Monday, March 18, 2013

KIA တပ်ရင်း (၃၄)နယ်မြေတွင် တိုက်ပွဲဖြစ်


KIA တပ်မဟာ(၄) နယ်မြေ တပ်ရင်း (၃၄)နယ်မြေ မန်တုံလွယ်ယာ ဒေသ တွင် စခန်းထိုင်နေသော KIA, တပ်ဖွဲ့ အား နမ္မတူ အခြေစိုက် မြန်မာအစိုးရတပ် ခလရ(၁၃၀) နှင့် ခမရ(၅၀၂) ပူးပေါင်းတပ်ဖွဲ့ များ မတ်လ(၁၆)ရက် မနေ့က နေ့လည် (၁း၀၀)အချိန်ခန့်တွင် လာရောက် တိုက်ခိုက်မှုကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုတွင် မြန်မာအစိုးရ တပ်ဘက်မှ ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ရွာအတွင်းမှ အရပ်သား နေအိမ်တစ်လုံး ထိမှန်ကာ မီးလောင်သွားကြောင်း သိရပြီး နောက်ထပ် နေအိမ် ၄ လုံးခန့်  အား မြန်မာစစ်တပ်မှ တမင်တကာ မီးရှို့ ဖျက်ဆီးသွားကြောင်း ထပ်မံသိ ရသည်။


ထို့ အပြင် ကေအိုင်အေ တပ်ရင်း(၁၇)နယ်မြေဖြစ်သော Ting Dam , Da Nam , Bang Hkung စသည့် ဒေသများတွင် တပ်ရင်းတပ်ဖွဲ့ နာမည် အတိအကျ မသိရသေးသော မြန်မာအစိုးရတပ်ဖွဲ့ အင်အား (၁၀၀)ခန့်  ရောက်ရှိနေကြောင်း သိရှိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။