Monday, May 27, 2013

KIO နဲ့ အစိုးရ ဆွေးနွေပွဲ စဖို့ပြင်

(BBC)

KIO ကချင် လွတ်လပ်ရေးအဖွဲ့နဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေအးအဖွဲ့တို့ မေလ ၂၈ ရက်နေ့ မှာ မြစ်ကြီးနားမှာ ၈ ကြိမ် မြောက် ဆွေးနွေးပွဲ ပြန်စဖို့ ပြင်ဆင် နေကြပါပြီ။

မြန်မာ အစိုးရဘက်က ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ဝင်တွေ တနင်္ဂနွေနေ့ ကတည်းက မြစ်ကြီးနားကို ရောက်နေသလို KIO ကိုယ်စားလှယ်တွေ လဲ ရောက်လာတော့မှာ ဖြစ်ပါတယ်။ စီတာပူရပ် မနောကွင်းထဲက ခန်းမကို လည်း ပြင်ဆင်နေပါတယ်။


မြန်မာဘက်က ဦးအောင်မင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး၊ ၀န်ကြီး ဦးအုန်းမြင့် စသူတွေ ပါဝင်ပြီး ကချင် ဘက်က ဦးဆွမ်လွတ်ဂမ်၊ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီး လဖိုင်လ၊ ဗို်လ်မှူးကြီး ဇော်တောင်စတဲ့ ၈ ယောက်တက်မယ်လို့ သိရပါတယ်။

တရုတ်အစိုးရ ကိုယ်စားလှယ်တွေ တက်မယ်လို့ သတင်းဖြစ်နေပြီး ကုလသမဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဘီဂျေး နမ်းဘီးယားလည်း ကချင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်မယ်လို့ သိရပါတယ်။

စစ်ပွဲ အရှိန်လျှော့ရေးကို အဓိက ထား ဆွေးနွေးကြမှာ ဖြစ်ပြီး ပဋိပက္ခ ရပ်စဲရေး သဘောတူညီချက် ရရှိဖို့က ခက်ခဲနေပါသေးတယ်။

ဆွေးနွေးပွဲ အောင်မြင်မှု အရပ်အယောင် မှန်းဆရ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။