Monday, March 25, 2013

မြန်မာစစ်တပ်မှ စစ်ရေးလှုပ်ရှားမှုများ ရှိနေဆဲ၊ KIA နှင့် တိုက်ပွဲဖြစ်

(Kachinnet)


၂၀၁၃ ခုနှစ် မတ်လ (၂၄) ရက်နေ့ ညနေပိုင်း (၄း၁၀) အချိန်ခန့်က KIA တပ်မဟာ (၄) ထိန်းချုပ် နယ်မြေ ဖြစ်သော မုန်မြစ် (Mung Myit) အထက်ပိုင်း ဂန်မင် (Gang Ming), ခူဆာ (Hkusa), မန်ကန် (Man Kang), လွယ်ဒေါင် (Loi Dau) နေရာများသို့ စစ်ကြောင်း ချီတက် လာသော မြန်မာစစ်တပ် ခလရ (၁၄၅) မှ စစ်အင်အား (၈၀) ခန့်နှင့် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်သားများနှင့် အနီးကပ် ရင်ဆိုင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။


ထို့ ပြင် KIA တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်သော လခွမ်ဘွမ် (Lahkum Bum) နှင့် ကျခန် (Chyahkan Dap) ၀န်းကျင်တွင်လည်း မြန်မာစစ်တပ် ခလရ (၂၇၆) မှ စစ်ရေး လှုပ်ရှားမှုများ ရှိနေကြာင်း သတင်းရရှိပါသည်။

လွန်ခဲ့သော မတ်လ (၂၃) ရက်နေ့ ညနေပိုင်း (၃း၃၀) အချိန်ခန့်က တရုတ်လူမျိုး သစ်ကုန်သည် သူဌေးနှင့် သူ၏ လုပ်သားများကို ကဂမ် (Kagam) ပို့စ်တွင် ရှိနေသော မြန်မာစစ်သားများမှ KIA ထိန်းချုပ်နယ်မြေဖြစ်သော အင်ခမ်းရွာမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဆက်လက် သတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။