Wednesday, April 10, 2013

ဂျပန် ၀န်ကြီး ချုပ်၏ မြန်မာ့ ငြိမ်းချမ်းရေး အပေါ် သဘောထား

(ရွှေဟင်္သာသတင်းဌာန)

သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် ဂျပန် ၀န်ကြီး ချုပ်၏ ဖိတ်ကြားချက် အရ မတ်လ (၃၁) ရက်နေ့တွင် ဂျပန် နိုင်ငံသို့ ဒုတိယ အကြိမ် ခရီးစဉ် အဖြစ် သွားရောက် ခဲ့ပါသည်။ ထိုခရီး စဉ်တွင် UNFC ကိုယ်စားလှယ် (၂၃) ဦး၊ သွားရောက် ခဲ့ပြီး၊ ခရီးစဉ်မှာ မတ်လ (၃၁) ရက်နေ့မှ ဧပြီလ () ရက်နေ့ အထိ ဖြစ်ပါသည်။

 ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးသည် UNFC အဖွဲ့ဝင် များကို နာရီ ဝက်ခန့် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ ဤသို့ တွေ့ဆုံ ရာတွင် ၀န်ကြီး ချုပ်သည် မြန်မာ့ နိုင်ငံ ငြိမ်းချမ်းရေး ပဋိ ပက္ခ များ၌ တွေ့ဆုံ ဆွေးနွေးသည့် နည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာ ကြရန် တိုက်တွန်း ခဲ့ပါသည်။ ထို့အပြင် ဆင်းရဲ မွဲတေမှု ပပျောက်ရေး နှင့် လူနေမှု ဘဝ မြင့်မားရေး ကဏ္ဍ များတွင်လည်း ပံ့ပိုး ကူညီ သွားမည် ဖြစ်ကြောင်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးမှ ကတိပြု ပြောကြား ခဲ့ကြောင်း UNFC ကိုယ်စားလှယ် တဦးက ဆိုပါသည်။
 
ဤသို့ကြောင့် မြန်မာ့ ငြိမ်းချမ်းရေး အတွက် ဂျပန် နိုင်ငံ၏ ပါဝင် မှုနှင့် ပါတ်သက်ပြီး ၀န်ကြီးချုပ်နှင့် တွေ့ဆုံ ခဲ့သည့် UNFC အတွင်းရေးမှူး () ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာ အား အောက်ပါ အတိုင်း မေးမြန်း ခဲ့ပါသည်။
မေး။ အတွင်းရေးမှူး ခင်ဗျား၊ မြန်မာ့ ငြိမ်းချမ်းရေး အတွက် ဂျပန် ၀န်ကြီး ချုပ်ရဲ့ အစီအစဉ်က ဘယ်လို ရှိပါ သလဲ။
ဖြေ။   ဂျပန် ၀န်ကြီးချုပ် ကတော့ အရေးကြီးတဲ့ အချက် နှစ်ချက် ကိုပဲ ပြောသွား ပါတယ်။
1      ပထမ အချက် ကတော့ ဗမာပြည်ရဲ့ အနာဂတ်ဟာငိမ်ချမ်းရေးနှင့် တည်ငြိမ် အေးချမ်း သာယာရေးဟာ အဓိက အရေးကီး တယ်တဲ့။ ဒီအရေးဟာ တိုင်းရင်းသား တွေမှာလည်း တာဝန် ရှိတယ်။ အဲဒါကြောင့် တိုင်းရင်းသားတွ အနေနဲ့ ငြိမ်းချမ်းရေး  ရရှိဖို့ အတွက် မဆုတ်မနစ် ကြိုးစား ကြဖို့၊ကြိုးစား နေရာ မှာလည်း ဆုံးခန်း တိုင်တဲ့ အထိကိုးပမ်း သွားကြဖို့ လိုအပ် တယ်လို့ တိုက်တွန်း အားပေး သွားပါတယ်။

2      နောက်တချက် ကတော့ ကြိုးပမ်းတဲ့ နေရာမှာ အခက်အခဲ တွေတော့ ရှိတာပေါ့။ပီးတော့ မြန်မာ နိုင်ငံမှာ ပြည်သူ လူထု တွေရဲ့ ဆင်းရဲ မွဲတေ မှုတွေ ရှိတယ်။ အဲဒါ တွေကို ပြန်လည် ထူထောင် ဖို့အတွက် ပညာရေးကျန်းမာရး၊ လူမှုရေး ကိစ္စ တွေကိုလည်း ဂျပန် နိုင်ငံ အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်း တွေမှာ အတူတကွ တစ်ပေါင်း တစ်စည်းတည်း ကူညီ ပံ့ပိုး ပေးသွား မယ်လို့ ပြောတယ်။ အဲဒီ ပြန်လည် ထူထောင်ရေး ဆိုတာ ဟာလည်း ငြိမ်းချမ်းရး လုပ်ငန်းစဉ် တွေနဲ့ ယှဉ်တွဲ နေတဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ ဒါတွေကို ဂျပန် ဖက်က အကူအညီ ပေးသွား မယ်လို့ ဆိုပါတယ်။

မေး။    ။ ငြိမ်းချမ်းရေး အတွက်UNFC နဲ့အစိုးရ တို့ရဲ့ အမျိုးသား ရင်ကြား စေ့ရေး ဆွေးနွေးပွဲ တွေမှာ ဂျပန် နိုင်ငံက ဘယ်အခန်း ကဏ္ဍမှာ ပါဝင် မလဲ။
ဖြေ။    ကဏ္ဍ  နှစ်ခုမှာ ပါမယ်လို့ ပြောပါတယ်။ တစ်မျိုး ကတော့ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ကုန်ကျ စရိတ်နဲ့ နေရာ ထိုင်ခင်း ခရီး စရိတ် တွေကို ဂျပန်က ထုတ်ပေးမယ်။ နောက်တစ်မျိုး ကတော့ အစည်းအဝေး ထဲမှာ  လေ့လာ အကဲတ် ပေးမယ် ဆိုတဲ့ နေရာမှာ နေပေး မယ်လို့ ပြောပါတယ်။
မေး။  တကယ်လို့ ဂျပန် ဖက်က မြန်မာ နိုင်ငံရဲ့ အမျိုးသား ရင်ကြား စေ့ရေးမှာ ဘယ်ကဏ္ဍ ကမှ မပါ နိုင်ဘူး ဆိုလို့ ရှိရင် UNFC အနေနဲ့ ဘာဆက် လုပ်မှာလဲ။
ဖြေ ။  ။ ကျနော်တို့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး မှုမှာ ဂျပန် တွေက မပါလို့ကို မရတဲ့ အနေ အထားမှာ ရှိနေတယ်။ ဘာကြောင့်လဲ ဆိုတော့ ဂျပန်နဲ့ UNFC တွေက နားလည်မှု စာချွှန် လွှာမှာ လက်မှတ် ရေးထိုး ထားတဲ့ အတွက်ကြာင့် ဖြစ်တယ်။ တကယ်လို့ သူတို့ မပါလာ ခဲ့င် လက်မှတ် ထိုးထားတဲ့ စာချုပ်က ပျက်သွား မယ်လေ။ ပြီးတော့ ဂျပန်ဟာ ကျနော်တို့ UNFC အဖွဲ့ကို လူသားချင်း စာနာမှုနဲ့ ဒေသ ဖွံ့ဖြိုးရေး အကူအညီတွေ ပေးပါတယ်။ ဒါတွေ ကိုလည်း အခြေ အနေနဲ့ အညီ တိုက်ရိုက် ပေးနေ ပါတယ်။ အလားတူ နိုင်ငံရေး မှာလည်း အကြံဥာဏ် ပေးနေ ပါတယ်။ ဂျပန်ဟာ ဆွေးနွေးပွဲ အခြေ အနေ တွေကိုလည်း စဉ်ဆက် မပြတ် လေ့လာ နေပါတယ်။ KIO နဲ့ အစိုးရ တွေ့လျှင်လည်း UNFC က ပါမှာ ဖြစ်သလို UNFC နှင့် အစိုးရ တွေ့လျှင်လည်း KIO က ပါဝင်မှာ ဖြစ်တယ်။ ဒါက အားလုံး သဘောတူ ထားသည့် ကိစ္စ ဖြစ်တယ်။ ဒါကိုလည်း ဂျပန်က စိတ်ဝင်စား ပါတယ်။
ဂျပန် နိုင်ငံသည် UNFC အား လူသားချင်း စာနာမှု အကူ အညီ အတွက် ပထမ အရစ် အဖြစ် ဒေါ်လာ သုံးသန်း ထောက်ပံ့ ခဲ့ပါသည်။ ဤထောက်ပံ့မှု သက်တမ်းသည်၊ ၂၀၁၃ ခုနှစ် မတ်လတွင် ကုန်ဆုံး ခဲ့ပါသည်။ သို့သော် လိုအပ်ချက်များ ရှိနေ သေးသည့် အတွက် ထပ်မံ၍ အကူအညီ ရနိုင်ရန် ဂျပန် ၀န်ကြီးချုပ် သစ်အားပီးခဲ့သည့် မတ်လ ကုန်ထပ်မံ တွေ့ဆုံ ခဲ့ပါသည်။
ဤကဲ့သို့ ထပ်မံ တွေ့ဆုံ နိုင်ခဲ့ သဖြင့် ဂျပန်မှ ဆက်လက် ပံ့ပိုး နိုင်ရန်  UNFC  တစ်ဖွဲ့ချင်းဆီ တို့မှ မိမိ တို့၏ လိုအပ်ချက် များကို (Proposal) များ ရေးသားပြီး လာမည့် ဂျူလိုင်လ၌ တင်ပြ ကြရန် စီစဉ် ထားပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။