Sunday, June 30, 2013

ဘင်လာဒင် လွှတ်တော်ထဲက စစ်သွေးကြွများ

(Minmaha Bagan FB Page)


မြန်မာ့နေပြည်တော် အကြောင်းပြောလျှင် အံ့မခန်းဖွယ် အတိနှင့်ပြည့်နေ၏၊ ယခင်က နေပူတော် ဟုသော်၎င်း လှိုင်ခေါင်းများ တည်ဆောက်နေခြင်းကြောင့် လှိုင်းခေါင်းမြို့တော်(သို့) ကမ္ဘာ့အကြီးဆုံး မြေအောက် သင်္ဂြိုင်းမြို့တော်ဟု၎င်း၊ခေါ်ဝှော်ကြသည်။

မည်သို့ပင်ခေါ်စေ ကာမူ ပြည်သူနှင့် အဝေးဆုံး တော်တော် ပင် သာမန် လူ တို့ လမ်းလျောက် သွားနိုင်ရန် ခက်ခဲသော အတားဆီး အစောင့်ကြပ် များဖြင့် ထိုနေရာတွင် အံ့ဘွယ်ဘနန်း လွှတ်တော် ခန်းကြီးများ ရှိနေလေသည်။ 


ထိုလွှတ်တော် တွင် သက်တော် မကြီးသော် လည်း နားမကောင်းသော အမတ် များ၊ မျုက်စေ့ မကောင်းသော အမတ်များ၊ တနေ့လျှင် ၁၅ မိနစ်မျှသာ ထိုင်ပြီး တလ တွင် ၇ ရက်ဖြစ်ပြီး တရက် ၁၅ မိနစ် စာမျှလောက် ဆွေးနွေးကြ သည်။



လွှတ်တော်ထဲတွင် မည်မျှတက်တက်ကြွကြွ တိုင်းကျိုးပြည်ကျိုး ဆောင်ရွက်ပုံကို ဇဗ္ဗူလက်ယာတောင်ကျွန်းတွင် ပြိုင်ဘက်ကင်းလောက်အောင်ဆောင်ရွက်ကြသည်ကို CNNသတင်းဌာနမှ ၀င်ရောက်ရိုက်ကူးထားသော သတင်းများက ကမ္ဘာကြီးတခုလုံးသို့ အံ့အားသင့်စေခဲ့သည်။ 


CNN သတင်းဌာနမှ အလိုက်ကမ်းဆိုးမသိ အရှိကို အရှိတိုင်းဖေါ်ပြခဲ့သည်မှာ အစိမ်းရောင်ဝတ်စုံ ယောင်္ကျားကြီးများနှင့် လွှတ်တော် အမတ်များ၏ ၆၅ ရာနုံန်းမှာ လွှတ်တော်ကျင်းပသော အချိန်တိုလေးမှာပင် စက်တော်ခေါ် အိပ်ပျော်တော်မူနေကြသည်။


ဆားလင်းကြီးမြို့နယ်တွင် လက်ရှိ တရုတ်ပြည်မှ လာရောက်လုပ်ကိုင်နေသော ဦးပိုင်းစီးပွါးရေးအား သက်ဆိုင်ရာ ဒေသခံများမှ အချိန်နှင့်အမျှ စက္ကန့်မလပ် ဆန့်ကျင်နေကြသည်ကို လက်ရှိ လွတ်တော် အမတ်များအားလုံး ရေငုံ နုပ်ငုံထားကြသည်။ သံဃာတော်များအား မီးလောင်းဗုံးဖြင့် အကြမ်းဖက်ဖြေရှင်းခဲ့သော လုပ်ရပ်ကိုပင် ထောက်ခံပေးသော အမတ်များ ရှိခဲ့ကြ၏။ အကြောင်းတိုက်ဆိုင်လာသောကြောင့် ကျွန်ုပ်တင်ပြရတော့မည်။


၁၉၉၈ ခုနှစ်က နိုင်ရိုဘီး က အမေရိကန်သံရုံးအား အိုစမာ ဘင်လာဒင်၏ တပည့်ကျော်များက အကြမ်းဖက် `ဗုံးခွဲခဲ့အပြီးတွင် ဘင်လာဒင်နှင့် သူ၏အဖွဲ့ဝင်များက အာဖကန်နိစတန်တွင် စုဖွဲ့နေထိုင်ခဲ့ကြသည်။


ထိုအချိန်တွင် အမေရိကန်သမ္မတ ဘီလ်ကလင်တန်က အိုစမာဘင်လာဒင်နှင့် သူ၏တပည့်နောက်လိုက်များ ခိုအောင်းသော အာဖကန်နိစတန်မှ ခိုင်ပါတောင်ကြောသို့ ဆက်တာလိုက်ပစ်မှတ်ဖြင့် ဒုံးကျဉ် လေးစင်း ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်း ၁၉၉၉ ခုနှစ်တွင် အိုစမာဘင်လာဒင်တို့ အကြမ်းဖက်အဖွဲ့သည် မြို့တော် ကဘူးသို့ ၀င်ရောက်ခဲ့ကြပြီး အာဖကန်တာလီဘန် ခေါင်းဆောင်ကြီး မူလာအိုးမားလွှတ်တော်ထဲသို့ ရောက်ရှိခဲ့ကြသည်။ 

ထိုလွှတ်တော်ထဲတွင် အမေရိကန်နှင့် ၄င်း၏ မဟာမိတ်နိုင်ငံများအား အကြမ်းဖက်တိုက်ခိုက်ရန် နေစဉ်နှင့်မျှ အဆိုတင်ပြီး ဆုံးဖြတ်ချက်ချက်ချကာ၊ နောက်ဆုံး နယူးယောက် ဝေါထရိတ် စင်တာကိုပင် အကြမ်းဖက်ကာ တိုက်ခိုက်နိုင်ခဲ့ကြသည်။ 

သည့်ပြင်မက အာဖကန်၏ ရှေ့ဟောင်း မြို့တော်ကြီးဖြစ်သော ဘာမင်ဂန် ဒေသသို့ ၀ါးလုံးရှည် ချေးသုတ်ရမ်းသကဲ့သို့ အကြမ်းဖက်မှု ဦးလှည့်လာသည်။ ဘာမင်ဂန်ဒေသသည် Silk Road ဟုခေါ်သော ကမ္ဘာ့ရှည်လျားဆုံး ပိုးလမ်းမပေါ်တွင် တည်ရှိသည်။ ဘာမင်ဂန်(ဘာမင်ယမ်)သည် အတော်ပင်ကံဆိုးခဲ့ရှာသည်။ သို့သော် ဘာမင်ဂန်(ဘာမင်ယမ်)၏ သမိုင်းသည် မြန်မာစာပေတို့တွင် အကြီးမားနေရာယူထားခဲ့သည်။


ရဟန္တာကြီး ရှင်နာဂသိမ် နှင့် မိလိထ္တမင်းတို့၏ အကြောင်းသည် အာဖဂန် ဘာမင်ယမ် ဗုဒ္ဒဘာသာ ထွန်းကားသော အေဒီ (၆)ရာစုက ဆင်းသက်မှတ်တမ်းတင်လာသော အကြောင်းရာများဖြစ်သည်။
ထိုခေတ်ကပင် တည်ထားခဲ့သော ဘာသာတရားအဆောက်အအုံများအား မြင်တွေ့ရတိုင်း တာလီဘန်နှင့် ၄င်းတို့နှင့်အတူ လုံးထွေးနေပြီဖြစ်သော ဘင်လာဒင် အယ်လ်ကေဒါးများက ရှာ၇ီးရာ အစ္စလမ်ဥပဒေအား အနှောက်ယှက်ဖြစ်သည်ဟု အဆိုတင်သွင်းလာကြ။ 


သို့သော် ထိုအချိန်က အာဖကန်ခေါင်းဆောင်မူလာအိုးမားက လက်မခံခဲ့ပေ၊ အကြောင်းမှာ ဘာမင်ယမ်သမိုင်းဝင်အဆောက်ဦးများသည် အာဖကန်ပြည်သူများ၏သမိုင်းအမွေဖြစ်ပြီး ထိန်းသိန်းစောင့်ရှောက်သင့်သည်ဟုသာ ရှု့မြင်ခဲ့သောကြောင့်ဖြစ်၏။ 


သို့ရာတွင် ကြီးမားကျယ်ပြန့်သောအစ္စလမ်ဘာသာရေး တရားဟောဆရာများနှင့် မခွဲဆုံးဖြတ်မှုများအား အစွန်းရောက်တာလီဘန်များနှင့် ဘင်လာဒင် တပည့်ကျော်များက ပြုလုပ်ခဲ့ကြပြီး အဆုံးတွင် ခေါင်းဆောင် မူလာအိုမားကိုပင် ဘာမင်ယမ် ဗုဒ္ဒရုပ်ထုကြီးများအားဖျက်မည့်ဆိုက်တွင် ရပ်မလား၊မဖျက်ပဲ ကျုပ်တို့ကို အတိုက်ခံပြန်လုပ်မလားဆိုသော အဆင့်ထိရောက်ရှိခဲ့ပြီး နောက်ဆုံး ၂၀၀၁ ခုနှစ် မေလ ၂ ရက်နေ့မှ စတင်ဖျက်ဆီးရန် သဘောတူ ခဲ့ပြီး သမိုင်းဝင် ဘာသာရေးရုပ်ထုများ၊ ရုပ်ပွါးတော်များအား လက်နက်အင်အားမိုင်းဗုံးများဖြင့်အကြမ်းနည်းသုံးကာပျော်ပျော်ပါးပါးဖျက်ဆီးကြတော့သည်။ 


တာလီဘန်တို့၏လွှတ်တော်ထဲတွင် ထိုအချိန်မှစကာ ဘင်လာဒင်၏ အယ်ကေးဒါး ၀ါဒအား ထောက်ခံသူများက အသာစီးရကာ ဆုံးဖြတ်ကြခြင်းအတိကျကောက်ချက်ချနိုင်ပြီး ဘင်လာဒင် လွှတ်တော်ဟုပင် အလယ်လတ်သမားများက ကင်ပွန်းတပ်ခဲ့ကြသည်။

ထိုအဖြစ်ပျက်၏ တစုံလုံးကို ပြန်သုံးသပ်သော် အုပ်ချုပ်ရေးဌာနတွင် အကြမ်းဖက်ဝါဒကလွှမ်းမိုးလာပြီး အကြမ်းဖက်ခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် အားသာသောဖက်က အနိုင်ရသွားသောကြောင့်ဟု သုံးသပ်နိုင်သည်။


ယခုအခါ မြန်မာပြည်၏ လွှတ်တော်တွင် စစ်ဘက်တွင် တာဝန်ထမ်းဆောင်ပြီး အရပ်ဝတ်ပြန်ဝတ်ကာ ကူးပြောင်းလာသောအင်အား ၈၀ ရာနုံန်းမျှရှိသည်ကို တိတိကျကျမြင်ရသည်။ 


မည်မျှပင်ငြိမ်းချမ်းစွာဖြေရှင်းရန် သက်သေ သာဓကများဖြင့်တင်ပြ တောင်းဆိုစေကာမူ စစ်ဘက်မှစစ်ယူနီဖေါင်းများက ၂၅ ရာနုံန်းနှင့် စစ်ဝတ်မှ အရပ်ဝတ်သို့အသွင်ကူးပြောင်းလာသော အင်အားသည် နိုင်ငံတော် သမ္မတမှ လွှတ်တော် အပေါက်ဝရောက်သည်ထိရေတွက်သော် ၅၅ ရာနုံန်းသည် တိုက်ပွဲပေါင်း သတ်ပွဲပေါင်း ရာဇ၀တ်မှုများထောင်းသောင်းတို့အား သွေးအေး သွေးပူ လုပ်ဆောင်ပြီး ၄င်းတို့ ဦးဏှောက်ထဲတွင် အင်အားဖြင့် လက်ဖြင့် လက်ဦးအနိုင်ယူခြင်းကသာ ပြသနာကိုဖြေရှင်းနိုင်သည်ဟု ကြိမ်းသေကာမ ထာဝရကောက်ချက်ချသော ဂိုဏ်းသားများဖြစ်ကြသည်။ 


ကချင်တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသော ပြည်တွင်းစစ်နှင့် နိုင်ငံရေးပြသနာများသည်လည်း ယခင့်ယခင်က အကြမ်းဖက် စစ်ရေးနည်းများဖြင့်သာ ဖြေရှင်းခဲ့သောကြောင့် ယခု လပေါင်း ၂၅လ ကြာလာသည်အထိ ရှည်လျားနေခဲ့ရသည်။ 


ငြိမ်းချမ်းရေး ဆွေးနွေးပွဲများဟု နိုင်ငံတကာအား မက်လုံးပေးပြီး ကျင်းပပြနေခဲ့ပြီး နောက်ကွယ်တွင် စစ်ပွဲများ ဆက်လက်ဆင်နွဲနေဆဲဖြစ်သည်။


အရပ်ဖက်မှ ပြည်သူများတင်မြောက်ထားသော နေပြည်တော်ရောက် ပြည်သူ့ကိုယ်စားလှယ်များက မည်မျှပင် ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းရန်တင်သွင်းထောက်ပြချင်ကြလင့်စေကာမူ တာလီဘန်တို့လွှတ်တော်သို့ ဘင်လာဒင် အယ်ကေးဒါးများ၏ အယူဆလွှမ်းမိုးဝင်ရောက်လာသကဲ့သို့ မြန်မာ့နေပြည်တော် လွှတ်တော်ကြီးတွင် အကြမ်းဖက်ဝါဒဖြင့်သာ အရာရာအားလုံးဖြေရှင်းရန်ဘက်သို့ အလားအလာ ဖြစ်ပေါ်နေသည်။


လွှတ်တော်အမတ် ဦးလှဆွေနှင့် ဦးအောင်သိန်းလင်း အောင်သောင်းတို့မှ ၄င်းတို့အခေါ်ရ ရှေးရိုးစွဲဝါဒကိုသာ ဆုပ်ကိုင်ပြီး ကချင်ဒေသ ပြသနာများအား စစ်အင်အားအလုံးအရင်း ဖြင့်သာ ဖြေရှင်းဖို့ ထုတ်ဖေါ်တင်ပြနေခဲ့ကြသည်ကို မြင်ရ ကြားရပြီး သိရှိနိုင်ပါကြောင်း ကို ကေအင်ယူ၊ ဒီကေဘီအေ၊ ရှမ်းလက်နက်ကိုင်အဖွဲ့များ နှင့်(လက်ပံတောင်း)အရေးအခင်း ၊ ယခု မြေယသိမ်းခံရသော မြို့နေလူထုနှင့် တောင်သူလယ်သများ အပြင် လက်ရှိစစ်အင်အားထပ်မံဖြည့်တင်းကာ ပြည်တွင်းစစ်အား မီးထိုးပေးနေသော ရပ်တန့်ခြင်းမရှိသေးသည့် ထိုးစစ် အခြေနေများအရ (ဘင်လာဒင်လွှတ်တော်ထဲမှ စစ်သွေးကြွများ)ဟုသာ ခေါ်တွင် သတ်မှတ်နိုင်ပါကြောင်း ……


ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။