Friday, March 8, 2013

လေးလပတ် အစည်းအဝေး အပြီး တပ်မများ အရွှေ့အပြောင်း သတင်း


(စည်းလုံးခြင်းရဲ့အင်အား)

ကက (ကြည်း) လေးလပတ် စစ်ဆင်ရေးအစည်းအဝေးမှာ တပ်များ အရွေ့အပြောင်း လုပ်ဖို့ ညွှန်ကြားလာတဲ့သတင်းနဲ့ ပတ်သက်ပြီး စစ်ရုံးနဲ့ နီးစပ်သူများမှ စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်ကို အခုလို သတင်း ပေးပို့ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး  မင်းအောင် လှိုင်ဟာ ကချင်ပြည်နယ်မှာ KIA နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တပ်မများကို အပူတပြင်း ဆွဲသွင်း နေရကြောင်း ဤဝက်ဘ်ဆိုဒ်မှ တပ် ချုပ်ခေါင်းကိုက်နေရတဲ့ သတင်းလို့ ဒီနေရာမှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ မကြာမှီ ကာလကမှ ကင်တားနား ရောက်နေတဲ့အတွက် ရခိုင်ပြည် နယ်က  တပ်မများ ကိုလည်း ယခင်ကလို ဆွဲမထုတ်ရဲဘဲ အသင့်အနေ အထားသာ စောင့်နေခိုင်းရပါတယ်။ မမျှော်လင့်ဘဲ အိန္ဒိယ - မြန်မာနယ် စပ်ရှိ တမူးမြို့မှာလည်း ဗုံးကွဲပြန်ရာ နယ်စပ် လုံခြုံရေး ခြံစည်းရိုး ကျိုး ပေါက်မဲ့အနေအထားနဲ့ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။


ဒါကြောင့် တပ်ချုပ်အနေနဲ့ ကက (ကြည်း) အရံတပ်မ ဖြစ်ခဲ့ဖူးသော တပ်မ (၁၁) ကို ဝေးလံခေါင်းပါးတဲ့ ရုမ်းပြည်နယ် အရှေ့မြောက်ပိုင်းသို့ မကြုံစဖူး ဆွဲထုတ်ခိုင်းသွားတာ တွေ့ရှိရပါတယ်။ အရင်ကနဦးကတော့ တပ်မ (၁၁) တပ်မမှူးနဲ့နှစ်ဗျူဟာ ရှေ့တန်းသို့ ထွက်ခွါသွားပြီးမှ စစ်ဆင် ရေးလိုအပ်ချက်အရ နောက်ချန်တစ်ဗျူဟာကိုပါ ဆွဲသွင်း သွားတာ တွေ့ ရ ပါတယ်၊ တပ်မ (၁၁) တပ်မတစ်ခုလုံးကို ရုမ်းပြည်နယ် မြောက်ပိုင်း စကခ (၁၀) တပ်မနဲ့ လဲလှယ်ခိုင်းတာ တွေ့ရပါတယ်။ စကခ (၁၀) ဟာ ကလေးမြို့ အခြေစိုက်ဖြစ်ပြီး ပြန်လည်စုဖွဲ့ အနားယူရင်း အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ နယ်စပ် လုံခြုံရေးကို ထိန်းခိုင်းတာ ဖြစ်ပါတယ်။ အလား တူ ကရင်ပြည်နယ် ရှေ့တန်းမှာ တစ်နှစ်ကျော်ပြီ ဖြစ်တဲ့ တပ်မ (၇၇) ကို နားနေတဲ့တပ်မ (၂၂) နဲ့ ချိန်းဖို့ အမိန့်ပေး ထားပါတယ်။ လေးလပတ် အစည်းအဝေးမှာ ရှေ့တန်း တပ်များကို မိမိတို့ ခြေကုပ်ယူထားတဲ့ စခန်း များမှ ခြေဆန့်လက်ဆန့် အောင်မြေ ချဲ့ထွင်ထားဖို့ ညွန်ကြားထား ကြောင်း လည်း စစ်ဖက်နီးစပ်သူများထံမှ သတင်းရရှိပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။