Friday, May 31, 2013

စစ်ပြေး ဒုက္ခသည်များကို ကူညီခွင့်ပြုရန် အမေရိကန် တောင်းဆို

(ရွှေဟင်္သာသတင်းဌာန)

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးသည် ကချင်  လွတ်လပ်ရေး အဖွဲ့ (KIO)နှင့် အစိုးရတို့ တွေ့ဆုံဆွေး နွေးမှုရလာဒ်ကို ထောက်ခံသော်လည်း စစ်ပြေး ဒုက္ခသည် အရပ်သားများ၏ ဘေးကင်း လုံခြုံရေးနှင့် ကျန်းမာရေးကို များစွာ စိုးရိမ်ရကြောင်း ယနေ့ ထုတ်ပြန် ကြေညာ ခဲ့ပါသည်။ 

၎င်းတို့သည် ကချင်ပြည်နယ် အပါအ၀င် ပဋိပက္ခြ ဖစ်ပွားသော ဒေသများရှိ  ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေး သူများနှင့် အကူအညီ လိုအပ်သော အခြား အရပ်သားများအား အကူအညီ ပေးခွင့် ပြုရန် တောင်းဆို ခဲ့ပါသည်။

ကြေညာချက်နှင့် အတူ KIO နှင့် အစိုးရ ဆွေးနွေးရေး ကိုယ်စားလှယ် များသည်လည်း ယနေ့ နံက်ပိုင်းတွင် မြစ်ကြီးနားနှင့် ၀ိုင်းမော် မြို့နယ်ထဲ၌ ရှိသော ကချင် စစ်ပြေးပြည်သူများအားသွားရောက်ကြည့်ရှု အားပေး ခဲ့ကြောင်းခရစ်ယာန်သင်းအုပ် ဆရာတော် တစ်ပါး ဖြစ်သူဆရာတူးဂျာက ဆိုပါသည်။

 
  KIO နဲ့ အစိုးရ ကိုယ်စားလှယ်တွေပေါ့လေ သူတို့ အဖွဲ့() ဖွဲ့ခွဲပြီးဒီနေ့မနက်ပိုင်းမှာကချင်စစ်ပြေးဒုက္ခသည်စခန်း တွေကိုလိုက်လံကြည့်ရှုအားပေးခဲ့တယ်။UN မှဗီဂျေနမ်ဗီယာလည်းပါတယ်။သူတို့ ရည်ရွက်ချက် ကတော့ဒီဒုက္ခသည်တွေ အရေးစဉ်းစားတဲ့ အခါမှာအထောက်အကူဖြစ်စေဖို့ပါ။ဟုဆိုပါသည်။

KIO နှင့်အစိုးရ ကိုယ်စားလှယ်များ၏ သဘော တူညီချက်များထဲတွင် ကချင် စစ်ပြေးဒုက္ခသည်များ ပြန်လည် နေရာချ ထားရေးလည်း ပါဝင်သည်။သို့သော်နိုင်ငံရေး ကိစ္စနှင့်စစ်ရေး ကိစ္စများကြောင့်ဒုက္ခသည် အရေးဖက်၌ဖြေရှင်းပေးနိုင်ဦးမည် မဟုတ်သလိုအကူအညီ များလည်းပေးနိုင်လိမ့်မည် မဟုတ်သေးချေ။

ဤသို့သော အခြေအနေ မျိုးတွင်မြန်မာနိုင်ငံ ဆိုင်ရာအမေရိကန် သံရုံးမှဒုက္ခသည်အတွက်ဝင်ရောက် ကူညီခွင့် ပြုရန်တောင်းဆို လိုက်ခြင်းဖြစ်ဖွယ် ရှိနေသည်ဟုအကဲခတ်များက ဆိုပါသည်။

လက်ရှိ၌ကချင်ပြည်နယ်တွင် စစ်ပြေးဒုက္ခသည်သိန်းခန့်ရှိနေပြီးစခန်းပေါင်း၁၄၀ခန့် ရှိနေပါသည်။ဤအထဲ၌အစိုးရ ထိန်းချုပ် နယ်မြေထဲတွင်စခန်းပေါင်း (၁၀၀) ခန့်ရှိပြီးKIOထိန်းချုပ် နယ်မြေတွင်စခန်းပေါင်း (၄၀) ခန့်ရှိသည် ဟုစခန်း တာဝန်ခံများက ဆိုပါသည်။

ဗိုလ်ချုပ် ဂွမ်မော်ဦးဆောင်သောအဖွဲ့သည်UNကိုယ်စားလှယ်ဗီဂျေနန်ဗီယာနှင့်အတူဝိုင်းမော်မြို့နယ်ရှိကချင် စစ်ပြေးဒုက္ခသည်စခန်းများသို့သွားရောက်ကြည့်ရှုခဲ့ပါသည်။ဗိုလ်ချုပ် ဂွမ်မော်သည်အစိုးရနှင့်ဆွေးနွေးမှု ရလာဒ်အခြေအနေများကိုဒုက္ခသည်များအားတင်ပြခဲ့ပါသည်။

နှစ်ဖက်ခေါင်းဆောင်တွေထံ ကနေတစ်စုံတရာအကူအညီတွေရရှိလိမ့်မယ်လို့မျှော်လင့်မထားပါဘူး။နှစ်ခန့်ရှိပါပြီးဘယ်NGO အကူအညီမှ မရဘဲကြပ်ကြပ် တည်းတည်းနဲ့ နေလာခဲ့ပြီးပြီးလေ။ကျနော်တို့ကိုအခုလိုလာရောက်ကြည့်ရှုအားပေးပြီး အသိအမှတ်ပြုတဲ့အတွက်ကျေနပ်တယ်။ဟုဒုက္ခသည်တစ်ဦးက ဆိုပါသည်။

ဤစစ်ပြေးဒုက္ခသည်များသည်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့သောဒေသမှလာကြသူများဖြစ်သည်။ကျေးရွာများမီးရှို့ခံရခြင်း၊စီးပွားရေး ဖျက်ဆီးခံရပြီး၊လူမှုရေးနှင့်ရပ်တည်ရာမဲ့ သွားသူများဖြစ်နေကြပါသည်။

ဝိုင်းမော် တဝိုက်မှာရှိတဲ့ဒုက္ခသည်စခန်းတွေကတော့နမ်ဆန်ယန်၊ဆွမ်းပရာဘွန်တို့လိုတိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်ပွားတဲ့နေရာကလာတဲ့ သူတွေပါ။နေရပ်ပြန်ဖို့ဆိုတာကအိမ်လဲမရှိခြံတွေယာတွေဘာမှ မရှိတော့ဘူး။တိုက်ပွဲကြောင့်ပျက်စီးကုန်ပြီးလေး။အခုထိ ပြန်ခွင့် မရသေးသလိုအခုပြန်သွားရင်လည်းရပ်တည်ဖို့ မလွယ်သေးဘူးလေဟုဆိုပါသည်။

စစ်ပြေးဒုက္ခသည် () မျိုး ရှိပါသည်။ NGO အဖွဲ့မှတာဝန်ယူဖွင့်လှစ်ပေးထားသည့်စခန်းအတွင်းနေထိုင်သည့်ဒုက္ခ သည်များ၊မြို့ပေါ်ရှိဘာသာရေး အသင်းများခေါင်းဆောင်ပြီးဖွင့်လှစ်ပေးထားသည့်စခန်းအတွင်းနေထိုင်သည့်ဒုက္ခ သည်များ၊တောတွင်းသို့ထွက်ပြေးသိမ်းရှောင်နေရသည့်ဒုက္ခသည်များ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထိန်း ချုပ်နယ်မြေအတွင်းနေထိုင်ကြသည့်ဒုက္ခသည်များနှင့်လုံခြုံမှုရှိသောဆွေမျိုးမိတ်ဆွေထံသွားရောက်ခိုလှုံနေသည့်ဒုက္ခသည်များ ဖြစ်ပါသည်။

ဤသို့သော အခြေအနေကြောင့် မြန်မာနိုင်ငံဆိုင်ရာအမေရိကန် သံရုံးသည်မြန်မာနိုင်ငံပြည်သူများ အကြား ထာဝရငြိမ်း ချမ်းရေး၊ သာတူ ညီမျှဖွံ့ဖြိုး တိုးတက်ရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် ပံ့ပိုး ကူညီသွားရန် ဆုံးဖြတ်ထား ကြောင်း၊ ဤသို့ကြေင့် ကချင်ပြည်နယ်တွင်းနှင့် အခြား အကူအညီ လိုအပ်နေသော နေရာများမှ နိုင်ငံရေး၊ စစ်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု အခြေအနေ များကို ကုလ သမဂ္ဂအပါဝင် ရည်မှန်းချက်တူ အဖွဲ့အစည်းများနှင့် နီးနီးကပ် ကပ်တိုင်ပင်ဆွေးနွေးပြီး စောင့်ကြပ်ကြည့်ရှု သွားမည်ဟု ထုတ်ပြန်ခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။