁၉၉၄ ခုနှစ်တွင် ပဲခူးတိုင်း ပြည်မြို့တွင် ကျင်းပသော လူစုလူဝေးပွဲ တစ်ခုတွင် လူထောင်ပေါင်းများစွာကို ပွဲမစခင်တရက်ကြိုတင်၍ ခြံဝင်းတစ်ခု တွင်စုရုံးစေခဲ့ပြီး အိမ်သာတက်ခွင့်ကို ပိတ်ပင်ထားသောကြာင့် အချို့မှာ အပြင်သို့ထွက်ရန် ကြိုးစားခဲ့ကြရာတွင် အစောင့်များ၏ ဝါးလုံးများ တုတ်များဖြင့် ရိုက်နှက်ခြင်းကို ခံခဲ့ကြရပါတယ်။ထိုသို့ ရုန်းရင်းဆန်ခတ် ဖြစ်မှု တွင် လူနှစ်ယောက်မှာ ခြေထောက်ဖြင့် နင်းခြေ သတ်ဖြတ်ခြင်းခံခဲ့ရပြီး အမျိုးသမီး နှစ်ဦးမှာ ကျောရိုးကျိုးသွားကာ လူအယောက် ၂၀ခန့် ဒါဏ်ရာရရှိခဲ့ကြပါတယ်။

မကွေးမြို့တွင်ပြုလုပ်ခဲ့တဲ့ ၂၀၀၇ အောက်တိုဘာလ အတွင်း အတုအယောင် စစ်အစိုးရထောက်ခံပွဲ သို့ တက်ရောက်ရန်အတွက် ပြည်သူအချို့ကို ခေါ်ဆောင်သွားသော ကားတစ်စီးမှာလည်း လမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တိမ်းမှောက်ခဲ့ရာ အချို့မှာဒါဏ်ရာ ပြင်းထန်စွာရပြီး အခြားပြည်သူများမှာ မိုးရေထဲတွင် ဆင်းဆင်းရဲရဲ နေကြရပါတယ်။၎င်းသတင်းကို မပေါက်ကြားစေရန် သတိပေးတား မြစ်ခဲ့ကြ ပါတယ်။

မွန်ပြည်နယ် မော်လမြိုင် ကျိုက်ထို နှင့် သထုံမြို့များတွင် လူစုဝေးပွဲများသို့ ခေါ်ဆောင်သွားရာတွင်လည်း ကားပေါ်မှပြုတ်ကျခြင်း အမောဆို့ခြင်း များကြောင့် လူ ၃ဦးသေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ် ဆို့မှုများကို ဆန့်ကျင်နေသော အစိုးရလက်ဝေခံ ကိုအေးလွင်ဦးဆောင်သော အဖွဲ့မှာ တစ်ဦးလျှင် ကျပ်ငွေ ၃၀၀၀ ပေး၍ စည်းရုံးခဲ့ခြင်းဖြစ်ပါတယ်။ပထမ ၁၉၉၇ စီးပွါးရေး ပိတ်ဆို့ရေး အကြောင်းနဲ့ ပတ်သက်ပြီးပြောရရင် ရန်သူလှုပ်ရှားမှုရှိသော အညိုရောင်နယ်မြေတွေမှာရှိတဲ့ ကျေးရွာတွေကို စုစည်းဖို့ နေရာ ပြောင်းရွှေ့ခိုင်းတဲ့အခါ ရွာသူရွာသားများက မပြောင်းရွှေ့ပေးနိုင်ကြောင်း အာခံရာမှ ဒေါသထွက်ပြီး အစိတ်သားတောင်မချန်နဲ့၊ အမိန့်ကိုအာခံရင် ရွာတွေရော ရွာသားတွေရော အကုန်ရှင်းပစ်ဆိုသည့် ညွှန်ကြားချက်ရဲ့ နောက်ဆက်တွဲ ရလာဒ် အနေဖြင့် ပိတ်ဆို့ရေး (Sanction) ဆိုတာ ဖြစ်လာရတာပါ။ ၁၉၉၆၊ ၁၉၉၇ က စပြီး စစ်တပ်ဟာ တိုင်းရင်းသားနယ်မြေတွေမှာ လူသတ်၊ မုဒိန်းကျင့်မှုများ အပါအဝင် မတရားမှုများကို အမိန့်ရ လုပ်ပိုင်ခွင့် ရခဲ့သလို ဖြစ်လာခဲ့တာပါ။

အမေရိကန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ Ms Meldrine Albright ဟာ မြန်မာနိုင်ငံအတွင်း သွားရောက်လေ့လာစဉ် ပြည်သူလူထုနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီးနောက် မြန်မာနိုင်ငံမှ မပြန်မှီ နဝတ အစိုးရခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံစဉ် နဝတရဲ့ အကြီးအကျယ် လူ့အခွင့်အရေးချိုးဖေါက်မှုနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ရာက ပြင်းပြင်းထန်ထန် တစ်ဖက်နှင့် တစ်ဖက် စကားများခဲ့ကြပါတယ်။ Ms Meldrine Albright ရဲ့ အဖွဲ့ဝင်တစ်ယောက် ပြောသွားတာက “မင်းတို့ခေါင်းဆောင်တွေက မင်းတို့ပြည်သူတွေအပေါ် တော်တော်ရက်စက်တာဘဲ၊ ဒီအဖွားကြီးက USA ရဲ့ လာမယ့် Election မှာ Secretary of State (နိုင်ငံခြားရေးဝန်ကြီး) ဖြစ်ဖို့များတယ်၊ သူဖြစ်လာရင်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွယ်လိုက်မယ်ထင်တယ် ဘယ်နိုင်ငံကမျှ သူ့ကို ရိုင်းရိုင်းစိုင်းစိုင်း ဒီလို မဆက်ဆံခဲ့ဘူး” လို့ ပြောခဲ့တယ်။ မကြာခင်မှာဘဲ အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် New Investment ရင်းနှီးမြုပ်နှံမှုအသစ် ထပ်မလုပ်ရဆိုတဲ့ ၁၉၉၇ ပိတ်ဆို့ရေး (Sanction) ချခံရတာ ဖြစ်ပါတယ်။


ဒုတိယ ၂၀၀၃ ခုနှစ် စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) က ဒီပဲရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပစ်ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တားနေကြတဲ့ကြားက “ငါခိုင်းတာ” ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း ဒုတိယဥက္ကဌ ဒုဗိုလ်ချုပ်ကြီးစိုးဝင်း (သေဆုံး) နဲ့ ဦးအောင်သောင်းတို့ကို ညွှန်ကြားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပြတ်ရှင်းခိုင်းခဲ့တာပါ။ ဒီကိစ္စလဲ ဖြစ်ပြီးရော မြန်မာအစိုးရအတွက် အမေရိကန်နိုင်ငံသားများ ကုန်သွယ်မှု၊ ငွေပေးငွေယူ မလုပ်ရ၊ ဗိုလ်ချုပ်ကြီးများရဲ့ မိသားစုတွေ ပိုင်ဆိုင်မှု၊ ခရီးသွားလာမှု၊ ပိတ်ပင်မှု ဆိုတဲ့ ဒုတိယ ၂၀၀၃ ခုနှစ် ပိတ်ဆို့ရေး (Sanction) ထပ်ဖြစ်လာတာပါ။


ဒုတိယ စီးပွားရေး ပိတ်ဆို့ရေး (Economic Sanction) ကတော့ အစိုးရရော ဗိုလ်ချုပ်ကြီးတွေပါ တော်တော်ထိသွားတယ်။ ဗိုလ်ချုပ်ကြီးတွေ တော်တော်မျက်လုံးပြူး မျက်ဆံပြာ ဖြစ်သွားခဲ့ရတယ်။ နောက် (၄) လလောက်ကြာတော့ အမေရိကန် အစိုးရက လျော့ပေးလိုက်လို့ အသက်ရှူချောင်သွားတယ်။ ဗိုလ်ချုပ်ကြီးတွေ အနေနဲ့လည်း စင်္ကာပူ၊ သြစတြေးလျနိုင်ငံတွေမှာ ထားကြတဲ့ US Dollar တွေကို Middle East အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ရွှေ့ခဲ့ကြတယ်လို့ သတင်းတွေ ထွက်လာခဲ့ကြတာဘဲ။

ဒုတိယ ၂၀၀၃ ခုနှစ် စီးပွါးရေး ပိတ်ဆို့ရေး (Economic Sanction) ကတော့ အစိုးရ ဗိုလ်ချုပ်ကြီးတွေနဲ့ သူတို့ရဲ့ အလိုတော်ရိ စီးပွါးရေးသမားကြီးတွေကို နာနာလေး ထိသွားလို့ စပ်စပ်ထိ မခံနိုင်ဘဲ စီးပွါးရေး ပိတ်ဆို့ရေး ရုတ်သိမ်းပေးဖို့ဆိုတာ ဖြစ်လာခဲ့တာပါ။

သံဃာတော်အရေးခင်းမှာ ကျန်တဲ့ ဗိုလ်ချုပ်ကြီး အများစုက ပခုက္ကူ သံဃာတော်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက သွားရောက်ရှစ်ခိုးတောင်ပန်ဖို့ တင်ပြနေတဲ့ကြားက ဦးအောင်သောင်းရဲ့ စကားကိုမှ နားထောင်ပြီး သံဃာတော်တွေကို သေနတ်နဲ့ ပစ်သတ်ခွင့် အမိန့်ပေးခဲ့တာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပါ။ သံဃာတော်တွေကို သုတ်သင် ရှင်းလင်းခိုင်းတဲ့အတွက်ကြောင့် အမေရိကန်က စီးပွါးရေး ပိတ်ဆို့ရေး ဒီပိတ်ဆို့မှုကတော့ မြန်မာနိုင်ငံထွက် ကျောက်မျက်ရတနာတွေကို အမေရိကန် နိုင်ငံအတွင်း တင်သွင်းခွင့် ပိတ်တာပါ။ ဟောင်ကောင်နဲ့တရုတ်တွေ အဝယ်များလို့ ရသင့်ရထိုက်သည့်တန်ဖိုးထက် နည်းနည်းပါးပါး လျော့ရတာကလွဲလို့ ပြည်သူလူထု အနည်းအကျဉ်း ထိခိုက်တာကလွဲလို့ အစိုးရက နိုင်ငံရေးအရ ပိုထိပါတယ်။ ဒီဟာကလဲ သံဃာကို သတ်ခိုင်းတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကြောင့်ပါဘဲ ။

ကျောင်းသား၊ ဘုရားသား၊ စစ်သား၊ တိုင်းရင်းသား၊ အလုပ်သမား၊ လယ်သမား၊ အခြေခံ လူတန်းစားအားလုံး ဘယ်ဘဝကို ရောက်နေကြတယ် ဆိုတာကိုလဲ လုံးဝ မမေ့ကြပါနဲ့။


အတင်းအဓမ္မခေါ်ဆောင်မှုများ မှာ လယ်သမားများဆိုလျှင် စစ်အစိုးရအားဆန်ကျင် သည်ဟုစွပ်စွဲ၍ ထောင်ချမည်ဟု၎င်း လယ်မြေများ သိမ်းဆည်း မည်ဟု၎င်းး အလုပ်သမားများဆိုလျှင် အလုပ်ဖြုတ်မည် ကျောင်းသားများဆိုလျှင် စာမေးပွဲအောင်လက်မှတ်မရအောင် ပြုလုပ်မည် ကားသမားများဆိုလျှင်လည်း ကားမောင်းလိုင်စင် ရုပ်သိမ်းမည် အစရှီသဖြင့် လူတို့၏ အသက်မွေးဝမ်းကျောင်းကိုသော်၎င်း နည်းမျိုးစုံသုံးပြီး နှိတ်ကွပ်ရာမှာ အဆိုးဆုံးအချက်ကတော့ အသိပညာပိုင်းဆိုင်ရာကို နှိတ်ကွပ်ဖျက်ဆီးခြင်းပါဘဲ ။ဒီလို အသိပညာပိုင်းဆိုင်ရာ ချို့ယွင်းပျက်စီးခြင်းကြောင့် လူ့အဖွဲ့အစည်းမှာ အကြောက်တရားကသာ အရာရာကိုလွှမ်းခြုံသွားပြီး မှန်မှန်ကန်ကန် စဉ်းစားသုံးသပ်နှိုင်စွမ်းလည်း တပါတည်း ပျောက်ဆုံးသွားတာကိုတွေ့ရပါတယ်။ ဒီလိုနည်းနဲ့ဘဲအာဏာရှင်တွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ သူတို့အလိုတော်ကျ ကပြအသုံးတော်ခံပေးမဲ့ စွမ်းအားရှင် လူတန်းစားတရပ်ကို မွေးမြူနှိုင်လိုက်ကြပါတယ်။အဲဒီလူတန်းစားတွေကဘဲ အဲဒီလူ့အဖွဲ့အစည်းကို ပြန်လည် နှိတ်ကွပ်မဲ့ ယန္တရား တစ်ခု ဖြစ်မှန်းမသိဖြစ်လာရပြန်ပါတယ်။ဒီလိုနဲ့ဘဲ အာဏာရှင်စနစ်ဟာ အမြစ်တွယ်ညိပြီး အာဏာရှင်စက်ဝန်းထဲမှာ သံသယာလည်နေရပြန်ပါတယ်။ ဒီအတိုင်းသွားရင် နောက်ထပ် အနှစ် (၂၀) ဘာမှ မပြောင်းလဲနိုင်သေးဘူး။ လူသာပြောင်းသွားမယ် အာဏာရှင်ပုံစံ မပြောင်းနိုင်ဘူးဆိုတာ မမေ့ကြပါနဲ့။

မြန်မာ့နိုင်ငံရေးမှာ အရပ်သားရဲ့ အခန်းကဏ္ဍ ပျောက်သွားစေရန် ၂၀၀၈ ဖွဲ့စည်းပုံအား မဖြစ်ဖြစ်အောင် ပုံဖေါ်ခဲ့ပါပြီ။ အဲဒီတုံးကတည်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အရပ်သားနိုင်ငံရေး ပျောက်သွားတော့ မကောင်းတော့ဘူးလား ဆိုတာ ပြန်ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဗိုလ်ချုပ်ကြီးတင်ဦးတို့ ၂ ဦး ကို မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ ဒါကိုကြည့်ရင် သာမန်အရပ်သား ဒီမိုကရေစီနိုင်ငံရေးဆိုတာ ဝေးပါသေးတယ်။ ခြေတစ်လှမ်း လှမ်းဖို့နေနေသာသာ လှမ်းမယ့် ခြေထောက်တွေကို ရိုက်ချိုးထားပြီး ဖြစ်နေပါပြီ။ တကယ် အမိမြန်မာနိုင်ငံတော်ကြီးကို ကောင်းစားတာ မြင်လိုချင်ရင် ကျွန်တော်တို့အချင်းချင်း အပြန်အလှန် အပြစ်မပြောကြဘဲ ညီညီညွတ်ညွတ်နဲ့ “ဘုံရန်သူ” အာဏာရှင် တွေကိုသာ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့က မြန်မာအစိုးရ အဆက်ဆက် ပြစ်မှုကျူးလွန်နေမှုတွေကို လာရောက် စစ်ဆေးခွင့်ရဖို့ ဝိုင်းဝန်းဆော်သြကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
အာဏာရှင် တွေရဲ့ NLD ချေမှုန်းရေး မဟာဗျူဟာကို ယောင်ဝါးပြီး မထောက်ခံမိကြဖို့ သတိကြီးကြီးနဲ့ ဆင်ခြင်ပြောဆိုသင့်ပါတယ် ။



ဒါမျိုးတွေဘယ်သူလုပ်နေတာလဲ?????
ဘာဖြစ်စေချင်ကြတာလဲ????? ဒါဘာသဘောလဲဆိုတာ ခင်ဗျားတို့ဖာသာပဲ ဖြေကြည့်ကြပါတော့…..
နိုင်ငံရေးအကျဉ်းသားများ အသက်ဆုံးရှုံးမှုများ အပိုင်း(၄)


လူသားချင်းဆိုင်ရာ အထောက်အပံ့ အကူအညီများ ပေးနေသော နိုင်ငံတကာ အဖွဲ့အစည်းများ ကိုလည်း စစ်အစိုးရမှနေ၍ လွပ်လပ်စွာ လှုပ်ရှားသွားလာခွင့် မရှိအောင် နိုင်ငံတကာ အေဂျင်စီများအပေါ် တင်းကျပ်သော လမ်းညွှန်ချက်များကို ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံသို့ လာရောက်ကြသော ပညာရေး စီးပွားရေး လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေးအဖွဲ့များကို ကြံ့ဖွတ် အတွင်းရေးမှုး ထံသို့ ဦးစွာ ဂါရဝပြုရမည်ဟုလည်း စည်းကမ်းချက် ထုတ်ပြန်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် မြန်မာပြည် တဝှမ်းလုံးရှိ ပညာရေး ကျန်းမာရေး နှင့် လူမှူရေးလှပ်ရှားမှုများကို ထိန်းချုပ်ရန်အတွက် ကြံ့ဖွတ်ခေါင်းဆောင်များကို ညွှန်ကြားချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။ ၎င်းညွှန်ကြားချက် အရ ရန်ကုန်တိုင်း အတွင်းရှိ HIV/AIDS ကာကွယ်ရေး စီမံကိန်းများကို ကြံ့ဖွတ်မှ ဦးစွာလွှဲပြောင်းရယူခဲ့ ပါ တယ်။ ကမ္ဘာရန်ပုံငွေ အဖွဲ့ကြီးနှင့် နိုင်ငံတကာအေဂျင်စီ အများအပြားဟာ ကြံ့ဖွတ်ရဲ့ လက်တွေ့မကျသော လုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခဲ့ပြီး မြန်မာပြည်မှ ထွက်ခွာသွားခဲ့ ကြပါတယ်။
အထူးသဖြင့် ပြည်တွင်းစစ် ပြစ်ပွားရာ ဒေသများသို့ လူသားချင်းဆိုင်ရာ အထောက်အပံ့ အကူအညီများ ပေးနေသော နိုင်ငံတကာ အေဂျင်စီများကို လည်းတင်းကျပ် သောစည်းမျဉ်းစည်းကမ်းများ ချမှတ်ပြဌာန်းခဲ့ ကြပါတယ်။၂၀၀၁ ခုနှစ်မှစတင်ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် အတွင်းတွင် ကျန်းမာရေးဆိုင်ရာ အကူအညီများ လုပ်ဆောင်နေကြသော ပြင်သစ်အခြေစိုက် နယ်ခြားမဲ့ ဆရာဝန်များ အဖွဲ့ ဟာဆိုရင် ၂၀၀၆ခုနှစ် မတ်လ တွင် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ပြီး မြန်မာပြည်မှ ထွက်ခွာ သွားခဲ့ပြန်ပါတယ်။
၁၉၉၉ ခုနှစ်မှ ၂၀၀၅ခုနှစ်အတွင်းတွင် ဂျီနီဗာ အခြေစိုက် အိုင်စီအာစီ (ခေါ် ) ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးကို လည်း အာဏာပိုင်များက မကြာခဏ ဟန့်တားနှောက်ယှက်ခြင်း များပြုလုပ်ခဲ့ပါတယ်။၎င်းအဖွဲ့ကြီးဟာ ၁၉၉၉ ခုနှစ်မှ ၂၀၀၅ခုနှစ်အတွင်း အကျဉ်းထောင်များသို့ ၄၃၅ ကြိမ်သွားရောက်ခဲ့ပြီး ကျန်းမာရေးလုပ်ငန်းများ သင်တန်းများ ခြေတုလုပ်ငန်းများ အပြင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများကိုလည်း ငွေကြေးထောက်ပံ့မှုများကိုဆောင်ရွက်ပေးခဲ့ပါတယ်။၂၀၀၅ခုနှစ်လောက်မှာ အကျဉ်းထောင်များ လှည့်ပါတ်သွားလာမှု ရပ်ဆိုင်းသွားပါတယ် ၂၀၀၆ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့ သာယာဝတီ အကျဉ်းထောင် သို့ သွားရောက်လည်ပတ်ရန် စီစဉ်ခဲ့စဉ် ကြံ့ဖွံ့အဖွဲ့အား အတူလိုက်ပါခွင့် ပြုရမည်ဟု အတင်းတောင်းဆိုသဖြင့် အဆိုပါခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။အကျဉ်းထောင်များထဲမှ ဆိုးရွားလှသော အခြေအနေများကို ကမ္ဘာနိုင်ငံ များအား လိမ်ညာဖုန်းကွယ်ရန် ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ထိန်းချုပ် လာခဲ့ ပါတယ်။ ၂၀၀၅ခုနှစ်မှစပြီး ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးကို အကျဉ်းထောင်များသို့ ဝင်ရောက်မစစ်ဆေးနှိုင် အောင် နည်းအမျိုးမျိုးဖြင့် ဟန့်တားခဲ့ကြပါတယ်။၂၀၀၆ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းမှာ မန္တလေး မော်လမြိုင် ဘားအံ တောင်ကြီး နှင့် ကျိုင်းတုံ စသည့်မြို့ကြီး ၅ မြို့ တွင်ဖွင့်လှစ်ထားသည့် နိုင်ငံတကာ ကြက်ခြေနီ ကော်မတီရုံးများကို ပိတ်ပစ်ရန် မြန်မာအာဏာပိုင်များက အမိန့်ထုတ်ခဲ့ပါတယ်။ဒီဇင်ဘာ လ အလယ် လောက်တွင် ပြန်လည်ဖွင့်ခွင့်ပေး ခဲ့ပေမဲ့ အကျဉ်းထောင်များ သွားရောက်လည်ပတ် ခွင့်ကိုတော့ ခွင့်မပြုတော့ပါဘူး။
အကျိုးဆက်အနေနဲ့ကတော့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးမှ လိုအပ်သည့် ဆေးဝါးများကို ဆက်လက်ထောက် ပံ့နှိုင်ခြင်း မရှိတော့တဲ့အတွက် အကျဉ်းသားများ ဆေးဝါးပြတ်လတ်မှုများဖြင့် ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့ကြပါတယ်။ဆေးဝါးပြတ်လတ်မှုများဖြင့် အချိန်မှီ ကုသပေးခြင်းများ မလုပ်နှိုင်တော့တဲ့ အတွက် နိုင်ငံရေးအကျဉ်းသားများ အသက်ဆုံးရှုံးမှုများ ဖြစ်ခဲ့ကြပါတယ်။
ဇော်ဝမ်းမောင်




ဒါမျိုးတွေဘယ်သူလုပ်နေတာလဲ?????ဘာဖြစ်စေချင်ကြတာလဲ?????ဒါဘာသဘောလဲဆိုတာခင်ဗျားတို့ဖာသာပဲဖြေကြည့်ကြပါတော့…..အပိုင်း(၅)

လက်တွေ့မှာ သိသာ မြင်သာတာက လက်မရွံ့ အာဏာသားတွေကို ပုဆိန်ရိုးလုပ်ထားပြီး ပြည်သူ့ အာဏာကို မောင်ပိုင်စီးထားတာရယ် သေနတ်နဲ့ပြပြီး ဓားပြတိုက်စားတဲ့ ဒင်းတို့တတွေလုပ်လို့ ပြည်သူ တွေ ငတ်မွတ်ခေါင်းပါး ဘဝရောက်ရတဲ့ အခြေအနေတွေ အဲဒီတော့ ဘယ်သူမှားတယ် ဘယ်သူမှန် တယ် ၊ တရားတယ် မတရားဘူးဆိုတာကို ပြည်သူလူထုအနေနဲ့ စစ်ဘီလူးတွေကို မဲပြားနဲ့ ကလော် ထုတ် မလား ၊ ခြေထောက်ကဆွဲပြီး တရွတ်တိုက် ထုတ်ကြမလား?

၂၀၁၀ ရွှေးကောက်ပွဲဖြင့် အဓမ္မအုပ်ချုပ်သော ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်အဖွဲ့ဟာ (အစိုးရလို့ မသုံးနိုင်ပါ) ပြည်သူတွေ ရွှေးချယ်သော အစိုးရမဖြစ်သည်မှာ သမိုင်းက ပြောခဲ့ပါပြီ။ ယူနီဖောင်းဝတ်ဘဲ အုပ်ချုပ် အုပ်ချုပ် အရပ်ဝတ်ဘဲ အုပ်ချုပ် အုပ်ချုပ် စစ်အာဏာရှင် စနစ်ဘဲဖြစ်သလို ရဟန်း ပြည်သူများလည်း ဒုက္ခမျိုးစုံ ကြုံနေဆဲဖြစ်သလို ရှေ့ဆက်ပြီးလည်း ကြုံနေရဦးမှာပါဘဲ။

ဒီလိုနဲ့ အာဏာရှင်တွေက စစ်တပ် လူတန်းစား တစ်ရပ်ကို မွေးထုတ် လိုက်ကြ ပါတယ်။စစ်တပ်ဟာ ပြည်သူ လူထုနဲ့ မသက်ဆိုင်၊ ပြည်သူ လူထုရဲ့ အထက်က၊ ပြည်သူ လူထု ဆိုတာ စစ်တပ်လောက် အသိ အမြင်နဲ့ နိုင်ငံ ချစ်စိတ် မရှိ၊ နိုင်ငံတော်ကို ကာကွယ် နေတာ စစ်တပ်ပဲ ရှိတယ်၊ အာဏာ ပြည်သူလူထုလက်ထဲ ရောက်သွားရင် နိုင်ငံ ပြိုကွဲသွားမယ်၊ စစ်တပ်ကသာ ထိန်းချုပ်ထားမှ ရမယ်။ စစ်တပ်က ဘယ်တော့မှ ပြည်သူလူထုကို အာဏာပြန်အပ်လို့ မရဘူး။ ပြည်သူလူထု လက်ထဲ အာဏာ လွှဲတာနဲ့ ပြည်တွင်းစစ်ဖြစ်မယ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်ကြမယ်။ ပြည်နယ်တွေ ခွဲထွက် မယ်ဆိုတဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေကိုစစ်တပ်ထဲမှာရိုက်သွင်းထားခဲ့ကြပါတယ်။ပြည်ထဲရေးက၀န်ထမ်းတွေပါမ ကျန်စေရအောင်ရိုက်သွင်းထားပါတယ်။

အာဏာရှင်နဲ့ စစ်အာဏာရှင်တွေ ရှိနေသရွေ့ တိုင်းပြည်နဲ့ တပ်မတော်မှာ ဒီလိုအဖြစ်ဆိုးတွေ ရှိနေဦးမှာပါ။ တပ်မတော်နဲ့ ပြည်သူ ရန်သူသဖွယ်ထင်ပြီး ဝေးကွာ နေကြရဦးမှာပါ။အာဏာရ ပါတီအတွင်းမျာလည်း စစ်အာဏာရှင်တို့ရဲ့ လက်ကိုင်ဒုတ် တွေဖြစ်တဲ့ စွမ်းအားရှင် ပြည်သူ့စစ် အစရှိတဲ့လူတန်းစားတွေ ပြည်သူတွေအချင်းချင်း ပြန်လည်ထိုးစစ်ဆင်နှိုင်ရန်အတွက် မွေးထုတ်ပေးနှိုင်ခဲ့ကြပါတယ်။ ထောက်လှမ်းရေးလုပ်ငန်းများ သတင်းပေးလုပ်ငန်းများ အထူးသဖြင့် အတိုက်အခံအဖွဲ့များ ဖမ်းဆီးရန် ကြံ့ ဖွတ် အသင်းဟာ ထောက်လှမ်းရေးနှင့် သတင်းစုဆောင်းရေး နည်းပညာများ သတင်းစာ သင်တန်းများကိုလည်း သင်ကြားပို့ချပေးခဲ့ကြပါတယ်။ယခင် စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှုးချုပ် သိန်းဇော် ကတာဝန်ခံကွပ်ကဲခဲ့ပါတယ်။လူမှုရေး အသင်း ဖြစ်စေ နိုင်ငံရေးပါတီဖြစ်စေ ၎င်းတို့ အနေနဲ့နိုင်ငံတော်လုံခြုံရေးကဏ္ဍသတင်းစုဆောင်းရေးလုံခြုံရေး နှင့် ထောက်လှမ်းရေးကိစ္စများတွင် ပါဝင်နေသည်မှာ တရားမျှတစွာ ဥပဒေပြု နှိုင်ရေးအတွက် အန္တရာယ်တရပ်ပါဘဲ။

ကြံ့ဖွတ်အသင်းဟာ စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့၊ စ သုံးလုံးအဖွဲ့ တို့နှင့်အတူ ထောက်လှမ်းရေး တာဝန်များကို ပူးတွဲတာဝန်ထမ်းဆောင်ရန် ပြည်သူ့ဆက်ဆံရေး ဌာနကို ဖွင့်ခဲ့ပါတယ်။အောက်ခြေအဆင့်မှ ဗဟိုအဆင့်အထိ အဆင့်ဆင့်ဖွဲ့စည်းထားပါတယ်။၂၀၀၂ခုနှစ် ဒီဇင်ဘာလတုန်းက ဝါဒဖြန်ချီရေး ဘာသာရပ် စာတမ်းတစ်ခုမှာ စိတ်ဓါတ်စစ်ဆင်ရေး နှင့် ဒီမိုကရေစီအင်အားစုများ ထိပ်တိုက်ရင်ဆိုင်ရေး နည်းလမ်းများကို အသေးစိတ် ဖေါ်ပြခဲ့ပါတယ်။၂၀၀၅ခုနှစ် ဇွန်လမှာ ပြင်ပကမ္ဘာသို့ ပေါက်ကြားမှု မရှိစေရန် စောင့်ကြပ်ရမည် ဆိုပြီး ညွှန်ကြားချက်တစောင်ထုတ်ပြန်ပြီး သတိပေးခဲ့ကြပါတယ်။ပြည်ပနိုင်ငံများမှ သတင်းထုတ်ပြန်မှုများကို စနစ်တကျ တုံ့ပြန်ရန် ဝါဒဖြန်ချီရေး လုပ်ဆောင်ရန် သတင်းနှင့်ပြန်ကြားရေး အဖွဲ့များ ဖွဲ့စည်းပြီး အကောင်အထည်ဖေါ်ခဲ့ပါတယ်။ ၂၀၀၇ခုနှစ် ဧပြီလပိုင်းမှာ ရန်ကုန်တိုင်းမြို့နယ် များရှိ ရပ်ကွက်များမှ တရပ်ကွက်လျှင် ၃ဦးနှုန်း လျှို့ဝှက်ရွေးချယ်ပြီး သတင်းပို့ သတင်းယူ သင်တန်းများ ပို့ချခဲ့ကြပါတယ်။

၂၀၀၆ခုနှစ် မေလ အစောပိုင်း သတင်းစာသင်တန်းများ သင်တန်းဖွင့်ပွဲ အနေ်းအနားမှာ ကြံ့ဖွံ့ တွဲဘက်အတွင်းရေးမှုး ဇော်မင်းက ပြည်ပမီဒီယာများကို တန်ပြန်တိုက်ခိုက်ရာမှာ ကြံ့ဖွံ့က ဦးစားပေး လုပ်ဆောင်သွားမယ် လို့လည်း ပြောကြားခဲ့ပါတယ်။ဗိုလ်ခင်ညွန်နှင့် အပေါင်းအပါ ထောက်လှမ်းရေး အဖွဲ့ဝင်များကို ဖယ်ရှားပြီးတဲ့နောက်ပိုင်းမှာ ကြံ့ဖွံ့ အဖွဲ့ဝင်တွေဟာ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ စစ်ထောက်လှမ်းရေး တွေမှာ ပိုမိုပါဝင်ပါတ်သက်မှု ရှိလာပါတယ်။ကြံ့ဖွံ့အဖွဲ့ဝင်တွေကို စီးပွားရေးလုပ်ငန်း လုပ်ပိုင်ခွင့်ပါမစ် ရင်းနှီးမြှုတ်နှံမှုငွေ နှင့် ရာထူးတိုးမြှင့်ခြင်း စသဖြင့် မက်လုံးပေးပြီး ပါဝင်စေခဲ့ပါတယ်။သူတို့ရဲ့ အဓိကလုပ်ငန်းကတော့ အတိုက်အခံ အင်အားစု များကိုစောင့်ကြည့်ပြီး ၎င်းတို့လုပ်ဆောင်သည့် မည်သည့်လှုပ်ရှားမှုမျိုးကိုမဆို ခြိမ်းခြောက်ခြင်း အနှောက်အယှက်ပေးခြင်းဘဲ ဖြစ်ပါတယ်။

ဒီပဲရင်း လုပ်ကြံမှု နောက်ပိုင်းမှာ ဒေသခံအာဏာပိုင်တွေနဲ့ ကြံ့ဖွတ်တွေဟာ N.L.D ဆိုင်းဘုတ်တွေ လိုက်လံဖြုတ်ချတာ အတိုက်အခံ အဖွဲ့ဝင်တွေရဲ့နေအိမ်တွေကို ညသန်းခေါင်အချိန်တိုင်း ဧည့်သည်ရှိရှိမရှိရှိ ဧည့်စာရင်းဝင်စစ်တာ အစရှိတဲ့ နှောက်ယှက်မှုတွေ ပိုမိုလုပ်ဆောင်လာတာတွေ့ရပါတယ်။ဒါ့အပြင် ၂၀၀၅ခုနှစ် ဒီဇင်ဘာလမှာ ပြုလုပ်တဲ့ ကြံ့ဖွံ့ အစည်းအဝေး တစ်ခုမှာ မိမိတို့မြိုနယ် အတွင်းမှာရှိကြတဲ့ ဌာနပေါင်းစုံမှ ဝန်ထမ်းတွေ စစ်သားနှင့် ရဲက အစ စောင့်ကြည့် အကဲခတ်ပြီး ဌာနချုပ်ကို အစီအရင်ခံရန် ညွှန်ကြားခဲ့ကြပါတယ်။
၂၀၀၆ခုနှစ် အောက်တိုဘာလပိုင်းက ကြံ့ဖွတ် အဖွဲ့တွေကို ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ ကိုမင်းကိုနိုင် တို့ကို လုပ်ကြံတရားစွဲဆိုနှိုင်ရန် ပြည်ပငွေကြေး အထောက်အပံ့နှင့် နိုင်ငံရေးတပ်ပေါင်းစုကြီး ဖွဲ့ရန် စီစဉ်နေသည် ဟူသော အချက်ကို ပေါ်လွင်အောင် ရေးသားစေပြီး ဝံကြီး ဦးအောင်သောင်း နှင့် ပြန်ကြားရေး၁၀န်ကြီး ကျော်ဆန်း တို့မှ ညွှန်ကြားခဲ့ကြပါတယ်။

၁၉၉၆ခု နိုဝင်ဘာလ အတွင်း ကြံ့ဖွံ့ အစည်းအဝေးပွဲ တစ်ခုတွင် ရထားပို့ဆောင်ရေး ဝန်ကြီး ဦးဝင်းစိန်က “နိုင်ငံရေး ဆူပူအုံကြွမှုတွေ ကိုဖန်တီးနေတဲ့ အောင်ဆန်းစုကြည်ကို ရှင်းပစ်ရမယ် ‘ရှင်းပစ်ရမယ်’ ဆိုတဲ့အဓိပ္ပါယ်ကို မင်းတို့နားလည်ကြလား သူ့ကို သတ်ပစ် ရမယ်လို့ပြောတာ မင်းတို့ သူ့ကို သတ်ပစ် ဘို့သတ္တိရောရှိရဲ့လား” ဆိုပြီး အဲဒီအစည်းအဝေးမှာ ကြိမ်းဝါးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၂ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရခိုင်ပြည်နယ် ခရီးစဉ်နှင့် ဧရာဝတီတိုင်း ခရီးစဉ်များမှာလည်း အတားအဆီး အနှောက်အယှက် အမျိုးမျိုး လုပ်ခဲ့ကြပါတယ်။ရခိုင်ပြည်နယ် မြောက်ဦးမြို့ အရောက်တွင်လည်း ဒေသခံတွေကို နည်းအမျိုးမျိုး ဖြင့် ခြိမ်းခြောက်တားမြစ်ထား သည့်ကြားထဲကပင် ပြည်သူလူထု နှစ်သောင်းကျော်က လှိုက်လှဲစွာ ကြိုဆိုကြသဖြင့် လုံထိန်းများနှင့် မီးသတ်တပ်ဖွဲ့များမှ မီးသတ်ပိုပ်များဖြင့် အင်အားသုံးပြီး လူစုခွဲ့ခဲ့ကြပါတယ်။ မီးသတ်ပိုက်များဖြင့် လူစုခွဲနေစဉ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မီးသတ်ကားပေါ်တက်ပြီး “ ဒီကိစ္စ ကျမကြောင့်ဖြစ်ရတာ ကျမလာတာ လူထုနဲ့တွေ့ဘို့လာတာ ဒီမိုကရေစီလုပ်တယ်ဆိုတာ လူထုက ပထမဘဲ လူထုအတွက်လုပ်ရမယ် ဒါ့ကြောင့် လူထုကိုတွေ့ရမယ် နိုင်ငံရေးအဖွဲ့တွေလိုဘဲ ရဲတို့ မီးသတ်တို့ ဆိုတာလည်း လူထုကို အထောက်အကူပေးရမယ် အခုလိုလူထုကို အထောက်အကူမပေးဘဲ နိုင့်ထက်စီးနင်း လုပ်နေတာ ကျမမကြည့်နှိုင်ဘူး မလုပ်ပါနဲ့” ဟုတားမြစ်ခဲ့သဖြင့် ရဲနှင့်မီးသတ်တို့မှာ ရပ်တန့်သွားခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နှင့်အဖွဲ့ကို မော်တော်ကားငှားရမ်း အကူအညီ ပေးခဲ့သူ နှစ်ဦးအား ကြံ့ဖွတ် အတွင်းရေးမှုး စိုးနိုင် အမိန့်ဖြင့် ကားလိုင်စင်များ အသိမ်းခံခဲ့ရပါတယ်။

၂၀၀၃ခုနှစ် မေ၃၀ ဒီပဲရင်းလုပ်ကြံမှုကတော့ လူသိထင်ရှားပင်ဖြစ်ပါတယ် ထိုတိုက်ခိုက်မှုမှာ ကြံ့ဖွတ် အသင်းမှ တိုက်ရိုက်ပါတ်သက် နေရုံမျှမက ရွားသားများ ငွေကြေးထောက်ပံ့ခြင်း သင်တန်းများပေးခြင်း အခင်းဖြစ်ပွားပြီးနောက် ဆက်လက်စုံစမ်းရာ ကြိုတင်စီစဉ်ထားသည့် လုပ်ကြံမှု ဖြစ်ပြီး ပြည်သူစစ်များ စွမ်းအားရှင်တို့ကို ကိုင်ဆောင်အသုံးပြုသော လက်နက်များကို စနစ်တကျ ရွေးချယ်ခဲ့ခြင်း တိုက်ခိုက်မည့် နေရာ အချိန်ကာလ အားစနစ်တကျပြင်ဆင်ခဲ့ခြင်း လူအင်အား ငါးထောင်ခန့်အား တိုက်ခိုက်မှုကျူးလွန်ရန်အတွက် စနစ်တကျ စည်းရုံးထားခြင်း တိုက်ခိုက်ခြေမှုန်းသည့်နည်းစနစ်များ အမိန့်ပေးစနစ်များ ဒါဏ်ရာရရှိသူများနှင့် မျက်မြင်သက်သေများအား ဖမ်းဆီးထိန်းသိမ်းခြင်း တိုက်ခိုက်မှု ဖြစ်ပွားသည့်နေရာအား ချက်ခြင်းပြန်လည်ပြင်ဆင်၍ သက်သေအထောက်အထားများအား စနစ်တကျဖျက်ဆီးခဲ့ခြင်း တိုက်ခိုက်မှုများအား ပြန်လည်သုံးသပ်ကြည့်ပါက စနစ်တကျကြိုတင်စီစဉ်မှုမှာထင်ရှားလှပါတယ်။

ထိုလူအင်အား ၅၀၀၀ ကို လေ့ကျင့်သည့် နေရာများမှာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ရှိ မြိုနယ် ၈ မြို့နယ်နှင့် မုံရွာခရိုင်ရှိ မြို့နယ်များမှ လူစုဆောင်ပြီး စစ်ကိုင်းမြို့ အမှတ် ၂ အထက်တန်းကျောင်း မုံရွာမြို့ အမှတ် ၂ နှင့် အမှတ် ၃ အထက်တန်းကျောင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်ဝင်း ဒီပဲရင်းမြို့ အထက်တန်းကျောင်း စသည့်နေရာများတွင် ဦးခေါင်းနှင့် ခါးဆစ် အထက်ပိုင်းတို့ကို ရိုက်နှက်နည်းများ သင်ကြားပေးခဲ့ ကြပါတယ်။

ကြံ့ဖွံ့ပါတီသည် အခြားနိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ဦးမှာ ဖြစ်ပါတယ် ၎င်းတို့ ကျင့်သုံးနေကျအတိုင်း ဆက်လက် မပြုလုပ်ပါဘူးလို့ မည်သူကပြောနှိုင်ပါသလဲ။ဤကဲ့သို့သော မတရားသောနည်း လမ်းမျိုးစုံတို့ ဖြင့် အနာဂတ် နိုင်ငံတော်တွင် ၎င်းတို့ စိတ်တိုင်းကျ ခြယ်လှယ်နှိုင်မည့် အမည်ခံ အရပ်သား အစိုးရ ထပ်မံ မပေါ်ပေါက်ရေးသည် ပြည်သူလူထုတရပ်လုံး၏ တာဝန်သာဖြစ်ပါတယ်။

ဖြစ်ပေါ်ခဲ့ပြီးသော လုပ်ရပ်များကို ပြန်လည် သင်ခန်းစာယူ၍ နောက်နောင် ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မံ မဖြစ်ပေါ်စေရန်နှင့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော် ဖြစ်ပေါ်လာရေး ပြည်သူတို့၏ အာဏာ ပြည်သူတို့လက်ဝယ်ပြန်လည်ရရှိရေးတို့အတွက် ပြန်လည်တင်ပြရခြင်းသာဖြစ်ပါတယ်။
ဇော်ဝမ်းမောင်
 

ဒါမျိုးတွေဘယ်သူလုပ်နေတာလဲ?????
ဘာဖြစ်စေချင်ကြတာလဲ????? ဒါဘာသဘောလဲဆိုတာ ခင်ဗျားတို့ဖာသာပဲ ဖြေကြည့်ကြပါတော့…..ဘယ်သူပြောလို့မှ နားမယောင်ပါနှင့် အမှန်တရားကိုသာမြင်ကြပါ… (အပိုင်း ၆)



၁၉၆၂ ခုနှစ် မှာ ဗိုလ်နေဝင်း တော်လှန်ရေးကောင်စီက စစ်တပ်နဲ့ အာဏာသိမ်းပြီး အုပ်ချုပ်ခဲ့တယ်။ ၁၉၇၄ မှာ မ.ဆ.လ ကို ဖွဲ့စည်းခဲ့ပြီး တပါတီစနစ် နဲ့ စိတ်ကြိုက်ချလှယ်ပြီး အုပ်ချုပ်ခဲ့ပြန်တယ်။၁၉၈၈ အရေးတော်ပုံ ကြီး ဖြစ်တော့ လက်နက်အားကိုးနဲ့ စစ်အာဏာသိမ်းတယ် တိုင်းပြည်ဂျောက်ထဲကျမှာစိုးလို့ကယ်တင်လိုက်ရတာပါ တဲ့  .. (သူတို့အပြော) မြန်မာနိုင်ငံဟာလည်း အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် ဖြစ်ခဲ့ရတယ်။၁၉၉၀ ပါတီစုံရွေးကောက် ပွဲ လုပ်ပြန်တော့မ.ဆ.လ ပါတီ အသွင်ပြောင်း တ.စ.ည ပါတီ အနေနဲ့ ရွေးကောက်ပွဲ ဝင်ခဲ့ပြန်တယ်။ နည်းအမျိုးမျိုးနှင့် နှောက်ယှက်နေသည့်ကြားကပင် ပြည်သူလူထုက သူတို့ရဲ့ ဆန္ဒအမှန်ကို ဖေါ်ထုတ်ပြသလိုက်တော့ N.L.D က အပြတ်အသတ် အနိုင်ရရှိခဲ့တယ်။ဒါပေမဲ့ စစ်တပ်က အာဏာလွှဲပြောင်းပေးဘို့ ငြင်းဆိုခဲ့တယ်။နောက်တဖန် ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ တ.စ.ည ပါတီကို ဘေးဖယ်ထားလိုက်ပြီး နဝတ ကို နအဖ ဆိုပြီး အသွင်ပြောင်း အာဏာကို ဆက်လက်ချုပ်ကိုင် ထားပြန်တယ်။ပြည်ခိုင်ဖြိုး (သူတို့အခေါ်) ကြံ့ဖွတ် အသင်း ဆိုပြီး လူမှုရေးအ သင်းအဖွဲ့အနေနဲ့ ပြန်လည် အသက်သွင်းခဲ့ပြန်တယ်။သူတို့ရဲ့ ယုတ်မာ တဲ့လုပ်ရပ် တွေကတော့ အများသိခဲ့ကြပြီးဖြစ်ပါတယ်။အပိုင်း (၁)(၂)(၃)(၄)(၅) မှာလည်း ဖေါ်ပြခဲ့ပြီးပါပြီ။ ၂၀၀၃ ခုနှစ် သြဂုတ်လ (၃၀)ရက်နေ့မှ စပြီး စစ်အစိုးရရဲ့ အတုအယောင် နိုင်ငံရေး လမ်းပြမြေပုံ စတင်ပေါ် ထွက် လာတယ်။ အဲဒီအချိန်ကစပြီး ကြံ့ဖွတ်ကို ရွေးကောက်ပွဲ အသစ်အတွက် ကော်မတီ အဆင့်ဆင့်ကို စီမံချက်များရေးဆွဲပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ကြတယ်။သက်ဆိုင်ရာ နယ်မြေအလိုက် မဲပေးနှိုင်တဲ့ လူဦးရေစာရင်းကောက်တယ် အတိုက်အခံပါတီ ဘက်က ပါဝင်နှိုင်တဲ့ လူဦးရေစာရင်းတွေ ပြုစုခဲ့တယ်။ ကြံ့ဖွတ် အသင်းဝင် အမာခံတွေနဲ့ လက်ရွေးစင် အမာခံစာရင်းတွေ ပြုစုခဲ့တယ်။
၂၀၀၅ ခုနှစ် ဒီဇင်ဘာလ တွင်ကျင်းပခဲ့တဲ့ ကြံ့ဖွတ် သတင်းစာရှင်းလင်းပွဲမှာ အထွေထွေအတွင်းရေးမှုး ဗိုလ်ချုပ်ဌေးဦးကနေပြီး ပါတီ အသွင်ပြောင်းရန် အရိပ်အမြွက် ပြောကြားလာခဲ့တယ်။ရွေးကောက်ပွဲမှာ စစ်တပ်အတွက် သီးသန့် ချန်လှပ်ထားတဲ့ နေရာများမှ အပ ကျန်ရှိနေသော ပါလီမန် အမတ်နေရာများ အတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်ခဲ့ကြတယ်။န.အ.ဖ စစ်ဗိုလ်ချုပ်တွေဟာ စစ်တပ်ပိုင် နိုင်ငံရေးပါတီ တစ်ခုအဖြစ် တရုပ်နိုင်ငံကို စေလွှတ် ခဲ့ကြပြီး တရုပ်ကွန်မြူနစ်ပါတီနှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ခဲ့ကြတယ်။၂၀၀၀ ခုနှစ်က တရုပ်ကွန်မြူနစ် ပါတီက နေပြီး ဗိုလ်ချုပ်ဝင်းမြင့်ကိုကြံ့ဖွံ့ ဒုဥက္ကဌ အနေဖြင့် လာရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြတယ်။
၂၀၀၄ခုနှစ် စက်တင်ဘာလမှာ တယုတ်ပြည် ဘေကျင်းမြို့မှာ ကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် အာရှ ပါတီစုံ နှီးနှောဖလှယ်ပွဲကို ကြံ့ဖွတ် အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံမှ နိုင်ငံရေးပါတီပေါင်း (၈၄) ပါတီ တက်ရောက်ခဲ့ ကြတယ်။ အဲဒီအချိန်က ရုပ်မြင်သံကြားနှင့် အသံလွှင့် ဌာန ကနေပြီး တခန်းတနား ထုတ်လွှင့်ပြသခဲ့ ကြ ပါတယ်။ တရုပ်ကွန်မြူနစ်ပါတီမှ နေပြီး အခြားနိုင်ငံများမှ ပါတီများနှင့် ရင်းနှီးခွင့်ရရန် စွမ်းဆောင်ပေးခဲ့ကြ ပါတယ်။ ကြံ့ဖွံ့ အသင်းဟာ တရုပ်ကွန်မြူနစ်ပါတီရဲ့ ဖွဲ့စည်းတည် ဆောက်ပုံများကို လေ့လာခဲ့ကြပြီး အတုယူ ရန်ကြိုးပမ်းခဲ့ကြပါတယ်။ ထို့အပြင် ဗီယက်နမ် ကွန်မြူနစ်ပါတီ တို့၏ ဖွဲ့စည်းတည်ဆောက်ပုံများကိုပါ လေ့လာ ခဲ့ကြ ပါတယ်။
၂၀၀၃ခုနှစ်မှာ ဒီပဲရင်းလုပ်ကြံမှု တရားခံ ချုပ်ကြီး သန်းရွှေနှင့် နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ် စိုးဝင်း (သေဆုံး) တို့ဟာ ဗီယက်နမ်နိုင်ငံသို့ ဗီယက်နမ် ကွန်မြူနစ်ပါတီ တို့၏ ဖွဲ့စည်းတည်ဆောက်ပုံများကို သွား ရောက် လေ့လာခဲ့ကြပြန်ပါတယ်။ သို့သော် ကြံ့ဖွတ် အသင်း၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဆူဟာတို လက်ထက်က ဖွဲ့စည်းတည်ထောင်ခဲ့သော ဂိုကါပါတီ (Golkar Party) နှင့် အလားသဏ္ဍန်တူ ပါတယ်။ဂိုကာပါတီဟာ စတင်ဖွဲ့စည်းစဉ် အချိန်က လူမှုရေး အသင်းအဖွဲ့အနေနဲ့ ဖွဲ့စည်းခဲ့ကြပြီး ၁၉၇၁ ခုနှစ် အင်ဒိုနီးရှား ရွေးကောက်ပွဲတွင် ပါတီအသွင်ဖြင့် ပါလီမန် နေရာအများစုကို ရရှိခဲ့ကြတယ်။ စစ်အစိုးရကလည်း ဆူဟာတိုကဲ့သို့ အင်ဒိုနီးရှားနိုင်ငံကို အတုယူပြီး စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်ရန် အရပ်ဝတ်လဲ အသွင် ပြောင်းရန် ကြိုးစားခဲ့ခြင်း ဖြစ်ပါတယ်။
၂၀၀၅ခုနှစ် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ကိုယ်စားလှယ် အရေအတွက် (၆၃၃)ဦးမှာ ကြံ့ဖွံ့ အသင်းဝင်များဖြစ်ပြီး ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်ဦးရေ စုစုပေါင်း၏ ၅၈% ရှိခဲ့ပါတယ်။အမျိုးသားညီလာခံကို ၁၄နှစ်ကြာ အချိန်ဆွဲ ကျင်းပခြင်းမှာလည်း ၂၀၁၀ ရွေးကောက်ပွဲအတွက် ၁၉၉၀ ခုနှစ်ကကဲ့သို့ မဖြစ်စေရန် အချိန်ယူခဲ့ကြခြင်းပင်ဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေမှာ စစ်တပ်မှ လွှတ်တော်ကိုယ်စားလှယ် အမတ်နေရာ ၂၅% ကို အလိုအလျှောက် ပေးထားပြီး ကျန်နေရာများတွင် ကြံ့ဖွတ်မှ နေရာဝင်ယူရန် ပြင်ဆင်ခဲ့ကြပါတယ်။ ၂၀၁၀ရွေးကောက်ပွဲ ကာလအတွင်းမှာလည်း ၄င်းတို့ ခြိမ်းခြောက်ပုံအရ အစိုးရ ဝန်ထမ်းများအားလုံးဟာ ကြံ့ဖွံ့ကိုသာ ဇွတ်အတင်း မဲပေးခဲ့ကြရပါတယ်။ ထို့အပြင် ၄င်းဝန်ထမ်းနှင့် ပတ်သက်တဲ့အရပ်သား ဆွေမျိုးများ၊ ဇနီးနှင့်သားသမီးများ၊ ဇနီး၏ဆွေမျိုးများ အားလုံးတို့ဟာလည်း ကြံ့ဖွံ့ကိုသာ မဲပေးခဲ့ကြရပါတယ်။ မဲမပေးပါက အဆိုပါဝန်ထမ်း၏ ဘဝသည် ၄င်းတို့လက်ထဲတွင် ပျောက်ခြင်းမလှ ပျောက်သွားပေမည်ပင်ဖြစ်ပါတယ်။ ဤစနစ်နှင့် မဲပေးခိုင်းခဲ့ကြပြီး တရားမျှတသော ရွေးကောက်ပွဲကြီးကို ဟန်လုပ်ကာ ကျင်းပခဲ့ကြပါတယ်။ သိပ်ပြီး စိတ်မချရပါက မဲဆန္ဒနယ်မြေများတွင် ကြိုတင်မဲများ ကောက်ယူပြီး ထောက်ခံမဲ ရယူခဲ့ပါတယ်။ သူတို့ရဲ့အခြေခံဥပဒေ ထောက်ခံခြင်း မဲပေးသည့် အခါကလည်း ဤနည်းအတိုင်း ပြုလုပ်သွားခဲ့ကြသည့်အတွက် ဝန်ထမ်းနှင့် လုံးဝ ကင်းရှင်းသူများသာ မထောက်ခံကြခြင်းသာ ဖြစ်ပါတယ်။
အခုမြင်တွေ့နေရတဲ့ ပြုပြင်ပြောင်းလဲမှုတွေလို့ ဆိုကြတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ ရွေးကောက်ပွဲ (အတု)၊ အရပ်သား (အမည်ခံတဲ့) အစိုးရသစ်ဆိုတာတွေ ပေါ်လာခဲ့တယ်။ ဒီလို အတုအယောင် အပြောင်းအလဲတွေနဲ့ အသွင်ပြောင်းတဲ့ ဒီမိုကရေစီ ဖြစ်စဉ်တွေဟာ တရားဝင် အာဏာရှင်အစိုးရတွေ ပေါ်လာလေ့ရှိကြပါတယ်။
(၂၀၁၂) ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD မှ အပြတ်အသတ် အနိုင်ရတဲ့ရလဒ် ပေါ်ထွက်ခဲ့ပြီးတဲ့နောက် ကြံ့ဖွံ့ခေါင်းဆောင် တချို့က တပ်မတော်ရှိ တပ်မှူး တပ်ရင်းမှူးများကို ပြစ်တင် ဝေဖန်ခဲ့ကြကြောင်း နေပြည်တော် ကြံ့ဖွံ့ရပ်ကွက်နဲ့ နီးစပ်သူများမှ ပြောကြားခဲ့ကြပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရာမှာ တပ်မတော်သား အများစုရှိတဲ့ လှည်းကူးမြို့နယ် ကလောမြို့နယ်၊ နေပြည်တော် မဲဆန္ဒနယ်များက တပ်မတော်သားများနဲ့ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများဟာ NLD အပေါ် ထောက်ခံမဲ ပေးခဲ့ကြတဲ့အတွက် ကြံ့ဖွံ့ ခေါင်းဆောင်တွေက ဌာနေတပ်မှူးတွေကို ဝေဖန်ပြစ်တင် ပြောဆိုခဲ့ကြပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်ကထဲက အာဏာကိုဆက်ပြီးဆုတ်ကိုင်သွားဘို့ စစ်အာဏာ ရှင်တွေက ကြိုတင်ပြင်ဆင်ခဲ့တာပါ။ ၁၄နှစ် တိုင်တိုင် ကမ္ဘာမှာ အကြာ ဆုံးရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာကလည်း သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဘို့ ရေးဆွဲထားတာဘဲ ဖြစ်ပါတယ်။နိုင်ငံတော်အာဏာ ကို အရပ်သားများ ဘက်မှ မရရှိနိုင်စေရန် ကြိုတင်စီမံပြီးမှ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။(၂၀၁၀) ခုနှစ် ရွေးကောက်ပွဲ ကျင်းပခဲ့စဉ်က လဲ တပ်ရင်းမှူး တိုင်းမှူးတွေဟာ ကြိုတင်မဲများဖြင့် အရာရှိများကိုယ်တိုင် အမှန်ခြစ်ကာ ထောက်ခံမဲများ ရရှိအောင် ဆောင်ရွက်ခဲ့ကြပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ တချို့နယ်မြေတွေမှာတော့ ကျေးရွာသူကြီးများကို စစ်ကြောင်းမှူးများ၊ တပ်ရင်းမှူးများက ဆင့်ခေါ်ပြီး မသိနားမလည်သော ရွာသားများအား ကြံ့ဖွံ့ပါတီ အနိုင်ရရေးအတွက် အာဏာသုံး လုပ်ဆောင်ခဲ့တယ်လို့ လဲသိရပါတယ်။
ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ နှစ်ပေါင်း (၅ဝ) ကျော်အတွင်း ဥပဒေမဲ့ အာဏာရှင် စစ်အစိုးရခေတ် ကုန်ဆုံးပြီလို့ ဆိုနိုင်ပါ့ဦးမလား။ အစိုးရသစ် သမ္မတ ဦးသိန်းစိန်ရဲ့ ပါတီစုံ ဒီမိုကရေစီခေတ်ဟာ စစ်ယူနီဖောင်းချွတ်ပြီး ချိုမြိန်သော အသံဖြင့် မညီညာသော ဒီမိုကရေစီ တေးသံနှင့်အတူ တိုက်ပုံအင်္ကျ၊ီ ခေါင်းပေါင်း၊ ပုဆိုးနဲ့ ကပြနေပြီဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တရားမျှတမှုနှင့် အာဏာ ဆိုတာဟာ တစ်သီးတခြားစီ ဖြစ်နေပါတယ်။ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ ဥပဒေ ကျွမ်းကျင်သူတွေက ဥပဒေကို အဓိပ္ပါယ် ဖွင့်ဆိုရာမှာ လူထုအကျိုးစီးပွားထက် နိုင်ငံတော် အကြီးအကဲဆိုသူတွေရဲ့ အကျိုးစီးပွားကိုသာ အဓိကထားကြလို့ပဲဖြစ်ပါတယ်။ဒီလိုပုံစံမျိုးတွေ နှင့် ဥပဒေရေးဆွဲနေသမျှ ကာလပါတ်လုံး တရားမျှတမှု ဆိုတာ ရှိမှာမဟုတ်ပါဘူး။ တရားမျှတမှုအပေါ်မှာ အခြေခံပြီး အာဏာဆိုတာ ဒွန်တွဲနေတာပါ။ စဉ်းစားချင့် ချိန်ဉာဏ်နဲ့ ပြည်သူ့အကျိုးစစ်စစ် ဆောင်ရွက်မယ့် ဒီမိုကရေစီ လွှတ်တော်စစ်စစ်ပေါ်ပေါက်ရေးဟာ မြန်မာနိုင်ငံ အနာဂတ်အတွက် အရေးပါပါတယ်။
မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေပြီလို့ ဆိုကြပေမယ့် အရင်စစ်အစိုးရပုံစံအတိုင်း လုပ်ဆောင်နေဆဲဖြစ်နေဆဲဘဲ ဖြစ်တဲ့အတွက် ပြည်သူတွေပါဝင်တဲ့ စီမံကိန်းတွေ ဖြစ်လာမှာမဟုတ်သေးပါဘူး။သံဃာတော်တွေ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို မီးလောင်ဗုံးတွေနဲ့ ပစ်ခွဲခဲ့တဲ့အတွက် ဒီဦးသိန်းစိန်အစိုးရဟာ ဘာတွေပဲ ပြောင်းလဲနေတယ်ပဲပြောပြော အရင်စစ်အစိုးရရဲ့ အမူအကျင့်တွေ အတိုင်းပဲ၊ ပြည်သူတွေအပေါ်မှာရက်စက်တုန်း ဆိုတာ ရက်ရက်စက်စက် ဖြိုခွင်းတဲ့အကျင့်တွေ ရှိနေတုန်းဆိုတာကို ကသက်သေပြုလို့နေပါတယ်။
သမ္မတ ဦးသိန်းစိန်က တောင်သူလယ်သမား အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေများ အစဉ်ခေတ်မီပြည့်စုံရန် ပြဌာန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံတ၀န်း၌ အဓမ္မ မြေယာသိမ်းမှုများ ကျယ် ကျယ် ပြန့်ပြန့်ဖြစ်ပွားနေဆဲဘဲ ဖြစ်ပါတယ်။ယခု မြေသိမ်းမှုများသည် တောင်သူလယ်သမားများ၊ အလုပ်သမားများ၏ လူမှု စီးပွားဘ၀ဖွံ့ဖြိုး တိုးတက်လာရန် အားပေး ပံ့ပိုး ဆောင်ရွက်သွားမည်ဟူသော သမ္မတအသစ် ဦးသိန်းစိန်၏ ပထမဆုံး ပြောကြားခဲ့သည့် မိန့်ခွန်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အပိုဒ် (၉၁)(ခ) မှာ ပါတဲ့ “ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ လိုက်လျော ညီထွေ မရှိတော့တဲ့ အတွက် အဲဒီ ရွေးကောက်ပွဲ ရလဒ် တွေဟာ အလိုအလျောက် ပျက်ပြယ်တယ်” ဆိုတဲ့ အချက် ကတော့ ပြည်သူ လူထု တရပ်လုံးက တခဲနက် ဆန္ဒသဘောထား မှန် ပေးထား ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ဖျက်သိမ်း လိုက်တာပဲဖြစ်တယ်။ ဒါက လူထုရဲ့ သဘော ထားကိုဆန့်ကျင်တဲ့ စိန်ခေါ်မှု တရပ်ဖြစ်သလိုရိုင်းပြ စော်ကား လိုက်တာ ဖြစ်တယ်လို့ ယူဆမိပါတယ်။
နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေ အပိုဒ်(၆) ၊ အပိုဒ်ခွဲ (ဂ) မှာ “ မှတ်ပုံ တင်ရမဲ့ နိုင်ငံရေး ပါတီ များဟာ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုသော ၀န်ခံချက်ကို ပေးရမယ်” လို့ ထည့်သွင်း ဖော်ပြ ထားပြီး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပုဒ်မ၄၀၅ (ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည် လို့လဲပါရှိပါတယ်။
ပုဒ်မ ၄၃၅ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကတင်ပြလာလျှင် အဆိုပါပြင်ဆင်ချက်ဥပဒေ မူကြမ်းကို ပြည်ထောင်စုလွှတ်တော်ကလက်ခံဆွေးနွေးရမည်။
ပုဒ်မ ၄၃၆ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ အထိ ၊အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ အထိ ၊အခန်း (၃) ပုဒ်မ ၅၉၊၆၀ ၊အခန်း(၄) ပုဒ်မ ၇၄၊၁၀၉၊၁၄၁၊၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊၂၀၁၊၂၄၈၊ ၂၇၆၊အခန်း(၆) ပုဒ်မ ၂၉၃၊၂၉၄၊၃၀၅၊၃၁၄၊၃၂၀၊အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂အထိ ၊အခန်း(၁၂) ပုဒ်မ ၄၃၆၊ တို့ရှိပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅% ကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်။
(ခ) ပုဒ်မခွဲ (က)တွင် ဖေါ်ပြထားသည့် ပြဌာန်းချက်များမှ အပအခြားပြဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။လို့ဖေါ်ပြထားပါတယ်။
ဒါကြောင့် နိုင်ငံရေး ပါတီ အနေနဲ့ မှတ်ပုံ တင်ပြီးတဲ့ အခါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေး စတာတွေ လုပ်လို့ မရ တော့ပါဘူး။ ရွေးကောက် ခံရတဲ့ အမတ်တွေ အနေနဲ့ ကလဲ နောင်တချိန် ပြင်ဆင်ရေး လုပ်ဖို့ ကြိုးပမ်းမယ် ဆိုရင် ၇၅ % မဲ ရရှိမှ ပြုလုပ် နိုင်ပါမယ်။ ဒီလောက်မဲ အရေ အတွက် ရဖို့ဆိုတာကလဲ စစ်ဗိုလ် တမတ်သားနဲ့ ရုပ်သေး ကြိုးဆွဲ အမတ်တွေ အနည်းဆုံး တမတ်သား ပါနေမယ့် ပါလီမန် ထဲမှာ ဖြစ်နိုင်ချေ မရှိပါဘူး။
နအဖ စစ်အုပ်စုက ရေးဆွဲ ပြဌာန်း လိုက်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ တွေဟာ မြန်မာ နိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေ အနေက တောင်းဆို နေတဲ့ သမိုင်း လိုအပ်ချက် များဖြစ်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အမျိုးသား သွေးစည်း ညီညွတ်ရေး၊ ဒီမိုကရေစီ စနစ် ရေရှည် တည်တံ့ ခိုင်မြဲရေး လိုအပ်ချက် တွေကို ဖြည့်ဆည်း ပေးနိုင်တာ မရှိပဲ တမျိုးသားလုံး စစ်ကျွန် ဘ၀ ရောက်ရှိရေး ကိုသာ ဦးတည် နေတယ်။ နောက်ဆက်တွဲ ပြဿနာတွေ အဖြစ်နဲ့ ပြည်တွင်း စစ်မီးတွေ တခါ ပြန်ပြီး ဖြစ်လာ နိုင်တယ်။ ဒီလို တမျိုးသားလုံး စစ်ကျွန် ဘ၀ မရောက်ဖို့နဲ့ ပြည်တွင်း စစ်မီး မတောက်လောက် စေဖို့အတွက် စစ်အာဏာရှင် စနစ် ဆိုးကြီး မြန်မာ့ မြေပေါ်မှာ အဆုံး သတ်သွားဖို့ လိုအပ် ပါတယ်။ ဒီလို အဆုံး သတ်နိုင်ဖို့အတွက် ပြည်သူ လူထု တရပ်လုံး လက်တွဲပြီး အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု လုပ်ငန်းစဉ် တွေကို လုပ်ဆောင် ကြမယ် ဆိုရင် နအဖ စစ်အာဏာရှုး တွေရော၊ စစ်အုပ်ချုပ်ရေး ယန္ဒရားရော၊ စစ်အာဏာရှင် စနစ်ပါ အားလုံး ချုပ်ငြိမ်း သွားမှသာလျှင် လိုရာခရီးသို့ ရောက်နှိုင်မှာ အသေ အခြာဘဲ ဖြစ်ပါတယ်။
ဇော်ဝမ်းမောင်



ဒါမျိုးတွေဘယ်သူလုပ်နေတာလဲ?????
ဘာဖြစ်စေချင်ကြတာလဲ????? ဒါဘာသဘောလဲဆိုတာ ခင်ဗျားတို့ဖာသာပဲ ဖြေကြည့်ကြပါတော့ ---- (အပိုင်း ၇)

 

သူရရွှေမန်း ကတော့ သမ္မတဖြစ်ခြင်ပါတယ် တဲ့။ ဗိုလ်သန်းရွှေရဲ့ အပြီးမသတ်ရသေးတဲ့ စီမံကိန်းတွေ အကောင်အထည်ပြန်ဖေါ် ဖို့များလား စဉ်းစားစရာ။ ဦးသန်းရွှေရဲ့အပြောင်းအလဲဗျူဟာ ဆိုတာကအလုံးစုံပျက်စီးနေတဲ့ မြန်မာ့စီးပွားရေးမှာ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ မှုတွေနဲ့ ဒီအတိုင်း ဆက်သွားရင် သိပ်မကြာခင်ကာလမှာ ၁၉၈၈ လို လူထုတိုက်ပွဲအကြီးအကျယ်ဖြစ်တော့မယ်ဆိုတာကို ခန့်မှန်းတွက်ချက် ထားခဲ့ပြီး အောင်မြင်စွာဆုတ်ခွာခြင်းနည်းဗျူဟာကို အသုံးချသွားတယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် သူစိတ်အချရဆုံးလူရဲ့လက်ထဲကို အရေးအကြီးဆုံးအာဏာအပ်နှင်းသွားပြီး အဲ့ဒီတစ်ယောက်ကိုတောင် ရာနှုန်းပြည့်စိတ်မချလို့ ကာလုံကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် သူ့ကို ပြန်ပြီး ဒုက္ခပေးလို့မရအောင်ပေါ့။ မြန်မာနိုင်ငံမှာ အကြီးအကျယ်ဆုံး အတားအဆီးက ဦးသန်းရွှေဆိုတာကို သဘောပေါက်စေချင်ပါတယ်။
ဗိုလ်ချုပ်သန်းရွှေ တပ်ချုပ်ကြီး ဖြစ်တဲ့အချိန်မှာ သူပထမဆုံး စလုပ်တဲ့ စစ်လက်နက်အင် အားတိုးချဲ့ရေး စီမံကိန်းကတော့ ဒုံးလက်နက်များ တည်ဆောက်ရေးပါပဲ။ ဒုံးများကို တာဝေးပစ်ဒုံး၊ တာလတ်ပစ်ဒုံး ဆိုပြီး နှစ်မျိုးစလုံးကို တည်ဆောက်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ဦးပိုင်းမှာ စီိမံကိန်းကို အတည်ပြုမိန့် ပေးခဲ့ပါတယ်။ စီမံကိန်းအတွက် ပညာရှင်များကိုတော့ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်နဲ့ ရုရှားမှ ပညာရှင်များကို ခေါ်ယူခဲ့ပါတယ်။
မြောက်ကိုးရီးယားနိုင်ငံဟာ အိုင်အေအီးအေ အာဏာပိုင်တွေရဲ့ စစ်ဆေး ချုပ်ကိုင်ခွင့် အထိန်းအချုပ်တွေနဲ့ ကင်းလွတ်ပြီးလုပ်ချင်ရာလုပ်နေတဲ့ စည်းအပြင်က နိုင်ငံဖြစ်နေတာကြောင့် နအဖဟာ နျူကလီးယား လက်နက်ထုတ်လုပ်ဖို့အတွက် မြောက်ကိုးရီးယားကို တိုက်ရိုက် အားကိုးရမှာဖြစ်ပြီး ရုရှား၊ ပါကစ္စတန် တို့ကိုတော့ သွယ်ဝိုက် အားကိုးလို့ဘဲ ရနိုင်ပါတယ်။မြောက်ကိုရီးယားနှင့် လျှို့ဝှက် ဆက်သွယ်မှူကို ၁၉၉၂ ခုနှစ် ဧပြီလ ဗိုလ်သန်းရွှေ အာဏာ ရယူပြီးနောက်ပိုင်းမှာ စတင်ခဲ့တာဘဲဖြစ်ပါတယ်။၁၉၉၇ခုနှစ်မှာ ကမ်းလွန်ဓာတ်ငွေ့ ထွက်ရှိမှုကနေရတဲ့ ငွေတွေနဲ့ နူကလီးယား အပါအဝင် အနုမြူလက်နက်အထိ ထုတ်လုပ်ရန် ပြင်ဆင်ခဲ့ပါတယ်။စက်ရုံအတွက် စက်ပစ္စည်းများကိုတော့ တောင်ကိုရီးယား၊ တရုတ်နဲ့ ရုရှားနိုင်ငံများက တင်သွင်းခဲ့ပါတယ်။ ၂၀၀၃-၂၀၀၄ ခုနှစ်မှာ အပြီးသတ် ဆောက်လုပ်နိုင်ခဲ့ပြီး ထုတ်လုပ်မှုများ စတင်ခဲ့ပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီမှ တောင်ကိုရီးယား ပညာရှင်များကို ခေါ်ယူ တည်ဆောက်ရာမှာ အချို့ လုပ်ငန်းရပ်များအား မြောက်ကိုရီးယား ပညာရှင်များကို ခေါ်ယူသုံးရပါတယ်။ ဒါပေမဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဆက်စပ်မှု မရှိအောင် စီစဉ်ပြီး လုပ်ခဲ့ရပါတယ်။ အဲဒီအချိန် ကာလတုံးက မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံတို့ သံတမန် တရားဝင် ပြန်လည် ဆက်သွယ်ခြင်း မပြုရသေးသော်လည်း လျှို့ဝှက် ဆက်သွယ်မှုများ ရှိနေပြီ ဖြစ်ပါတယ်။ မြောက်ကိုရီးယား ပညာရှင်များကို တရုတ်နိုင်ငံမှ တဆင့် ဖြတ်ကျော်ပြီး တရုတ်-ဗမာ နယ်စပ်ကနေ လူမှောင်ခိုသွင်း ခေါ်ယူခဲ့ခြင်း ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဒေ၀ူးကုမ္ပဏီဟာ မြန်မာ့ကမ်းလွန်ရေနံနဲ့ ဓါတ်ငွေ့ ရှာဖွေ ထုတ်လုပ်ရေးမှာအဓိကလုပ်ပိုင်ခွင့်ရနေတဲ့ကုမ္ပဏီဖြစ်ပါတယ်။
ကမ်းလွန် ရေနံနဲ့ ဓါတ်ငွေ့များကို ထိုင်းနိုင်ငံသို့ ရောင်းချရုံနဲ့ မြန်မာစစ်အစိုးရ အတွက် တစ်နှစ်ကိုဒေါ်လာ သန်းပေါင်း ထောင်ချီပြီး ၀င်ငွေများ ရနေပါတယ်။ ဒီဝင်ငွေ များဟာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ စာရင်းများထဲကို မရောက်ပဲ ပြည်ပနိုင်ငံ တချို့မှာ ငွေစာရင်းဖွင့်ပြီး ထည့်ထားပါတယ်။ အဲဒါတွေကို ဦးပိုင် ကုမ္ပဏီနဲ့ Myanmar Economic Holdings လို့ ခေါ်တဲ့ စစ်အစိုးရရဲ့ အလျှို့ဝှက်ဆုံး financial institution က ချုပ်ကိုင်ပါတယ်။ ဒီ ဦးပိုင် နဲ့ MEH တို့ကို တာဝန်ယူ လုပ်ကိုင်ရသူကတော့ ကကထုတ် ရဲ့ ထုတ်ချုပ်လဲ ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး ဖြစ်ပါတယ်။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားလို ရန်သူနိုင်ငံ နှစ်ခုက ပညာရှင်တွေကို ဒီလို လက်နက် ဆန်းတွေ ထုတ်နိုင်တဲ့ စက်ရုံကြီးတွေမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မသိစေရပဲ လုပ်ကိုင်နေကြတာ၊ တောင်ကိုရီးယားကြောင့် ရတဲ့ဝင်ငွေ တွေထဲက မြောက်ကိုရီးယားတို့ ရုရှားတို့ကို ငွေပေးချေနေတာတို့ကို ကြည့်ရင် မြန်မာနိုင်ငံကို ဘယ်လောက်ပဲ စီးပွားရေး ပိတ်ဆို့မှုတွေ လုပ်လုပ်၊ ဒီနိုင်ငံတွေကပဲ ငွေကြေးလည်ပတ်အောင် ကူညီနေသလို မြန်မာစစ်အစိုးရရဲ့ စစ်လက်နက် တိုးချဲ့ရေးကို တဖက်က အားပေး ကူညီနေတာတွေကို တွေ့နိုင်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေရဲ့ စစ်လက်နက် အင်အားတိုးချဲ့ရေး မဟာစီမံကိန်းများရဲ့ ပထမအဆင့်ဖြစ်တဲ့ ဒုံးလက်နက်များ တည်ဆောက် တပ်ဆင်ရေး စီမံကိန်းမှာ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ ကြားကပဲ လက်နက်မျိုးစုံ၊ စစ်ပစ္စည်းမျိုးစုံကို ၀ယ်ယူ တင်သွင်း နေပါတယ်။
အထူးသဖြင့် တရုတ်၊ ရုရှား၊ ယူကရိန်း၊ စင်္ကာပူ အစရှိတဲ့ နိုင်ငံများက ၀ယ်ယူ တင်သွင်းသလို နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံကပါ ၀ယ်ယူ တင်သွင်းနေပါတယ်။ ဒီနိုင်ငံတွေနဲ့ အရောင်းအ၀ယ် လုပ်ရာမှာ ငွေကြေးရှင်းရာမှာ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် ငွေကြေးစနစ်ကိုလည်း ထိခိုက်တဲ့အတွက် နောက်ပိုင်း မြောက်ကိုရီးယားနဲ့ အလုပ်လုပ် ရာမှာတော့ အဆင်ပြေတာတွေ ရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြောက်ကိုရီးယားနဲ့က ပစ္စည်းချင်းဖလှယ်တဲ့ စနစ် ကို သုံးနိုင်လို့ ပါပဲ။ မြောက်ကိုရီးယားက လိုနေတဲ့ ဆန်၊ ပြောင်း၊ ပဲ၊ သီးနှံ စတာတွေနဲ့ စစ်လက်နက် ပစ္စည်းတွေ၊ နည်းပညာတွေကို လဲလှယ်လို့ ရပါတယ်။ ဗိုလ်သန်းရွှေရဲ့ စစ်လက်နက် အင်အားတိုးချဲ့ရေး မဟာစီမံကိန်းရဲ့ ဒုတိယအဆင့် စီမံကိန်းကတော့ နျူကလီးယား လက်နက်များ ပိုင်ဆိုင်ရေး စီမံကိန်း ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာ ၂ရက်နေ့အထိ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် အဖွဲ့ဟာ တရပ်နိုင်ငံကနေ တဆင့် မြောက်ကိုရီးယား နိုင်ငံ ကို စစ်အင်အားတိုးချဲ့နှိုင်ရေးအတွက် သွားရောက်လေ့လာခဲ့ကြပါတယ်။ ၂၂.၁၁.၂၀၀၈ ကနေပြီး ၂၉.၁၁.၂၀၀၈ ရက်နေ့အထိ မြောက်ကိုရီးယားနိုင်ငံမှာ လေ့လာခဲ့ပြီး ၂၉.၁၁.၂၀၀၈ ရက် ကနေပြီး ၂.၁၂.၂၀၀၈ အထိ တရုပ်နိုင်ငံမှာ ဆက်လက်လေ့လာခဲ့ကြပါတယ်။ ၂၂.၁၁.၂၀၀၈ နေ့မှာ KPA မှ Chief of General Staff General Kim Gyok Sik နှင့်တွေ့ဆုံ ညစာစားခဲ့ကြပြီး ၂၃.၁၁.၂၀၀၈ မှာ မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့ Model of Command Post ကိုသွားရောက်လေလာခဲ့ပြီး National Air Defence Command System (PLUTO-4S) အကြောင်းကို Mr.Jo Kong Mo နှင့် Mr.Kong Myong တို့က အသေးစိတ် ရှင်းလင်း ပြသခဲ့ကြပါတယ်။၂၄.၁၁.၂၀၀၈ မှာတော့ Nampo ရေတပ်စခန်း Naval Unit တစ်ခုကိုသွားရောက်လေ့လာခဲ့ကြပါတယ်။၂၅.၁၁.၂၀၀၈ နေ့မှာတော့ Aircraft Movement Control Post (in tunnel) ကိုသွားရောက်လေ့လာခဲ့ပြီး ရေဒါများဖြင့် ထောက်လှမ်းတွေ့ရှိချက်များ ကွန်ပြူတာစနစ်သုံး Display Board တွင် အသင့်မြင်တွေ့နှိုင်သောစနစ် Control Room များကို မြေအောက်လှိုင် ဂူများအတွင်းထာရှိပုံ ဥမင်တည်ဆောက်မှုနှင့် စက်ပစ္စည်းတပ်ဆင်မှုများ လေယာဉ်များ ဥမင်လှိုင်ခေါင်းအတွင်း ပုံဖျက်ဖုံးကွယ်ခြင်း သံချပ်ကာ တပ်ဖွဲ့ အစရှိသည်တို့ကိုလေ့လာခဲကြပါတယ်။၂၆.၁၁.၂၀၀၈ ရက်နေ့မှာတော့ KPA Aircraft Unit ကိုသွားရောက်လေ့လာခဲ့ကြပြီး Radar System တစ်ခုလုံးကို မြေကြီးတွင် ကျင်းတူးမြှုတ်နှံထားပြီး ပုံဖျက်ထားသည့်စနစ် ပြုံးယမ်းမြို့ရှိ အကြမ်းဖက်နှီမ်နှင်းရေးတပ်ဖွဲ့၏ ကိုယ်ခံပညာကျွမ်းကျင်မှု ကျွမ်းဘားကျွမ်းကျင်မှု ဒါး၊တူ၊ခရင်း၊ပုဆိန်၊ရဲဒင်း၊ပေါက်ချွန် ပစ်ကျွမ်းကျင်မှု အုတ်၊အုတ်ကြွပ်များ ထိုးခွဲမှုစွမ်းရည် ရိုင်ဖယ်၊ပစ္စတို ပစ် ကျီမးကျင်မှုတို့ကို လေ့လာခဲ့ကြပါတယ်။၂၇.၁၁.၂၀၀၈ မှာ Anti-aircraft Gum Ammunition Eactory အား မြေအောက် လှိုင်ဂူ အတွင်း တည်ဆောက်ထားပုံ ၂၇.၁၁.၂၀၀၈ ရက်နေ့မှာလည်း ၎င်းင်းစက်ရုံကို ဆက်လက်လေ့လာခဲ့ပါတယ်။၂၈.၁၁.၂၀၀၈ နေ့မှာ Surface to Surface Missile Factory ကိုသွားရောက်လေ့လာခဲ့ပြီး မြောက်ကိုရီးယားမှ ဖမ်းဆီးထိမ်းသိမ်းထားခဲ့သည့် အမေရိကန်နိုင်ငံမှ USS Puebio (Ager-2) ရေယာဉ် ကိုပါ သွားရောက်လေ့လာခဲ့ကြပါတယ်။
စစ်လက်နက် အင်အားတိုးချဲ့ရေး မဟာစီမံကိန်းရဲ့ ဒုတိယအဆင့် စီမံကိန်းကတော့ နျူကလီးယား လက်နက်များ ပိုင်ဆိုင်ရေး စီမံကိန်း ဖြစ်ပါတယ်။ စစ်အာဏာရှင် ဗိုလ်သန်းရွှေလို လူမျိုး လက်ထဲသို့ လူထောင်ပေါင်းများစွာ သေကြေစေနိုင်မဲ့ လက်နက်များ ရသွားမယ်ဆိုရင် ဗမာနိုင်ငံရဲ့ အရေးဟာ အခုလက်ရှိ အခြေအနေထက် အဆပေါင်းများစွာ ပိုပြီး အန္တရာယ် ရှိလာမယ်ဆိုတာကိုတော့ အထူးစဉ်းစား နေစရာ မလိုတော့ပါ။သူတို့အမှန်တကယ်လိုခြင်နေတာကတော့ အနုမြူဗုံးပါ အဲဒါ သူတို့ရဲ့ အဓိကရည်မှန်းချက်ဘဲ ဖြစ်ပါတယ်။
အနုမြူဗုံးလုပ်ရာမှာ ယူရေနီယမ်သတ္တုကိုသုံးတယ် ဆိုတာ လူအတော်များများ သိကြပါတယ်။ ယူရေနီယမ် မှန်ရင် သတ္တုရိုင်းတွေကလည်း ရေဒီယိုဓာတ်ကြွတဲ့အတွက် သတ္တုတွင်းတူး အလုပ်သမားတွေ၊ သယ်ယူ ပို့ဆောင် ကိုင်တွယ်ရတဲ့ အလုပ်သမားတွေ၊ စစ်သည်တွေ အတွက် အန္တရာယ်ကြီးလှပါတယ်။ ယူရေနီယမ် ကတဆင့် အနုမြူဗုံးကို အဓိကထုတ်လုပ်ပြီး တချိန်တည်းမှာ ပလူတိုနီယမ်ကိုလည်း ခိုးလုပ်နိုင်အောင် အနုမြူဓာတ်ပေါင်းဖို တည်ဆောက် ကြိုးစားကြပါတယ်။ ဒါကြောင့် အနုမြူဓာတ်ပေါင်းဖို တည်ဆောက်ဖို့ဖြစ်စေ၊ အနုမြူဗုံးလုပ်ဖို့ဖြစ်စေ အစကနဦးအနေနဲ့ ယူရေနီယမ် ထုတ်လုပ်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။ ယူရေနီယမ် သန့်စင်ဖို့ လိုတဲ့အတွက် ဆလင်ဒါပြွန်လုံးတွေ ထောင်နဲ့ချီလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် စက်ရုံတွေမှာ ပြွန်လုံးရှည်ကြီးတွေ အတွဲလိုက် အစုလိုက် အစဉ်လိုက် ထောင်နဲ့ချီ တပ်ဆင်ထားရတဲ့အတွက် သိသာမြင်သာတဲ့ စက်ရုံအကျယ်ကြီးတွေ တည်ဆောက် ရပါတယ်။ ဗမာပြည် မှာ ယူရေနီယမ် အဓိကထွက်တဲ့နေရာက ရှမ်းပြည် တောင်ကြီးနဲ့ ဟိုပုံးကြားက ပင်းပက်သတ္တုတွင်း ဖြစ်ပါတယ်။ ရေရှည်မှာတော့ ပင်းပက်ဟာ ယူရေနီယမ် သတ္တုရိုင်းမြေကြီးကို သန့်စင်တဲ့ အဓိကနေရာ ဖြစ်လာပါလိမ့်မယ်။

အနုမြူလက်နက် လုပ်ငန်းမှာ အရေးကြီးအဆင့် လျှို့ဝှက်အဆင့် ရောက်လာတဲ့အနေအထားမှာ စက်ရုံတွေကို မေမြို့လိုတပ်မြို့နားမှာ ဆောက်တာ အများကြီး ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ အရေးပါတဲ့ပြဿနာတခုက စက်ရုံအတွက် ထောင်နဲ့သောင်းနဲ့ချီတဲ့ ဆလင်ဒါ ပြွန်လုံးရှည်တွေကို ဘယ်သူကရောင်းပေးသလဲ ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒီဆလင်ဒါတွေကို တွေ့ကရာ ဒန်အိုးဒန်ခွက်တွေနဲ့ လုပ်လို့မရပါဘူး။ သီးသန့် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ရောင်းပေးတဲ့နိုင်ငံ၊ ရောင်းပေးတဲ့ကုမ္ပဏီဟာ နိုင်ငံတကာ စည်းမျဉ်းတွေ ကုလသမဂ္ဂ ကန့်သတ်ချက်တွေကို လုံးဝဖောက်ဖျက်တာဖြစ်တဲ့အတွက် မှောင်ခိုရောင်းသူတွေကို နိုင်ငံ တကာက ဖော်ထုတ် အရေးယူရမှာ ဖြစ်သလို မရောင်းနိုင်အောင် လဲ ပိတ်ပင်တားမြစ်ရမှာ ဖြစ်ပါတယ်။
ဇော်ဝမ်းမောင်




ဒါမျိုးတွေဘယ်သူလုပ်နေတာလဲ?????
ဘာဖြစ်စေချင်ကြတာလဲ????? ဒါဘာသဘောလဲဆိုတာ ခင်ဗျားတို့ဖာသာပဲ ဖြေကြည့်ကြပါတော့….. အပိုင်း(၈)

မြောက်ကိုရီးယားနိုင်ငံဟာ လက်နက်များကို မြန်မာနိုင်ငံအပါအဝင် အီရန် နှင့် ဆီးရီးယားနိုင်ငံများသို့ တင်ပို့လျှက်ရှိပြီး ကုလသမဂ္ဂ ၏ အရေးယူမှုများ ကိုရှောင်ရှားရန်အတွက် ကြားခံ ကုမ္ပဏီများကို အသုံးချခဲ့ပါတယ်။၂၀၀၃ ဇူလိုင်လခန့်က မြောက်ကိုရီးယား ပညာရှင် ၁၅ဦးမှ ၂၀ ခန့်အထိ ရန်ကုန်ရှိ ရေတပ်စခန်းတစ်ခုနှင့် ကာကွယ်ရေးဝန်ကြီးဌာနတစ်ခု၏ ဧည့်ရိပ်သာတစ်ခုမှာ တွေ့ရှိရကြောင်းကိုလည်း သတင်းပေါက်ကြားခဲ့ပါတယ်။

၂၀၀၈ခုနှစ်နိုဝင်ဘာလ အတွင်းမှာလည်း သူရရွှေမန်းခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြောက်ကိုရီးယားသို့ လျှို့ဝှက်စွာသွားရောက်ခဲ့ ကြပါတယ်။နေပြည်တော်လေဆိပ်မှ အထူးလေယာဉ် ATR-72 ဖြင့် တရုပ်ပြည် ကူမင်းသို့၎င်း ထိုမှတဆင့် China Southern Airline CZ 6160 ဖြင့် ပေကျင်း လေဆိပ်သို့၎င်း ပေကျင်းလေဆိပ်မှ Korea Air Line JS-152 နှင့် မြောက်ကိုရီးယာ သို့ သွားရောက်ခဲ့ခြင်း ဖြစ်ပါတယ်။
ထိုသို့သွားရောက်လေ့လာရာတွင် မြောက်ကိုရီးယား ရေတပ် စခန်း တစ်ခုကိုသွားရောက်လေ့လာရာတွင်၎င်းရေတပ်စခန်းကို ရေအောက်မျက်နှာပြင်မှ ရေမျက်နှာပြင်ပေါ်အထိ တည်ဆောက်ထားပုံ ရေယာဉ်များကို လုံခြုံစွာ ထိမ်းသိမ်းထားနှိုင်ရန် ဥမင်လှိုင်ခေါင်းတည်ဆောက်ထားပုံ ၎င်းဥမင်များကို ဒုံးပျံများ ပစ်ခတ်မှု ဒါဏ်ခံနှိုင်ရန် တည်ဆောက်ထားပုံတွေ လေ့လာခဲ့ကြပါတယ်။လေတပ်စခန်းတွင်လည်း တိုက်လေယဉ်များကို ဝင်ဆန့်မှု ရှိစေရန် ဥမင်လှိုင်ခေါင်းများတည်ဆောက် ထားပုံတွေနှင့် လေကြောင်းရန်ကာကွယ်ေ၇း လက်နက်ဖြစ်သည့် ပခုံးထမ်း ပဲ့ထိမ်း ဒုံး တပ်ဆင်ထားသော တင့်ကားပေါ်မှ စီးနင်းလိုက်ပါပြီး လေယာဉ် ရဟတ်များကို ပစ်ခတ်နှိုင်ရန် ဆက်စပ်ဖန်တီးထားပုံ မြေအောက်လှိုင်ခေါင်း အတွင်း Anti tank Missile များထုတ်လုပ် သည့် စက်ရုံများ တည်ဆောက်ထားပုံတွေ လေ့လာခဲ့ ကြပါတယ်။

မြောက်ကိုရီးယားတပ်မတော်နှင့် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စ အထူးတပ်ဖွဲ့ဆိုင်ရာ လေ့ကျင့်ရေး စစ်ဘက်ရေးရာ လုံခြုံရေး လေ့ကျင့်ရေး ဥမင်လှိုင်ခေါင်း စစ်ဆင်ရေးဆိုင်ရာ လေ့ကျင့်ရေး လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ လေ့ကျင့်ရေး နှင့် နှစ်နိုင်ငံ ဘာသာစကားလေ့ကျင့်ရေး တို့ကို ဆွေးနွေးခဲ့ကြပါတယ်။မြောက်ကိုရီးယားမှလည်း လေယာဉ်နှင့် သင်္ဘောများ ထားရှိမည့် ဥမင်လှိုင်ခေါင်းများ အခြားစစ်ဘက်ဆိုင်ရာ အဆောက်အဦများ စသည့် မြေအောက်အဆောက်အဦများ ဆောက်လုပ်ရာတွင် ကူညီဆောင်ရွက်ပေးမည် ဟု ဂတိပြုခဲ့ကြပါတယ်။

မြောက်ကိုရီးယားနှင့် ပိုင်နက်နယ်နမိတ် တဆက်တည်း ဖြစ်သော တောင်ကိုရီးယားနိုင်ငံတွင် အခြေပြုထားသော အမေရိကန်တပ်ဖွဲ့များ၏ လေကြောင်းကျူးကျော်မှု အန္တရာယ် ကို ချေမှုန်းနှိုင်ရန်တိုက်ပွဲဝင်ရန်အသင့်၂၄နာရီ ပြင်ဆင်ထားပုံတွေကိုပါ တွေ့ရှိခဲ့ကြရ ပြီး လေကြောင်းအန္တရာယ် ကာကွယ်နှိုင်ရေးအတွက် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါတယ်။

မြောက်ကိုးရီးယားနိုင်ငံဟာ အိုင်အေအီးအေ အာဏာပိုင်တွေရဲ့ စစ်ဆေး ချုပ်ကိုင်ခွင့် အထိန်းအချုပ်တွေနဲ့ ကင်းလွတ်ပြီးလုပ်ချင်ရာလုပ်နေတဲ့ စည်းအပြင်က နိုင်ငံဖြစ်နေတာကြောင့် နအဖဟာ နျူကလီးယား လက်နက်ထုတ်လုပ်ဖို့အတွက် မြောက်ကိုးရီးယားကို တိုက်ရိုက် အားကိုးရမှာဖြစ်ပြီး မြောက်ကိုရီးယားနှင့် လျှို့ဝှက် ဆက်သွယ်မှူကို ၁၉၉၂ ခုနှစ် ဧပြီလ ဗိုလ်သန်းရွှေ အာဏာ ရယူပြီးနောက်ပိုင်းမှာ စတင်ခဲ့တာဘဲဖြစ်ပါတယ်။၁၉၉၇ခုနှစ်မှာ ကမ်းလွန်ဓာတ်ငွေ့ ထွက်ရှိမှုကနေရတဲ့ ငွေတွေနဲ့ နူကလီးယား အပါအဝင် အနုမြူလက်နက်အထိ ထုတ်လုပ်ရန် ပြင်ဆင်ခဲ့ပါတယ်။စက်ရုံအတွက် စက်ပစ္စည်းများကိုတော့ တောင်ကိုရီးယား၊ တရုတ်နဲ့ ရုရှားနိုင်ငံများက တင်သွင်းခဲ့ပါတယ်။ ၂၀၀၃-၂၀၀၄ ခုနှစ်မှာ အပြီးသတ် ဆောက်လုပ်နိုင်ခဲ့ပြီး ထုတ်လုပ်မှုများ စတင်ခဲ့ပြီ ဖြစ်ပါတယ်။
ဥမင်လှိုင်ခေါင်းများကိုလည်း မြောက်ကိုရီးယား အကူအညီနှင့် တည်ဆောက်တာ ခန့်မှန်းခြေကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ခန့် ကုန်ကျခဲ့တယ်လို့သိရပါတယ်။ဥမင်လှိုင်ခေါင်းများမှာ အချို့နေရာများမှာ ဘော်လုံးကွင်း နှစ်ခုစာမျှကျယ်ဝန်းနေပြီး ကားများသွားလာနှိုင်လောက်အောင် ကျယ်ဝန်းသည့် လှိုင်ခေါင်းများပြင်ပမှတိုက်ခိုက်ပစ်ခတ်ခြင်းမရှိရအောင်တည်ဆောက်ထားသောဥမင်တွေ၊ချိတ်ဆက်ထားတဲ့ဥမင်လမ်းရှည်တွေ ရှိနေသည့်အတွက် ဗိုလ်သန်းရွှေ၏ အကြံအစည်မှာ ခန့်မှန်းမရလောက်အောင်ပင်ဖြစ်ပါတယ်။နူကလီးယားစီမံကိန်းအတွက် ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရရှိသော အကျိုးအမြတ်များမှ လုပ်ဆောင်နေခြင်းလဲဖြစ်ပါတယ်။ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၇.၅ သန်း ခန့်ရရှိပါတယ်။ထို့အပြင် ရွှေ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းမှ ရရှိသော ငွေများကိုလည်း စစ်အင်အား တိုးချဲ့ရေး အတွက်ပင်သုံးစွဲခဲ့ပါတယ်။
သဘာဝသယံဇာတတွေကို နိုင်ငံတော်အတွက် အကျိုးရှိရှိအသုံးချရမည့်အစား စစ်အင်အားတိုးချဲ့နေခြင်း၊ကြောင့် နိုင်ငံတော်ဝင်ငွေမှာ ဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ပါတယ်။

၂၀၀၂ ခုနှစ်ကစ၍ သဘာဝ ဓာတ်ငွေ့မှ အမေရိကန်ဒေါ်လာငွေ ၅ ဘီလီယံခန့် (သန်း ၅၀၀၀) ထိုင်းနိုင်ငံအစိုးရထံမှအတိုးရောအရင်းပါရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း နှစ်စဉ်ပုံမှန်ရရှိခဲ့ကြပါတယ်။ ရရှိတဲ့ငွေများကို ထိုင်းနှင့်စင်္ကာပူရှိ မြန်မာသံရုံးများ၏ သံတမန် အခွင့် အရေးအောက်တွင် သီးခြားဘဏ်ငွေစာရင်းများဖွင့်၍ သဘာဝဓာတ်ငွေ့မှရသောငွေများကိုသွင်းရပါတယ်။ အဆိုပါသီး သန့်ဘဏ်ငွေစာရင်းများကိုထိပ်တန်းလျှို့ဝှက်အဆင့်သတ်မှတ်ကာ မြန်မာ့စီပွားရေးဦးပိုင်လီမိတက်၏ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးတင်အေးကနေပြီးတာဝန်ယူရပါတယ်။ အဲဒီဘဏ်ငွေစာရင်းများမှ စစ်တပ်နှင့်ပတ်သက်၍ လေယာဉ်များအပါဝင်အဆင့်မြင့်လက်နက်ကြီးငယ်များ၊ အနုမြူ နှင့်ဒုံးလက်နက်ကိစ္စများကို ဦးပိုင်က စစ်တပ်အတွက် ဝယ်ယူပေးရပါတယ်။ သုံးစွဲခွင့်အမိန့် အာဏာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှချပေးကာ ချက်လက်မှတ်ကို ဒုတိယဗိုလ်ချုပ်ကြီးတင်အေးက ထိုးပေးရပါတယ်။ ဦးပိုင်လီမိတက် ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထင်သလို ငွေကိုသုံးနိုင်ရန် စာရင်းစစ်၍မရသော အဖွဲ့စည်းတခုဖြစ်နေပြီး စစ်တပ်ကို ကျောထောက်နောက်ခံပြုထားသော စီးပွားရေးလက်ကိုင်ဒုတ် တခုလည်း ဖြစ်နေပါတယ်။

ပြည်သူလူထုရဲ့ ကျန်းမာရေး၊ ပညာရေး စသဖြင့် အဖက်ဖက်က နိမ့်ကျနေပေမဲ့ ထိထိရောက်ရောက် ပံ့ပိုး ကြည့်ရူခြင်း မရှိဘဲ နအဖရဲ့ စစ်လက်နက် အင်အား တိုးချဲ့ရေး စီမံကိန်းအရတော့ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ အထိ ရူးသွပ်လျှက်ရှိကြောင်း၊ နိုင်ငံရဲ့ သယံဇာတတွေကို ပြည်သူလူထု ကောင်းကျိုးအတွက် လုံးဝ အသုံးမပြုဘဲ ကိုယ်ကျိုး စီးပွါးနဲ့ အာဏာရှင်စနစ် အထောက်အကူ ပြုမဲ့ စစ်တပ်နဲ့ စစ်လက်နက် တိုးချဲ့ ထုတ်လုပ်ဖို့ အတွက်သာ ကြံဆောင် အသုံးပြုနေကြပါတယ်။

စစ်အင်အား အဆမတန်တိုးချဲ့ မူ၊ မှားယွင်းသော စီးပွားရေးစီမံခန့်ခွဲမူ၊ နိုင်ငံ တကာဆက်ဆံရေး ညံ့ဖျင်းမူတွေကို ပြည်သူတွေသာ ခါးစီး ခံနေရတဲ့ သာဓက တစ်ခုပါပဲ။ နိုင်ငံတော် စီးပွားရေးပျက် ကပ်ကြီးဆိုက်ရောက်ခဲ့ရတဲ့ အဓိကသော့ချက် ကတော့ စစ်ခေါင်းဆောင်တွေနဲ့ စစ်အင်အား အဆမတန်တိုးချဲ့ မူ ၊ နိုင်ငံတော်၏စီးပွားရေးကို လက်ဝါးကြီးအုပ်ချယ်လှယ် ခဲ့တဲ့ အချက်တွေကြောင့်ပါ၊ တကယ်ဆိုရင်ဒါလူထုကိုလုံးဝသစ္စာဖေါက်ဖျက်တာပါ၊ လုံးဝခွင့်လွတ်စရာတော့မကောင်းပါဘူး၊ဒါပေမဲ့လူထုကအားလုံးကိုသဘောထားကြီးကြီးခွင့် လွတ်ပေးနေပါတယ်၊ဒီလိုလူထုကခွင့်လွတ်နေပါရဲ့သားနဲ့အ ကြောက်လွန်ပြီး စစ်မှန်တဲ့ဒီမိုကရေစီ လမ်းကြောင်းအပေါ်တက်ဖို့ ကြောက်နေကြတာစစ်အာဏာရှင်တွေပဲမဟုတ်လား။အဲဒီလိုသာဓကတွေရှိနေပါရဲ့သားနဲ့ မြန်မာပြည်ကပြုပြင်ပြောင်းလဲရေး လုပ်တာလောက်နဲ့ တာဝန်ကျေတယ်လို့ယူဆလို့မရပါဘူး၊နိုင်ငံတော်ကိုအမှန်တကယ် ပြုပြင်ပြောင်းလဲ လိုတဲ့သူတွေဟာ ထိုက်သင့်တဲ့ပူးပေါင်းပါဝင်မှုကိုလက်တွေ့ ပြရမယ်၊ လူထုဘက်ကိုရာနှုန်းပြည့်ကို ရပ်ပြရမဲ့အချိန် အခါကိုရောက်နေပါပြီ၊ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တဲ့နေရာမှာ တတပ်တအားပါဝင်ပါမှ လူထုကိုအကျိုးတကယ်ပြုတဲ့ ခေါင်းဆောင်ကောင်းတွေ ထွက်ပေါ်လာမှာဘဲဖြစ်ပါတယ်။
ဇော်ဝမ်းမောင်
 


မြန်မာနိုင်ငံသားတွေ သမာသမတ်ကျတာ ကမ္ဘာကိုသိပါစေ
 
ယဉ်ကျေးမှု
ကျွန်တော်တို့မြန်မာနိုင်ငံဟာရှေးယခင်ကထဲကယဉ်ကျေးမှုအစဉ်အလာကြီးမားခဲ့တဲ့နိုင်ငံတ နိုင်ငံဖြစ်ပါတယ်။ ကျနော်တို့ ယဉ်ကျေးမှု ဆိုတာက အားနည်းသူတွေ၊ ကူညီဖို့ လိုအပ်နေသူတွေကို သက်ညှာရတဲ့၊ အလိုက်သိ ဖေးမ,ပေးရတဲ့ ယဉ်ကျေးမှုပါ။ မြေနိမ့်လှံစိုက် မလုပ်ရတာ မြန်မာ့ယဉ်ကျေးမှုပါ။ ကမ္ဘာပေါ်တွင် မည်သည့်လူမျိုးများနှင့်မျှ နှိုင်းယှဉ်၍ မရလောက်အောင်ပင် ယဉ်ကျေးကြပြီး မြန်မာအမျိုးသမီးတို့မှာ လည်း မည်သည့်လူမျိုးများနှင့်မျှ နှိုင်းယှဉ်၍ မရလောက်အောင်ပင် ယောက်ျားများနှင့် တန်းတူ အကျိုးခံစားခွင့် ရင်ဘောင်တန်းနှိုင်ခွင့် ကမ္ဘာ့အမျိုးသမီးများအားလုံးထဲ တွင် အလွပ်လပ်ဆုံးသော အခွင့်အရေးများ ရရှိကြပါ တယ်။
မြန်မာအမျိုးသမီးတို့မှာ ကမ္ဘာတွင် လွပ်လပ်ခွင့်အရရှိဆုံး သူတို့ဖြစ်ကြပါတယ်။ယောက်ျားတို့ကို ချစ်ခင်ရိုသေ ကြပြီး ယောက်ျားတို့နှင့် တန်းတူအခွင့်အရေးတို့ကို ရရှိကြပါတယ်။ အသားအရေ ဝင်းဝါစိုပြေပြီး သိမ်မွေ့သော ရုပ်ရည်ရှိကြပါတယ်။ မွှေးကြိုင် လှသော သနပ်ခါးကို မျက်နှာနှင့် တစ်ကိုယ်လုံးကို လိမ်း၍ မျက်နှာပေါ်တွင် စိတ်ရသလောက် လှပစွာချယ်သကြပါတယ်။ ရှည်လျှားသောထမိန်အနားပါတဲ့ ရွှေခြည်ငွေခြည်တို့ဖြင့် လှပစွာချုပ်လုပ်ပြီး ဝတ်စား ဆင်ယင်မှုနှင့် ကိုယ်ပိုင် ယဉ်ကျေးမှုကို အခြားနိုင်ငံများကပင် အတုယူကြရလောက်အောင် ထွန်းကားခဲ့ကြပါတယ်။
ထို့အပြင် ဘာသာရေးအနှောင်အဖွဲ့ ဇတ်အနိမ့်အမြင့်တို့၏ အတားအဆီးတို့မှ ကင်းလွတ်ကြပြီး မယုံမကြည် သံသယပွားများတတ်ခြင်းမရှိ ဟန်ကြီးပန်ကြီးပြုလုပ်လေ့မရှိ အခြားဘာသာဓလေ့ထုံးစံတို့ကိုလည်း ရှုံ့ချရွံမုန်း လေ့မရှိ အလွန်ဖေါ်ရွေပြီး လူမှန်သမျှအားလုံးတို့ကို ရိုသေကိုင်းရှိုင်းစွာ လေးလေးစားစား ဆက်ဆံတတ်ကြ ပါ တယ်။ လွပ်လပ်စွာနေထိုင်ပြောဆိုမှု ရက်ရောစွာပေးကမ်းတတ်ကြပြီး ဆင်းရဲသော သူများပင် ရိုးသားမွန်ရည်ကြ ပါတယ်။ ကြင်နာခင်မင်တတ်ကြတယ် ကျွေးချင်မွေးချင်ကြတယ် ရွှင်ရွှင်ပြပြနေထိုင်တတ်ကြပြီး ရောင့်ရဲတင်း တိမ်မှုရှိကြခြင်းမှာ မြင်ရသူတိုင်းပင် အလွန်အံ့သြကြရပါတယ်။
ခရီးအတူသွားလာကြရာတွင်လည်း ကုန်ကျစရိတ်ကို သူ့ထက်ငါဦးအောင် အလုအယက်ပေးတတ်ကြပါတယ်။ မည်သို့ပင် ဆင်းရဲသောအိမ်ဖြစ်ပါစေ မိမိတို့အိမ်သို့ ဝင်ရောက်တည်းခိုလာ သောသူတို့ကို အမျိုးအမည်မခွဲခြားဘဲ အဖိုးအခမယူ အဆင့်အတန်းအနိမ့်အမြင့် မခွဲခြားဘဲ အစားအစာ ကျွေး တယ် အိပ်စရာနေရာပေး တတ်ကြတယ်။ အိမ်သားများမစားခင် ဦးစွာကျွေးတတ်ကြခြင်း အိမ်သားများ အမြတ်တနိုးထားသော အိမ်ဦးခန်းတွင် အိပ်စရာနေရာပေးခြင်း ဧည့်သည်ဖြစ်သူ ပြန်မသွားမချင်း ကျွေးထားတတ်ကြခြင်း ထိုဧည့်သည်ကလည်း မိမိဤသို့ တည်းခိုနေရသည့်အတွက် အလုပ်လုပ်ပေးရန်လည်းမလို အဖိုးအခပေးရန် လည်းမလို စားပြီးအိပ်အိပ်ပြီးစားလျှက် ငြိမ်းချမ်းစွာမပူမပင် နေနှိုင်ပြီး အိမ်ရှင်တို့မှာ ကိုဧည့်သည်အား အိမ်ဦး တွင်ပင် သခင်တဆူသဖွယ် လုပ်ကြွေးပြုစုနေကြပေလိမ့်မည်။အဲဒါ အခြားနိုင်ငံ အသီးသီးက အလွန်အံ့သြ ကြရတဲ့ မြန်မာတို့ရဲ့ ယဉ်ကျေးမှုပင်ဖြစ်ပါတယ်။
အိမ်ထောင်ရေး စီးပွားရေး တွင်လည်း လင်နှင့်မယား တန်းတူခံစားခွင့်ရှိကြပါတယ်။ ယောက်ျားဖြစ်သူက မိန်းမကို မိမိရဲ့စီးပွားဘက်အဖြစ် သတ်မှတ်ကြပါတယ်။ ယောက်ျားမှ မိမိရှာဖွေရသော ပစ္စည်းဥစ္စာတို့ကို မိန်းမဖြစ်သူကို အပ်နှံကြရတယ်။ မိမိမယားမှတစ်ပါး အခြားမိန်မများကို မပြစ်မှားကြပါ။ ဝတ်စားတန်ဆာဆင် မြတ်နိုး ချစ်ခင်ကြပါတယ်။
မိန်းမဖြစ်သူတို့ကလည်း လင်ယောက်ျားမှ ရှာဖွေရလာသော ပစ္စည်းဥစ္စာတို့ကို စနစ်တကျထိမ်းသိမ်း ကြပြီး မိမိလင်ယောက်ျားမှတပါး အခြားသောယောက်ျားများနှင့် မဖောက်ပြန်ဘဲ ပျင်းရိခြင်းမရှိစွာဖြင့် အိမ်မှုကိစ္စ အဝဝတို့ကို လုပ်ကိုင်ကြရပြီး မိမိတို့စီးပွားဥစ္စာကို သင့်လျှော်စွာ သုံးစွဲကြပါတယ်။
ကမ္ဘာပေါ်တွင် မည်သည့်လူမျိုးများနှင့်မျှ နှိုင်းယှဉ်၍ မရလောက်အောင်ပင် ယဉ်ကျေးကြပြီး အမျိုးသမီးတို့မှာ လည်း မည်သည့်လူမျိုးများနှင့်မျှ နှိုင်းယှဉ်၍ မရလောက်အောင်ပင် ယောက်ျားများနှင့် တန်းတူ အကျိုးခံစားခွင့် ရင်ဘောင်တန်းနှိုင်ခွင့် ကမ္ဘာ့အမျိုးသမီးများအားလုံးထဲ တွင် အလွပ်လပ်ဆုံးသော အခွင့်အရေးများ ရရှိကြပါတယ်။ အဲဒီလိုမျိုး ရှေးအစဉ်အဆက် ယဉ်ကျေးမှုတွေအစဉ်အလာ ရှိခဲ့တဲ့ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စစ်ပွဲတွေ ဖြစ်နေတယ် တဦးနှင့်တစ်ဦး ဖိနှိပ်ချုပ်ချယ်မှူ တွေနဲ့ တိုင်းပြည်အတွင်းမငြိမ်မသက် ဖြစ်နေတာတွေတွေ့ရတယ် ဘာ့ကြောင်များပါလဲ? အာဏာရှင်စနစ်ဆိုးကြီးက ဖန်ဆင်းလိုက်တဲ့ တိုင်းရင်းသားတွေ၊ ပြည်သူတွေနဲ့ ကျွန်တော်တို့ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးအစဉ်အလာကြီးမားတဲ့ တပ်မတော်အကြား ချောက်ကမ်းပါးတစ်ခုလို ခြားစေခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။
ဘာသာတရား
ဗုဒ္ဓဘာသာသည်ခွင့်လွှတ်ခြင်း၊မေတ္တာရှေ့ထားသောဘာသာဖြစ်ပါလျှက်၊အဘယ်ကြောင့်ဘာသာရေးပဋိပက္ခ တွေဖြစ်နေပါသလဲ၊ ဘာအတွက် သေကြေ ပျက်စီး မှုတွေဖြစ်နေကြပါသလဲ။ ဗုဒ္ဓဘာသာသည် သံသရာမှလွတ်မြောက်ရန် မိမိကိုယ်တိုင်ကျင့်ကြံရသော မိမိကိုယ်ကိုသာမိမိ အားကိုးရသော ဘာသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ သစ္စာ (၄)ပါး တည်းဟူသော သစ္စာတရား ပင်ဖြစ်ပါတယ်။ ဤသစ္စာတရားကိုပိုင်ပိုင်နိုင်နိုင် သိမြင်နိုင်မှသံသရာက လွတ်မြောက်နှိုင်မှာပင်ဖြစ်ပါတယ်။ ဘုရားသာသနာ ထွန်းကားသည့်အချိန်များမှာ လူဖြစ်ရသောသူများသည် ဘုရားဟောကြားခဲ့သည့် (တရား) ကို လိုက်နာ ကျင့်ကြံ သူများအဖို့ ၊သစ္စာ(၄)ပါးတည်းဟူသောတရားကိုတွေမြင်ကြရ၍..သဘာဝတရားမှ လွပ်ငြိမ်းသော နိဗ္ဗန်ကို ရောက်ကြရမှာပါ။အချိန် ကာလများ ရွေ့ရှားလာသည်နှင့်အမျှ သာသနာပျောက်ကွယ် သွား တော့မည့် အချိန်ကာလများတွင် သဘာဝတရားအရ ကြင်လည်နေရသော သူတို့မှာသံသရာမှ လွပ်မြောက်နိုင်ကြတော့ မည်မဟုတ်တော့ပေ။နောက်ဘုရားပွင့်မှ နောက်ဘုရားက…ဤသဘာဝတရားများကိုပင်သိမြင်လာကာ….ဤ သစ္စာ တရား(၄) ပါးတည်း ဟူသော တရား ကို ဟောကြားမှ သာဗုဒ္ဓဘာသာတည်းဟူသော သစ္စာ (၄) ပါးတရားတော်သည် တဖန် ပြန်လည် အသက်ရှင် လာရမှာပင် ဖြစ်ပါ တော့တယ်။ ထို့ကြောင့်ဗုဒ္ဓဘာသာတွင်သစ္စာ(၄)ပါး တည်းဟူသော တရားသည် သံသရာမှ လွပ်မြောက်ရာ လွပ်မြောက်ကြောင်းတွင် အဓိကကျပါတယ်။ ဗုဒ္ဓဘာသာ ဝင်တို့မှာ ဗုဒ္ဓဘာသာတွင် အမှန်တကယ်သာ သက်ဝင်ယုံကြည်မှု ရှိလာလျှင် ထိုတရားသည် အလွန်သိမ်မွေ့နူးညံ့သော တရားပင် ဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင် တိုင်းလိုလိုသည် မွေးဖွားရာ မှ စ၍ကြီးပြင်းလာရသည့် ကာလတလျှောက်လုံး သူတပါးအသက်ကိုသတ်ခြင်း မှရှောင်ကျဉ်ရန်ပါဏါတိပါတါကံ ထိုက်စေသော သူတပါးအသက်ကို သတ်ခြင်းမှရှောင်ကျဉ်ရန် (အသိ)ငယ်ငယ်လေးကတည်းက(ရှိ)ခဲ့ကြပါတယ်။သို့သော်(အသိ)သာရှိခဲ့ကြသည်။(သတိ)မရှိခဲ့ကြပါ။ဗုဒ္ဓဘာသာ၏ အနှစ်သာရ တစ်ခုဖြစ် သော (အဘိဓမ္မာ) တရားတော်သည်စိတ်ပိုင်း ဆိုင်ရာ အကြောင်းကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်မှုပြုထားသော အလွန်တန်ဖိုးရှိသော (တရားတော်) ပင်ဖြစ်ပါတယ်။ ကျင့်ကြံအားထုတ်ခြင်းဖြင့်သာ (စိတ်)ကိုထိန်းချုပ်နိုင်၍ (သမာဓိ) အားကောင်းလာသောအခါမှ သာ (အကုသိုလ်) (ကံ) ကိုဖန်ထီးသော (အကုသိုလ်) (အလုပ်) ကို မလုပ် ဆောင်တော့ပါ။ နောက်ဆုံး သစ္စာ (၄) ပါးအားလုံးကို သိမြင်သွားသည့် အခါ နောင်ဘ၀ကိုတွန်းပို့နေသော (တဏှာ) (ပြတ်) သွားသည့် အခါ မှသာနောက်ဘ၀ဆက်ရန် မရှိတော့သည့် အခြေအနေ သို့ရောက်သွားသည့် အခါမှသာလျှင် (နိဗ္ဗန်)သို့ရောက်ရှိရမှာပါ။ သစ္စာ (၄) ပါးတည်းဟူသော (တရား) တော်ကို မြင်ရှု၍ (ငါ) ကင်းသော အေးချမ်းသည့် (နိဗ္ဗန်) ကိုရရှိကာ သံသရာဝဋ်မှ ကျွတ်နိုင်မည်ပင်ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာသည် တဦးချင်း အပေါ် မူတည်သောဘာသာဖြစ်ပါတယ်၊ထို့ကြောင့် ဗုဒ္ဓဘာသာသည် ကိုယ်ချင်းစာနာစိတ် ကိုအမှူးပြုသော ကြင်နာမှုကိုအခြေခံသော ကုသိုလ် တရားကို (အားထား) သော ဘာသာတရားပါ၊ ထို့ကြောင့် ဗုဒ္ဓဘာသာတရားတွင် တုတ်-တုတ် ချင်း..လှံ-လှံ ချင်းဟူသော အတွေးအခေါ် ကိုဦးစားမပေး (အကြမ်းဖက်မှု)ကိုအရေးပေးသောဘာသာ မဟုတ်ဆိုသည်မှာ အမှန်ပင်ဖြစ်ပါတယ်။
နိုင်ငံရေး
လွန်ခဲ့သည့်အတိတ်နှစ်ပေါင်း များစွာကို ပြန်ကြည့် လျှင် ရှေးအခါကထဲက ကျွန်တော်တို့နိုင်ငံဟာ တောင်တန်းကြီးများနှင့် ပင်လယ်ပြင်ကြီးတို့က ပတ်လည်ဝိုင်းရံ ပြီး မုတ်သုန်သစ်တောကြီးများ သ၊ံ သွတ်၊ ခဲပုတ်၊ ငွေ၊ ကြေး၊ ကျောက်စိမ်း၊ ပယင်း၊ ကျောက်သံပတ္တမြား၊ တို့များစွာထွက်ရှိတဲ့ တောင်တန်းကြီးများနှင့် ရေနံထွက်မြေ များ သီးပင်စားပင်စိုက်ပျိုးရန် မြေသြဇာ အလွန်ကောင်းသော မြေပြန့်လွင်ပြင်များ မြောက်မှတောင်သို့ ပင်လယ် ပြင်အထိ စီးဆင်းသည့် မြစ်ကြီးများနှင့် ရွှေအလွန်ပေါသောနိုင်ငံ ရွှေနိုင်ငံ လို့ပင် တင်စားကြရလောက်အောင် သဘာဝသယံဇာတများ ပေါကြွယ်ဝလှတဲ့ နိုင်ငံအဖြစ် အလွန်ထင်ရှားခဲ့ပါတယ်။ တိုင်းပြည်ဟာ ချမ်းသာတယ် သယံဇာတပေါတယ် မည်သည့်နေရာမဆို စိုက်ပျိုးမြေ ဖြစ်ထွန်းတယ် ထိုမျှပေါများလှသောကြောင့်ပင် ကျွန်တော်တို့ တိုင်းပြည်ဟာ တိုင်းသူပြည်သားတို့အပေါ် မကြောင့်မကျ အပူအပင်မရှိနေစေ နှိုင်ရန် သဘာဝ တရားကြီးက ဖန်ဆင်းပေး ထားခဲ့ပါတယ်။
ယဉ်ကျေးမှု အထွန်းကားဆုံးနိုင်ငံ ရှေးအခါက တိုင်ပြည်အုပ်ချုပ် မင်းလုပ်သော ဘုရင်တို့ဟာ တိုင်းခန်းလှည့် လည်ရင်တောင် ရွှေတို့ဖြင့်စီမံထားတဲ့ သလွန်ညောင်စောင်းပေါ်မှာ လဲလျှောင်းရင်း ရာပေါင်းများစွာသော အပျိုတော်တို့ ဝန်းရံလျှက် လှည့်လည်ခဲ့ကြပါတယ်။တိုင်းသူပြည်သားများမှာလည်း ကျွန်း ပျဉ်းကတိုး သစ်မာများ တို့ဖြင့်သာ အိမ်ဆောက်လုပ် ကြပါတယ်။ လူတိုင်လူတိုင်း နက္ခတ်ဗေဒင် ဟောခြင်း ယုံကြည်ကြ ခြင်းမှာလည်း ထူးခြားချက်တ ရပ်ပင် ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် လူမျိုးများဖြစ်ကြပြီး ဘုန်းကြီးတို့ဟာ ဒကာဒကာမတို့အပေါ် သြဇာရှိပြီး ဆုံးမ ညွှန်ကြားကြပါတယ်။
အမှန်စင်စစ် မြန်မာနိုင်ငံသားတို့မှာ ကျန်းမာသန်စွမ်းဖြတ်လတ် ကြသူများဖြစ်ခဲ့ကြပြီး စားသောက်ရန် မပူမပင်ရှိ နေခဲ့ကြသောကြာင့် အေးအေးလူလူ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြလိုသူများ ဖြစ်ကြသည့်အတွက် အပျင်းထူ လာကြတယ် အပျင်းထူလာတာနှင့်အမျှ အပင်ပန်းမခံကြလို အချောင်လိုက်အချာင်ခို နေချင်လာကြပါတယ်။ နက္ခတ်ဗေဒင်ဟောခြင်း ယုံကြည်ကြသူများ ပီပီ အဆောင်လက်ဖွဲ့ အင်း အစရှိသည်တို့ ဆောင်ထားရုံဖြင့် အလိုလိုကိစ္စ ပြီးမြောက်နှိုင်သည် ဟုယုံကြည် လိုက်စားလိုလာကြတယ်။ မည်သည့်အချိန် မည်သို့ပြုလုပ်လျှင် အောင်မြင်မည်ဟူသော အခါတော်ပေး ယတြာ တို့ကို ယုံကြည်လိုက်နာ လာကြတယ်။ မိမိတို့နေရာတိုင်းပြည် ကာကွယ်ရန်တောင်မှ မင်္ဂလာအခါတော်တို့နှင့် အညီ နေရာရွေးချယ်မှု အစီအရင်တို့ဖြင့် တခန်းတနားစီစဉ်ပြီး လုပ်ဆောင်လာကြတယ်။
ရှေးယခင်ကထဲက ကမ္ဘာပေါ်တွင် ကြီးကျယ်ခန်းနားလှသော တိုင်းပြည်တပြည် ဖြစ်ခဲ့ကြပြီး ကြွယ်ဝချမ်းသာ လွန်းကြသဖြင့် ပြောပလောက်အောင် တိုးတက်မှုကို မလုပ်ဆောင်ကြတော့ဘဲ အဲဒီချမ်းသာကြွယ်ဝမှုကပင် တိုးတက်မှုကို ရပ်တန့်စေခဲ့ပါတယ်။ ထိုသို့ မပူမပင်လုံလောက်စွာ ရရှိနေကြသော ကြောင့်ပင် ကျွန်ုပ်တို့ လူမျိုးများမှာ ကုဋေကြွယ်သား သူဌေးသားများကဲ့သို့ မပူမပင် အေးအေးလူလူနေခဲ့ ကြသူများချည်းဖြစ်လာကြ ပါတယ်။ ထိုမှတဆင့် တဖြေးဖြေး အပျင်းထူလာကြပြီး အပင်ပန်းမခံလို အချောင်လိုက် အချောင်လိုခြင်ကြတော့ တာပါပဲ။
မြန်မာလူမျိုးတို့ဟာ တိုးတက်မှုကိုမရှာကြ ကြောင်းကျိုးမျှော်မြင်မည့်ပုဂ္ဂိုလ်တို့ မရှိကြတော့ဘဲ အုပ်ချုပ်သူတို့ ဘေးတွင် အလိုကျအသုံးတော်ခံ နေသူတွေများပြားလာပြီး စည်းစိမ်ရစ်မူးကာ ကြောင်းကျိုးမျှော်မြင်မည့်ပုဂ္ဂိုလ် တို့မှာလည်း အဝေးသို့ လွင့်ပါသွားကုန်ကြပါတယ်။ အုပ်ချုပ်သူတို့၏ ဘေးတွင် ဘာမဆိုခေါင်းငြိတ်မည့် သူတို့ များပြားလာပြီး သြဇာပေးနှိုင်သူတို့က အာဏာရသူ ကတော်တို့နှင့်နီးစပ်သူ အသိုင်းအဝန်းတို့သာ ဖြစ်လာ ကြပါတယ်။ တိုင်သူပြည်သားတို့မှာလည်း တပင်တပန်း အလုပ်မလုပ်ကြဘဲလှုပ်ခါရွေ့ခါမျှဖြင့်မပူမပင် ကောင်းကောင်းစား ကောင်းကောင်းဝတ် ကောင်းကောင်းဖြုံး ကောင်းကောင်းပျော် ရသမျှနှင့်သာ ပျော်မွေ့ကြပြီး နိုင်ငံ၏ ရှေ့အနာဂတ် အတွက် ဖြစ်ပ်ါလာမည့် အကျိုးဆက် ခံစားရသည့် ရင်မှလှုပ်ခတ်မှု တို့ကို ပြောပြတတ် သူ မရှိအောင်ရှားပါးလာပါတော့တယ်။
ကျွန်တော်တို့မြန်မာလူမျိုးတွေ လွပ်လပ်ရေးနဲ့ ပင်မထိုက်တန် တိုင်းပြည်ပြန်လည် ထူထောင်ဘို့ကိုပင်မကြိုးစား အချင်းချင်းစည်းလုံးညီညွတ်မှု မရှိကြတော့ဘဲ နယ်ချဲ့တို့ရဲ့သွေးထိုးလှုံ့ဆော်မှုအောက်တွင် တိုင်းရင်းသား များ ပြန်လည်သွေး စည်းရေးအတွက် လုပ်ဆောင်ခဲ့ကြသော လွပ်လပ်ရေး ဖခင်ကြီးကိုပင် လုပ်ကြံ သတ်ဖြတ်ခဲ့ကြပြီး သူတလူငါတမင်းနှင့် ထင်တိုင်းကြဲ ခဲ့ကြပြန်ပါတယ်။ စစ်အာဏာရှင် အာဏာရူးတွေကြောင့် ကျွန်တော်တို့တိုင်းပြည်ဟာ အစစအရာရာ နောက်ကျခဲ့ရပါပြီ။နှစ်ပေါင်းများစွာလည်း နောက်ကျလို့နေပါပြီ။ ကျွန်တော်တို့နိုင်ငံမှာ သူ့ထက်သူ လူစွမ်းကောင်းတွေ ကြီးပဲပေါ်ခဲ့ပါတယ်။အာဏာရှင်စနစ်ရဲ့အောက်မှာ ကျိန်စာများသင့်နေ ရော့သလားပင်မသိတော့ပါ။ကျွန်တော်တို့ နိုင်ငံရဲ့ ကံကြမ္မာဟာ ဆိုးရွားလွန်းလှပါတယ် ဆင်းရဲသား ငမွဲ အောက်ခြေက လူတန်းစားတွေရဲ့ဘဝ ကတော့ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ဆိုသလိုပါပဲ။ ယခုအချိန်အထိပင် ကံဆိုးမိုးမှောင်ကျလျှက်ရှိနေဆဲပါ………။
လူသားတို့မည်သည် တဦးတစ်ယောက်ထဲ မနေနိုင်ကြပါ အစုအဝေး နှင့် နေထိုင်ကြရပါတယ် ဒါ့ကြောင့် (ငါ့) တိုင်းပြည် (ငါ့) ဘာသာ ဆိုသော (အစွဲ) ကို (မချွတ်) နိုင်ကြသေးပါ။ အဓိကအရေးအကြီးသောအချက်မှာ ယာဉ်ကျေးမှု ဘာသာရေး နှင့်နိုင်ငံရေး ကိုခွဲခြားထားနိုင်ရေးပင်ဖြစ်ပါတယ်။ဘာသာရေးကို နိုင်ငံရေးတွင် ဆွဲသွင်းလာ လျှင်ရှု့ပ်ထွေးနိုင်သော ကြောင့်ဖြစ်ပါတယ်။ မိမိတို့ ဘာသာကို မကာကွယ်၍လည်း မရနိုင်ပါ။အကြမ်းဖက်မှု ကိုတော့ လက်မခံ နှိုင်ပါဘူး၊ မိမိတို့ ယုံကြည်ရာကို လွပ်လပ်စွာ ကိုးကွယ်ခွင့် ရှိသလို မိမိတို့၏ အမျိုးဂုဏ် ဇာတိဂုဏ် ကို မိမိတို့ဘာသာ စောင့်ရှောက် ကြခြင်းဖြင့် မြန်မာပြည်ရှိ ဗုဒ္ဓဘာသာဝင် များက လွန်ကျူးမှု မရှိအောင် မိမိတို့၏ ယာဉ်ကျေးမှု ဘာသာတရား နှင့် နိုင်ငံရေး တို့ကို ခွဲခြား ထိန်းသိမ်းခြင်းဖြင့် မြန်မာနိုင်ငံသားတွေ သမာသမတ်ကျတာ ကမ္ဘာကိုသိပါစေ……………..။
ဇော်ဝမ်းမောင်…



          

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။