Thursday, May 30, 2013

အလံခိုးသူများအကြောင်း

(Lachid Kachin FB)

တစ်ချိန်ကသာ ဒီလိုအလံမျိုး လက်ဝယ်ထားမိလို့ ကတော့ ထောင်နန်းစံရဖို့ များတယ်..။
ခုတော့လဲနော် ဘယ်လွှတ်တော်ကမှ အတည်မပြုဘဲ ပြည်နယ်အလံငယ်ဖြစ်သွားရပြန်ပြီ...။ အပြာနုနောက်ခံပေါ်မှာ နှင်းတောင်တန်းပုံပါတဲ့ အလံက ဘယ်ရောက်သွားလဲ မသိဘူး..။

သေချာ စဉ်းစားကြည့်တော့လဲ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကျေးဇူးတင်ရမယ်..။ တောင်နဲ့မြောက်၊ အလင်းနဲ့အမှောင်လို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောင်းလဲထွက်သွားတာ သူ့အရည်အချင်းတွေပေါ့..။



ကချင်တွေကို ကိုယ်စားမပြုပါဘူး၊ သာမန်လက်နက်ကိုင် သောင်းကျန်းသူတွေပါလို့ သူကိုယ်တိုင်ပြောခဲ့တဲ့ ကေအိုင်အိုကလဲ အခုဆို မြစ်ကြီးနားမြို့မှာ မြို့ခံလူထု အထောင်အသောင်းကြား အောင်မြေနင်းနေပြီ..။ ဒါ ဘဘရဲ့ ပြုပြင်ပြောင်းလဲမှု အရှိန်ကြောင့်ဆိုတာ သေချာတယ်..။ သူပုန်အလံဆိုပြီး ဖမ်းဆီးထောင်ချခဲ့ဖူးပေမယ့် အခုဆို ပြည်နယ်အလံ ဖြစ်နေပြီ..။ သိပ်မကြာခင်က ထိုးစစ်အားလုံး ရပ်ဆိုင်းပြီးလို့ ကြေညာပြီးတော့မှ ခယာဘွမ်ကို ထက်သိမ်းနိုင်တာဟာလဲ သူ့ရဲ့ပြောင်မြောက်မှုပဲ..။ တော်ပါပေတယ်.. မောင်မင်းကြီးသား..။ ကျန်းမာပါစေ..၊ ချမ်းသားပါစေ..။

အဲဒီတော့ ကချင်ပြည်နယ်သူ ပြည်နယ်သားတိုင်းကလဲ ကိုယ့်ပြည်နယ်ကို ချစ်မြတ်နိုးတဲ့အားလျော်စွာ ဒီပြည်နယ်အလံအသစ်ကို တမြတ်တနိုးနဲ့ လွှင့်ထူထားသင့်တာပေါ့..၊ အိမ်တိုင်း၊ ကျောင်းတိုင်း၊ အစိုးရအဆောက်အအုံတိုင်းမှာ လွင့်ထူရမယ်...။ သတင်းစာမှာ ပြည်နယ်အလံဖြစ်ကြောင်းဆိုပြီး မူပိုင်အဖြစ် ကြေညာရမယ်..၊ ဒါမှ မသမာသူတွေက ပေါ်တင် အလံခိုးတာမျိုး မခံရမှာ...။

အပစ်အခတ်ရပ်စဲရေးကလဲ ဖြစ်သင့်ပါတယ်...။ လက်မှတ်ထိုးသင့်ပါတယ်..။ ၉၄ အပစ်ရပ်စာချုပ်ဆိုတာကလဲ တမင်ဖောက်ဖျက်တာမှ မဟုတ်တာ...။ သူ့အလိုလို ပျက်ပြယ်သွားတာလေ..။ ဘယ်သူ့အပြစ်မှ မဟုတ်ပါဘူး..။ နောက်တစ်ခေါက် စာချုပ်ပြန်ချုပ်တော့ ပိုခိုင်မာသွားတာပေါ့...။ US တို့ UK တို့ မလိုပါဘူး..၊ အားနာစရာကြီး.။ ပေါက်ဆီနဲ့ နံပြားရှိရင် တော်ပြီပေါ့ကွယ်...။

ဗိုလ်ချုပ်အောင်ဆန်းတုန်းကလဲ "အရင်က ဗမာတွေလို မဟုတ်တော့ပါဘူး"လို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့တာပဲ...။ ကုန်းဘောင်မင်းအဆက်ဆက်လက်ထက်ကလို မဟုတ်တော့ပါဘူး ဆိုတဲ့ ကတိခံဝန်ချက် ပေးတဲ့သဘော။ အခုလဲ သမ္မတကြီးနဲ့ ဦးအောင်မင်းတို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေက မျက်ဝါးထင်ထင်ပဲလေ..၊ ပြုပြင်ပြောင်းလဲနေပါပြီ၊ အရင်လို မဟုတ်တော့ပါဘူးလို့လဲ အထပ်ထပ်အခါခါ ပြောပြီးသား...။

ဒီလောက် ပြောနေတာတောင် ဘာတွေ မယုံမကြည်ဖြစ်နေကြတယ်မသိဘူး..။ ဗိုလ်ချုပ်အောင်ဆန်းကိုကျတော့ ယုံတယ်..၊ ဦးအောင်မင်းလက်ထက်ကျမှ ပြောမရ၊ ဆိုမရဖြစ်နေတာ..၊ တော်တော်မျက်နှာလိုက်တယ်.. ဒီကချင်တွေ...။

တကယ်တော့ ကချင်ပြည်သူတွေ ကြိုဆိုတယ်ဆိုတာ ဦးအောင်မင်းနဲ့ အဖွဲ့ကို ကြိုတာပါ..၊ ကေအိုင်အိုက ဘုရားစင်ဘေးက အိမ်မြောင်လို ကပ်ပြီး ကန်တော့ခံရတာ..၊ ဦးအောင်မင်းကို ကြိုတာကလဲ သိတယ်မဟုတ်လား..၊ သူ့သမက်က အဆိုတော် ရဲလေးလေ..။ အရှိန်တွေ.. အရှိန်တွေ။

ကချင်လူထုက ငြိမ်းချမ်းရေးကို လိုလားတာ၊ အေးချမ်းမှုကို ငတ်မွတ်တာ ကလဲ လက်တွေ့ပါပဲ..။ တစ်နေ့ကတင် ကချင်ပြည်နယ်သား ဦး L ငန်ဆိုင်းကို မေးကြည့်တယ်..၊ "ကျနော်ကတော့ အိမ်မှာ မိန်းမနဲ့ အေးအေးချမ်းချမ်း ကွေးနေရတာကို သဘောကျတယ်.."လို့ ပွင့်ပွင့်လင်းလင်း ပြောသွားတယ်..။ တောင်ပေါ်သားဆိုတော့ ရိုးရိုးကြီး ပြောတာပေါ့..။
ကချင်ပြည်သူတွေ လက်ခံထားတဲ့ ငြိမ်းချမ်းရေးဆိုတာက "ကျူးကျော်ရန်စလာသူတွေ ပြန်ထွက်သွားရင် အကုန်ငြိမ်းချမ်းသွားမယ်"ဆိုတာ ဒီအေအိုင်အိုတွေ မသိကြဘူးလား မသိဘူး..။ လူထုက ဒီလောက်ငြိမ်းချမ်းရေးကို လိုလားနေပါရက်နဲ့ ဒီကေအိုင်အေတပ်တွေက ပြည်ထောင်စုစစ်စစ်ရဲ့ ပြည်ထောင်စုစစ်စစ်တပ်တွေကို ကျူးကျော်ပြီး ရန်စလာတာဟာ အင်မတန်ခံပြင်းဖို့ ကောင်းတယ်..။ ရှက်တတ်ရင် သူတို့လာခဲ့တဲ့ မဂျွယ်ရှိန်ရာ (Majoi Shingra) ကို ပြန်ဆုတ်သွားသင့်တယ်..။
ကဲ တော်ပါပြီ...။ စာရှည်ရင် လက်ညောင်းတယ်..။ ငပျင်းတွေကလဲ အရေးတယူ မဖတ်ကြဘူးလေ...။

ဒီဖွတ် ဘယ်လောက် ကြာကြာ အောင်းနိုင်မှာမို့လို့လဲ..။ ဖွတ်ရှိတဲ့ တောင်ပို့ကနေတော့ ဖွတ်ထွက်ကို ထွက်လာမှာပဲ..။
ကိုယ်ကြောင့် တစ်မျိုးလုံး အလံခိုးတဲ့အမျိုးလို့ အခေါ်ခံရမှာ မကြောက်တဲ့သူတွေက အလံခိုးကြပါတယ်..။
အလံခိုးတတ်သူတွေကို ဝေးဝေးက ရှောင်တဲ့

(ဇော်ခွန်နော်)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။