Sunday, May 26, 2013

KIO နဲ့ မြန်မာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပစ်ရပ်ရေးထက် နိုင်ငံရေးကို အဓိက ထားမယ်

(BBC)

ကချင် လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာ အစိုးရ  ပြည်ထောင်စု  ငြိမ်းချမ်းရေး  ဖော်ဆောင်ရေး အဖွဲ့ တို့ကြား မေ ၂၈ ရက်နေ့ကျရင် မြစ်ကြီးနားမှာ တွေ့ဆုံကြဖို့ ရှိပါတယ်။

 နှစ်နှစ်ကြာ တိုက်ခိုက်မှုတွေ ပြန်ဖြစ်ပွားမှုအတွင်း ငြိမ်းချမ်ရေးအတွက် တရုတ်နိုင်ငံ ရွှေလီမှာ အရင်က တွေ့ဆုံမှုတွေ ရှိခဲ့ပေမယ့် မြစ်ကြီးနား မြို့မှာတော့ ဒါဟာ နှစ်ဖက် ပထမဆုံး တွေ့ဆုံ ကြမှာ ဖြစ်ပါတယ်။


ဒီဆွေးနွေးပွဲမှာ မျှော်လင့်လို့ရတာက နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်လာရေး က အဓိကပဲလို့ ကေအိုင်အို ဒုတိယ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ဘီဘီစီကို ပြောကြားခဲ့ပါတယ်။


အပစ်ရပ်ရေးကို အရင်က နှစ်ကြိမ်၊ သုံးကြိမ်ဆွေးနွေးခဲ့ပေမယ့် ဖြစ်မလာခဲ့ဘူးလို့ သူကထောက်ပြခဲ့ပါတယ်။

နိုင်ငံရေးကြောင့် ဖြစ်လာတဲ့ ကိစ္စကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းသွားမယ်၊ အပစ်ရပ်ရေး လောလောဆယ် မဖြစ်နိုင်ဘူးလို့ထင်ကြောင်း သူက ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့ ထားဖို့ကိုလည်း အဓိက ဆွေးနွေးသွားမယ်လို့ သူက ပြောသွားခဲ့ပါတယ်။

အစိုးရက တိုင်းပြည်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေး ကြောင့် ပဋိပက္ခဖြစ်ရတာလို့ အသိအမှတ်မပြုဘဲ ဆူပူ သောင်းကျန်းမှု လုပ်တာလို့ ထင်နေတယ်ဆိုပြီး သူ့အမြင်ကို ရှင်းပြခဲ့ပါတယ်။

 တခါ ကေအိုင်အေ ဒုဗိုလ်ချုပ်ကြီးက နိုင်ငံတကာ စောင့်ကြည့်မှု မပါရင် အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တရုတ်ကလည်း အမေရိကန်ဘက်က ပါဝင်မှု နယ်စပ်ထိ ရောက်လာမှာကို စိုးရိမ်ပုံရပြီး US နဲ့ UK စတဲ့ အနောက်နိုင်ငံတွေ ပါဝင်လာမှာကို လိုလားပုံ မရဘူးလို့ သူက ပြောပါတယ်။

နိုင်ငံတကာ စောင့်ကြည့်မှုတွေ မပါရင် ကေအိုင်အိုဘက်က လက်မခံဘူးလို့ ဆုံးဖြတ်ထာပြီး ကုလသမဂ အရာရှိ ဘီဂျေး နမ်ဘီးယား ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်မယ်ဆိုတာ ဖြစ်နိုင်တယ်လို့ သူကဆိုပါတယ်။

ကေအိုင်အေကတော့ US၊ UK အပြင် တရုတ်တို့ ပါဖို့ ကမ်းလှမ်းထားပြီး အစိုးရက နိုင်ငံရေး ဆွေးနွေးဖို့ မချမှတ်နိုင်ရင် ဆွေးနွေးမှုက အလကားပဲလို့ ဆိုပါတယ်။

အစိုးရက နိုင်ငံရေးဆွေးနွေးမှုကို သိပ်အလေးထားပုံမရဘဲ သူတို့ အနေနဲ့ အပစ်ရပ်ရေးကို အဓိက မထားရခြင်းက လက်ရှိ တခြား တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်ရပ်ထားပေမယ့် တိုက်ပွဲတွေ ခဏခဏ ပြန်ဖြစ်နေတာကို တွေ့ရတဲ့အတွက် နိုင်ငံရေး အရ ဖြေရှင်းဖို့ စဉ်းစားရတာလို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် သူတို့နဲ့ UNFC ပြောထားတာရှိပြီး သူတို့ လိုလားချက်တွေကို ပန်းတိုင်တစ်ခုတည်း အောက်မှာ တခြား တိုင်းရင်းသား အဖွဲ့တွေနဲ့အတူ အဖြေရှာသွားဖို့ ဖြစ်တယ်လို့ ကေအိုင်အေ ဒုတိယ ဗိုလ်ချုပ်ကြီး အင်ဘန်လ က ပြောသွားခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။