Monday, May 27, 2013

ဘာသာရေး ခေါင်းဆောင်များနှင့် ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေး

(Mizzima)

ရာစုနှစ်ဝက်ကျော် ပြည်တွင်း နိုင်ငံရေး ပဋိပက္ခများ ဖြေရှင်းနိုင်ရန် အရပ်ဘက် လူ့အဖွဲ့ အစည်းများ ပါဝင်နိုင်ရန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ၊ ရပ်မိရပ်ဖ များနှင့် လူမူဖွံ့ဖြိုးရေး ဆောင်ရွက်နေသူများနှင့် ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေးအဖွဲ့တို့ မြစ်ကြီးနားမြို့ရှိ မဒီယာ ဟိုတယ်၌ မေလ ၂၆ ရက်နေ့ နံနက်က တွေ့ဆုံခဲ့ကြောင်း
ဆွေးနွေးပွဲ တက်ရောက်သူ ဦးအဂူးခရန် (Ah Gu Hkyen) က ပြောသည်။

“အဓိက ဆွေးနွေးဖြစ်တာက ခြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ အရပ်ဘက် လူ့အဖွဲ့စည်းများ  ပါဝင်နိုင်ရန် ဆွေးနွေးခဲ့ တယ်။ တကယ်လည်းပဲ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ စောင်ကြည့် လေ့လာမယ့်အဖွဲ့ Third Party /C Group လိုအပ်ပါတယ်” ဟု ပြောသည်။



ဘာသာရေး ခေါင်းဆောင်များအား လူထုက ယုံကြည်၍ အရပ်ဘက် လူ့အဖွဲ့အစည်းတွင် ၎င်းတို့ ပါဝင်ရန် လိုလားကြောင်း ဦးအောင်မင်း က ဆွေးနွေးခဲ့သည်ဟု ဦးအဂူးခရန် က ဆက်ပြောသည်။

ဆွေးနွေးပွဲတွင် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ၂၀ ခန့်နှင့် မြစ်ကြီးနားမြို့မှ တက်ရောက်သူ ၂၀ ကျော်ခန့် ရှိသည်။

ဤဆွေးနွေးပွဲမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီတို့ ဆွေးနွေးပွဲ မတိုင်မီ နှစ်ရက်အလိုတွင် ဆွေးနွေးခြင်း ဖြစ်သည်။

ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်း၌ ပြုလုပ်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည့် KIO ကိုယ်စလှယ် များအား ဝိုင်းမော်နှင့် မြစ်ကြီးနား ဒေသခံလူထုက ကချင်အမျိုးသားအလံများ ကိုင်ဆောင်ကာ ကြိုဆိုရန်
ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။