Wednesday, May 29, 2013

Hpawt….. Ni ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပညာပေးဇာတ်ကား သြဂုတ်လတွင် ပြသမည်

(Mizzima)

ကချင်ပြည်နယ်၏ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး Hpawt….. Ni ဇာတ်ကားကို မြစ်ကြီးနားမြို့ပေါ်ရှိ မြို့ဂုဏ်ရောင်နှင့် ဧရာဂုဏ်တို့တွင် လာမညြ့်သဂုတ်လတွင် ပြသမည်
ဖြစ်ကြောင်း ကချင်ဒါရိုက်တာဖြစ်သည့် 'ဂျီဇုံးကိ' က မဇ္ဈိမ သို့ ပြောကြားခဲ့သည်။

ယင်းဇာတ်ကားနှင့်ပတ်သက်ပြီး ဒါရိုက်တာ 'ဂျီဇုံးကိ' က ကချင်ပြည်နယ်စပ်တစ်လျှောက် ဝေးလံခေါင်းဖျားတဲ့
နေရာတွေနဲ့ အရှေ့မြောက်ဘက်တောင်ပေါ်တွင်မှာရှိတဲ့ ဘိန်းအစားထိုးသီးနှံစိုက်ခင်းတွေမှာ သွားရောက် ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တွေ၊ သီးနှံအစားထိုးအဖွဲ့တွေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ မြို့နယ်၊ ရပ်ကွက်အသီးသီးမှာ ပြသသွားမှာပါ။



ဇာတ်လမ်းမှာ စုံတွဲတစ်တွဲက ဘိန်းစိုက်ခင်းတွေလုပ်တယ် ကျန်တဲ့တစ်တွဲကတော့ ဘိန်းပပျောက်ရေးကို လုပ်ကိုင်တဲ့ လူတွေဖြစ်တာကို တည်ထားတာပါ။ အခုဆင်ဆာ ကျပြီးသွားပါပြီ။ တရုတ်ပြည်၊ ယူနန်ပြည်နယ်၊ မလေးရှား၊ ဂျပန်၊ စင်ကာပူစတဲ့ နိုင်ငံ တွေမှာရှိတဲ့ ကချင်လူမျိုးတွေအထိ ပျံ့နှံ့အောင် လုပ်ဖို့ရည် ရွယ်ထားပါတယ်''ဟု ဆိုသည်။

အဆိုပါဇာတ်ကား၏ ဇာတ်လမ်း၊ ဇာတ်ညွှန်းမှာ ဒါရိုက်တာ 'ဂျီဇုံးကိ' ကပဲ ရေးသားခဲ့ပြီး ခွန်းအောင်၊
စောမ်စောမ်ပန်၊ မုမ်ဆန်၊ ပန်းဝါစသော ကချင်တိုင်းရင်းသားများက ပါဝင်သရုပ်ဆောင်ထားကာ
မြန်မာစာတန်းထိုးဖြင့် ပြသသွားမည်ဖြစ်သည်။

1 comment:

  1. မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ကြားမိခဲ့တဲ့ သတင်း တစ်ပုဒ်ကို share ချင်ပါတယ်။
    မြန်မာ စစ်တပ်ဟာ ကချင် လူမျိုးတွေကို လူညွန့်တုန်းအောင် မူးယစ်ဆေးကို လက်နက်သဖွယ် အသုံးပြုတယ်ဆိုတာ လက်ရှိ အခြေအနေတွေက ထင်ဟပ်နေပါတယ်။ မူးယစ်ဆေးဖြနိ့တဲ့ သူတွေကိုလည်း တခြား လူမျိုးတွေကို မရောင်းရ။ ကချင်တွေကိုပဲ ရောင်းရန် ဆိုပြီး စိတ်ဗိုလ်ချုပ်တွေ ကိုယ်တိုင် ညွှန်ကြားထားပါတယ်။ ဒါဟာ နိုင်ငံရေး ကစားကွက်တစ်ခုပဲဖြစ်ပါတယ်။ ဒီနေ့ ကချင်လူငယ်တော်တော်များများ မူးယစ်ဆေးတွေနဲ့ ပတ်သက်နေတာကို စိတ်မကောင်းစွာ မြင်နေရပါတယ်။ မြစ်ကြီးနားမြို့က ဧရာဝတီမြစ် ဆိပ်ကမ်းကို တစ်ခါတစ်လေ သွားပြီး လေ့လာစေချင်ပါတယ်။ ချုံပုတ်ထူတဲ့ နေရာတွေဟာ ဆေးထိုးအပ်တွေ ပြန့်ကျဲ နေတာကို စိတ်မကောင်း ဖွယ်ရာ မြင်တွေ့ရမှာ ပါ။
    ကချင်လူငယ်တွေကို တိုက်တွန်းလိုပါတယ်။ အမြန်ဆုံးရုန်းထွက်ကြပါလို့။

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။