Wednesday, March 13, 2013

လိုင်ဇာမြို့မှာ ရှင်းလင်းပွဲ လုပ်တဲ့ KIA ကိုယ်စားလှယ်အဖွဲ့


Wednesday, March 13, 2013 (ဧရာဝတီ)

  နယ်စပ် ရွှေလီမြို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကနေ ကချင်ပြည်နယ် လိုင်ဇာမြို့ ပြန်ရောက်သွားကြတဲ့ KIA/KIO ကိုယ်စားလှယ်အဖွဲ့ကို ဒေသခံအများအပြားက ကြိုဆိုခဲ့ကြပါတယ်။
KIA  ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ဆွေးနွေးပွဲ အခြေအနေကို လိုင်ဇာမှာ ပြန်လည် တင်ပြခဲ့ပါတယ်။


KIA/KIO ကိုယ်စားလှယ်အဖွဲ့ လိုင်ဇာပြန်ရောက်ချိန် မှတ်တမ်းဓာတ်ပုံတချို့ကို ဖော်ပြလိုက်ပါတယ်။
(ဓာတ်ပုံများ - Maran Naw)

လိုင်ဇာမြို့ရှင်းလင်းပွဲ လုပ်ချိန်မှာ KIA က ထူးထူးခြားခြား ဘာတွေ ပြောသလဲ ဆိုတာ မသိရသေးပါဘူး။ 


http://burma.irrawaddy.org/archives/35396 မှာ ရှိတဲ့ ဧရာဝတီ သတင်းထဲက အချက်တချို့ကို ကိုးကား ရရင် -
ရွှေလီမှာ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ကြပေမယ့် အပစ်ရပ်ဖို့ စာချုပ် မချုပ်နိုင်ခဲ့ဘူးလို့ KIA က ပြောပါတယ်။

 “(အစိုးရ) တပ်ဘက်က ပြောတာက အပစ်ခတ်ရပ်ဆိုင်းတဲ့ စာချုပ်ကို ချုပ်ချင်တယ်။  ကျနော်တို့ဘက်က အပစ်အခတ် ရပ်ဆဲရေး စာချုပ်ချုပ်ဖို့အတွက် ပြင်ဆင်မှုတွေ လိုတယ်။ တချိန်ချိန်မှာတော့ ရောက်သွားမယ် ထင်ပါတယ်” လို့ KIA  ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က ဧရာဝတီကို ပြောပါတယ်။

အစိုးရဘက်ကတော့ အပစ်ရပ်ရေးကိစ္စ တိတိကျကျ ထုတ်မပြောသေးပါ။

KIA လှုပ်ရှားတဲ့နေရာမှာ မြန်မာ့တပ်မတော်က စစ်အင်အား ထပ်မံတိုးချဲ့တာ မရှိဘူးလို့ တိုင်းမှူးတယောက်က ဆိုပါတယ်။

“ကျနော်တို့ဘက်က စစ်အင်အား တိုးတယ်ဆိုတာ လောလောဆယ် မရှိသေးပါဘူး။ တပ်ဘက်က တစုံတရာ ပစ်ခတ်မှု မလုပ်သေးဘူး” လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်က ပြောပါတယ်။

အစိုးရကိုယ်စားလှယ်အဖွဲ့

  •  ဦးအောင်မင်း
  • ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး
  •  ဗိုလ်မှူးချုပ် အောင်စိုး (အရှေ့မြောက်တိုင်း တိုင်းမှူး)
  • ဗိုလ်မှူးချုပ် ထွန်းထွန်းနောင် (မြောက်ပိုင်းတိုင်း တိုင်းမှူး)
  • ဦးသန်းအောင် (ကချင်ပြည်နယ် လုံခြုံရေး/နယ်စပ်ရေးရာဝန်ကြီး)
  • ဗိုလ်မှူးကြီး ကျော်စိုးဝင်း (ကာကွယ်ရေးဝန်ကြီးဌာန စစ်ဦးစီးမှူး)

KIA/KIO ကိုယ်စားလှယ်အဖွဲ့
  • ဦးဆွမ်လွတ်ဂမ်
  • ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂန်မော်၊
  • ဗိုလ်မှူးကြီး ဇော်ရော (ဗဟိုအုပ်ချုပ်ရေးဌာန ဒုတိယ တာဝန်ခံ)
  • ဗိုလ်မှူးကြီး လဖိုင်လ
  • ဗိုလ်မှူးကြီး ခွန်နောင်






No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။