Tuesday, April 9, 2013

KIA နှင့် အစိုးရ ဆွေးနွေးပွဲ ပျက်ခြင်း အပေါ် တရုတ် ထုတ်ပြန်

(ရွှေဟင်္သာသတင်းဌာန)


ရန်ကုန်မြို့ရှိ တရုတ် သံရုံးသည် KIA နှင့် အစိုးရကြား မြစ်ကြီးနား မြို့တွင် ကျင်းပမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပျယ် သွားသည့် အပေါ် ယမာန်နေ့က ထုတ်ပြန်ချက် တစ်ရပ် ကြေညာ ခဲ့ပါသည်။

တရုတ် အစိုးရ၏ ကန့်ကွက် မှုကြောင့် KIA နှင့် မြန်မာ အစိုးရ တို့၏ ဆွေးနွေး ပွဲကို မြန်မာ အစိုးရ ဖက်က ရက်ရွှေ့ဆိုင်း လိုက်သည့် သဘောမျိုး မြန်မာ မီဒီယာ များက ထုတ်ပြန် ရေးသား နေသည်မှာ အခြေ အနေမှန်နှင့် လွဲချော် နေသည့် အတွက် တရုတ် သံရုံး အနေနှင့်  စိတ်မကောင်း ဖြစ်ရ သည်ဟု  ကြေညာ ချက်တွင်ဖေါ်ပြ ထားပါသည်။


KIA နှင့် အစိုးရ တို့သည် ပြီးခဲ့သည့် မတ်လ ဆန်းတွင် စစ်ပြေ ငြိမ်းရေး အတွက် တရုတ်ပြည် ရွှေလီ မြို့၌ ဒုတိယ အကြိမ် ဆွေးနွေး ခဲ့ပါသည်။ ဤဆွေးနွေး ပွဲတွင် နောက်တကြိမ် ဆွေးနွေး ပွဲကို လာမည့် ဧပြီလ (၁၀) ရက်နေ့ မတိုင်မီ ကျင်းပ ကြရန် သဘောတူ ခဲ့ပါသည်။

တရုတ် ပြည်သည်၊ မြန်မာ နိုင်ငံ၏ လွတ်လပ်သည့် အချုပ်အခြာ အာဏာ ပိုင်စိုးမှုနှင့် ဂုဏ်သိက္ခာကို လေးစားကြောင်း၊ မြန်မာ အစိုးရ၏ အမျိုးသား စည်းလုံး ညီညွတ်ရေး၊ တိုင်းရင်းသားချင်း သဟဇာတ ဖြစ်ရေး၊ ဆောင်ရွက် နေမှု များကို ထောက်ခံကြောင်း ကြေညာချက် ထဲတွင် ဖေါ်ပြ ထားပါသည်။

ထို့အပြင် KIA နှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေး နိုင်ရန် တရုတ်ပြည်ကနှစ်ကြိမ်တိုင် ကမကထပြုစီစဉ် ပေးခဲ့ကြောင်း၊ထိုဆွေးနွေး ပွဲများကြောင့်KIA နှင့် အစိုးရ တို့ကြားယုံကြည်မှုတည်ဆောက်နိုင်ခဲ့ကြပြီးတင်းမာမှုပဋိပက္ခ များကိုလည်းလျှော့ချ နိုင်ခဲ့ ပါသည်။

ယခု အချိန်တွင်တင်းမာမှု အခြေ အနေများ၊တဖြည်းဖြည်းတည်ငြိမ် မှုများရလာ နေပြီးလူသားချင်းစာနာရေးအကူအညီ များလည်းပေးပို့ နိုင်ခဲ့ပြီး ဖြစ်ပါသည်။ အနာဂတ် တွင်လည်း မြန်မာ အစိုးရက တောင်းဆို လာခဲ့ လျှင်လည်း ဆက်လက် ကူညီ သွားမည် ဖြစ်ကြောင်း တရုတ်သံရုံးက ထုတ်ပြန် ခဲ့ပါသည်။

ကျင်းပရန် ရှိသည့် ဆွေးနွေးပွဲ  မကျင်းပ ဖြစ်သည့် အဓိက အကြောင်းမှာထောက်ပံ့ ပို့ဆောင်ရေးအစီအစဉ်၌ပြဿနာ ဖြစ်နေ ခြင်းကြောင့်ဟု ဆိုထား ပါသည်။ သို့သော်မြန်မာ ငြိမ်းချမ်းရေးစင်တာ အပါဝင် အခြားသတင်းရင်းမြစ် များအရသင်္ကြန် ပြီးလျှင်ဆွေးနွေးပွဲပြန်စ နိုင်ဖွယ်ရာ ရှိကြောင်း သိရ သည်ဟုရန်ကုန်မြို့တရုတ် သံရုံး၏ကြေညာ ချက်၌ ဖေါ်ပြ ထားပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။