Tuesday, May 21, 2013

လက်နက်ကိုင် တိုင်းရင်းသားများ ပါဝင်နိုင်သည့် KIO နှင့် အစိုးရ ဆွေးနွေးပွဲ

(ရွှေဟင်္သာသတင်းဌာန)

လာမည့် မေလ၂၈ ရက်နေ့ ကျင်းပရန် ရှိသော ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ တို့၏ တွေ့ဆုံဆွေးနွေး ပွဲတွင် လက်နက်ကိုင် တိုင်းရင်းသား ပေါင်းစုံ ပါဝင် တက်ရောက်မည် ဖြစ်ကြောင်း KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာ ကဆိုပါသည်။  

ဒီတွေ့ဆုံပွဲမှာ UNFC အဖွဲ့ဝင်တွေနဲ့ အဖွဲ့ဝင်တွေ မဟုတ်တဲ့ ၀ပြည်သွေးစည်း ညီညွတ်ရေး ပါတီ တို့လို မိုင်းလား အဖွဲ့ ပြီးတော့ RCSS အဖွဲ့တွေ လိုမျိုးပေါ့ ပါကြမယ်လေ။ ဒီအဖွဲ့တွေလည်း ပါလာတယ် ဆိုတော့ မြစ်ကြီးနားမှာ တွေ့ဆုံ ကြမည့် ပွဲကို ကျနော်တို့ သဘောတူ လက်ခံ လိုက်ပါတယ်။ဟု ဆိုပါ သည်။


ယင်းတွေ့ဆုံပွဲသို့   ပြည်သွေးစည်း ညီညွတ်ရေး ပါတီ အပါအ၀င် လက်နက်ကိုင် တိုင်းရင်းသား အားလုံးကို ဖိတ်ကြားထား ခဲ့ကြောင်း ဆိုပါသည်။ UWSA သည် KIA နှင့် အစိုးရတို့၏ မတ်ခ်ျ လက တရုတ်နိုင်ငံ ရွှေလီမြို့ တွင် ကျင်းပသည့် ဆွေးနွေး ပွဲကို တက်ရောက်လို သော်လည်း ပြည်ဝင်ခွင့်  အခက်အခဲကြောင့် မတက်ရောက် နိုင်ခဲ့ပါသည်။ 

KIA သည် အစိုးရနှင့် ဆွေးနွေးသည့် အခါ အမေရိကန်၊ ဗြိတိန်၊ UN ကိုယ်စားလှယ်များ ပါဝင်ရေးကို တောင်းဆိုခဲ့ ပါသည်။ 

  သို့သော် ယခု ကျင်းပမည့် ဆွေးနွေးပွဲ မြန်မာနိုင်ငံ ဆိုင်ရာ ကုလ သမဂ အထူး သံကိုယ်စားလှယ် ဖြစ်သည့် ဗီဂျေနမ်ဘီးယားသာ တက်ရောက် နိုင်တော့မည်ဖြစ်ပါသည်။ 

နှစ်ဖက် ဆွေးနွေးကြမည့် ကိစ္စများကို ဆက်လက် ညှိနှိုင်းနေဆဲ ရှိကြောင်း  Myanmar Peace Centre မှ ဦးလှမောင်ရွှေက ပြောကြား ခဲ့ပါသည်။ အစိုးရသည် တိုင်းရင်းသား များနှင့် တွေ့ဆုံဆွေးနွေးသည့် အခါ  နိုင်ငံတကာ ကိုယ်စားလှယ်များ ပါဝင်ခွင့်ကို မူအားဖြင့် လက်ခံ ထားခြင်း မရှိဟုဆို ပါသည်။ ဤသို့ကြောင့် KIO ၏ တောင်းဆိုမှု အတိုင်း လိုက်လျှောရန် ခက်ခဲနေသည့်အတွက် ဆွေးနွေးမှုများရက် ရွှေ့နေရခြင်းဖြစ်ပါသည်။ 

ဤသို့ကြောင့် KIO သည် မူလက တောင်းဆို ထားသော အမေရိကန်၊ ဗြိတိန်နှင့် UN ကိုယ်စား လှယ်များ ဆွေးနွေးပွဲတွင် ပါဝင် လာရေးကို အလျှော့ပေးခဲ့ပြီး ယင်းအစား တိုင်းရင်းသား လက်နက်ကိုင် အားလုံး ပါဝင်ရေးကို အစိုးရက လက်ခံ သဖြင့် ပြည်တွင်း တွေ့ဆုံ ဆွေးနွေးရေးကို လက်ခံ လိုက်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ 

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ (၁၅) ဖွဲ့ ထက်မနဲ  တက်ရောက် မည်ဖြစ်ပြီး ကချင် ပြည်နယ် မြစ်ကြီးနားမြို့မနောကွင်းရှိ မဂျွယ် ခန်းမ ဆောင် ကျင်းပ သွားရန် သဘောတူ ထားကြောင်း KIO အတွင်း ရေးမှူးက ဆိုပါသည်။

ယခု ကျင်းပမည့် KIO နှင့် အစိုးရတို့၏ ဆွေးနွေးပွဲသည်  () ကြိမ်မြောက် တရားဝင် ဆွေးနွေးပွဲ ဖြစ်သလို (၁၄)ကြိမ် မြောက် နိုင်ငံရေး အရ တွေ့ဆုံဆွေးနွေးပွဲဖြစ်ပြီး KIO နှင့် အစိုးရတို့ အကြား  ပထမဆုံး အကြိမ် ပြည်တွင်း တွေ့ဆုံ ဆွေးနွေးကြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။