Tuesday, April 9, 2013

အစိုးရနှင့် ဆွေးနွေးရန် သတ်မှတ် ရက်ကို UNFC ရွှေ့ဆိုင်း

(ရွှေဟင်္သာသတင်းဌာန)


ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အစိုးရနှင့် မူလက သဘောတူ ထားသည့် နိုင်ငံရေး ဆွေးနွေး ပွဲရက်ကို ရွှေ့ဆိုင်း လိုက်ပြီ ဖြစ်သည်ဟု UNFC အတွင်း ရေးမှူး (၂) ဖြစ်သူ ခွန်ဥက္ကာက ဆိုပါသည်။
 “အစီ အစဉ် အရ ကတော့ အစိုးရက ကေအိုင်အိုနဲ့ တွေ့ပြီးရင် UNFC နဲ့ တွေ့ဖို့ ဖြစ်ပါတယ်။ ပြီးရင် ကေအိုင်အိုနဲ့ ထပ်တွေ့၊ အဲဒီ လိုကို စီစဉ် ထားပါတယ်။ ဒါပေမဲ့ အခုတော့ အဲဒီ အခင်း အကျင်းက KIA နဲ့ အစိုးရက မြစ်ကြီးနားမှာ တွေ့မယ်ဟာ ရွှေ့သွားတော့ အဲဒီ အပေါ်မှာ အစီအစဉ် တွေက ပြောင်းသွား တာပေါ့” ဟု ဆိုပါသည်။

UNFC သည် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် များနှင့် နိုင်ငံရေး ဆွေးနွေးရန် ပြီးခဲ့သော ဖေဖော်ဝါရီ (၁၇) ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင် မြို့တွင် ကျင်းပသော အကြို ညှိနှိုင်း ပွဲက သဘောတူ ခဲ့ပါသည်။ သတ်မှတ် ရက်သည် ဤဆွေးနွေး ပွဲမှ နောက် (၂) လ အတွင်း ပြန်လည် တွေ့ဆုံရန် (ဧပြီ လအတွင်း) သတ်မှတ် ထားခဲ့ ပါသည်။

သို့သော် KIA နှင့် အစိုးရ တို့သည် ပြီးခဲ့သည့် ဧပြီ (၆) ရက်နေ့တွင် ကချင် ပြည်နယ် မြစ်ကြီးနား၌ တွေ့ဆုံရန် လျှာထား သော်လည်း လကုန်ပိုင်း အထိ ဆက်လက် ရွှေ့ဆိုင်း ခဲ့ကြ သဖြင့် UNFC နှင့် အစိုးရတို့ နိုင်ငံရေး အရ တွေ့ဆုံ ရေးလည်း ရက်ရွှေ့ သွားရခြင်း ဖြစ်ပါသည်။

ထို့အပြင် UNFC ကိုယ်စားလှယ်များ၊ ဂျပန်နိုင်ငံခရီးစဉ်ဖြင့် အလုပ်များနေသလို ဤအချိန်သည် သင်းကြန်ရက်နှင့် နီး ကပ်နေသဖြင့် ရက်ရွှေ့ဆိုင်းသွားခြင်းလည်း ဖြစ်ပါသည်။ UNFC သည် နောင်ကျင်း ပမည့် အစိုးရနှင့် နိုင်ငံရေး ဆွေးနွေး ပွဲအတွက် လိုအပ်သော ညှိနှိုင်းမှုများ ဆက်လက် ကျင်းပ သွားမည် ဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။