Monday, June 17, 2013

လွိုင်လောမ့်နှင့် ယိန်းလားတွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွား

(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အုပ်ချုပ်နယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ (၄) လက်အောက်၊ တပ်ရင်း (၃၆) ဒေသ လွိုင်လောမ့်နှင့် ယိန်းလားကျေးရွားကြားတွင် ဇွန်လ (၁၆) ရက်နေ့ မနက် (၁၀း၀၀) နာရီခန့်မှ ညနေပိုင်းအထိ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ ပါသည်။ ကေအိုင်အေ တပ်မဟာ (၃၆) မှ ကေအိုင်အေမျိုးချစ် ရဲဘော်များနှင့် ကေအိုင်အေ ပြည်သူ့စစ် ရဲဘော်များပူးပေါင်းကာ ဗမာအစိုးရစစ်တပ် ခလရ (၂၄၂) တို့နှင့်ဖြစ်ပွားခဲ့ကြောင်း၊ ဗမာစစ်တပ်များသည် ကေအိုင်အေ ထိန်းချုပ်ရာနယ်မြေများသို့ စစ်အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိပြီး စစ်အင်အားများလည်း ဆက်လက် တိုးချဲ့လျှက်ရှိကြောင်း ဆက်လက် သိရှိရပါသည်။
 
ဇွန်လ (၁၄) ရက်နေ့တွင် ဖြစ်ပွားသွား တိုက်ပွဲတွင် ဗမာအစိုးရ စစ်တပ်ဘက်မှ (၁၀)ဦးကျော် သေဆုံး ကြောင်းလည်း သိရှိရပါသည်။ ဤဗမာအစိုးရ စစ်တပ်များသည် လမ်းပြည်အဖြစ်ခေါ်ဆောင်သွားသော နောင်းဟဲန် ရွာသား ကလေး (၆) ဦး၏ ဖခင်ဖြစ်သော ဦးဇခုံလွမ်းခေါင် ကိုဇွန်လ (၁၄) ရက်နေ့တွင် ပစ်သတ်ခဲ့ကြောင်းလည်း သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။