Thursday, March 7, 2013

မြန်မာအစိုးရတပ်များ ကချင်ဒေသတွင်း စစ်ရေးလှုပ်ရှားမှု တိုးမြှင့်လုပ်ဆောင်နေ


(Kachinnet)

(၁) မြန်မာ အစိုး၇တပ် တပ်မ(၁၀၁) လက်အောက်ခံတပ်ဖွဲ့ အင်အား (၄၀၀)ခန့် သည် စစ်ကြောင်းနှစ်ဖွဲ့ခွဲကာ ကေအိုင်အေ တပ်ရင်း(၁၁) နယ်မြေ ဘက်တွင် စစ်ကြောင်းထိုးလှုပ်ရှားနေကြောင်းသိရသည်။

(၂) မြန်မာအစိုးရတပ် တပ်မ(၈၈) လက်အောက်ခံတပ်ဖွဲ့ များ အင်အား (၂၀၀)ကျော်ခန့် မတ်လ(၃)ရက်နေ့က ကေအိုင်အေ တပ်မဟာ(၅) တပ်ရင်း(၃)နယ်မြေ ၀ါးရှောင်ကျေးရွာတွင် ရောက်ရှိနေကြောင်း သိရသည်။

(၃) ရှမ်းပြည်အခြေစိုက် အစိုးရတပ် စခက (ရ)လက်အောက်ခံတပ်များ ကေအိုင်အေ တပ်မဟာ(၂) နယ်မြေ ဒွမ်ဘွမ် ၊ လွယ်လီယန် ကျေးရွာ ဘက်တွင် ကေအိုင်အေတပ်စခန်းများနှင့် နီးနီးကပ်ကပ် နေရာယူထား ကြောင်းသိရသည်။


(၄) မတ်လ(၄)ရက်နေ့ က ကေအိုင်အေ ဌာနချုပ် နယ်မြေဘက်သို့  မုံရွာ အခြေစိုက် တပ်မ(၃၃)လက်အောက်ခံ တပ်အင်အား(၂၀၀)ခန့်  ကန် တော် ယန်ကျေးရွာ ဘက်မှတဆင့် လိုင်ခရာယန် ကျေးရွာ ကိုဖြတ်ကာ အင်ပေါင်ကျေးရွာသို့ ရောက်ရှိနေရာယူထားကြောင်းသိရသည်။

အဆိုပါ တပ်မ(၃၃) မှ တပ်ဖွဲ့ ဝင် အင်အား (၁၃၀)ခန့် သည် ကေအိုင် အေ တပ်ရင်း(၁၀)နယ်မြေ ချီဖွေ-လောခေါင်ဒေသ သို့ ဝါးရှောင် ကားလမ်းပိုင်းမှ တဆင့် စစ်ကြောင်းထိုး တက်သွားကြောင်း သိရသည်။

(၅) မတ်လ(၄)ရက် နေ့ က ကေအိုင်အေ တပ်ရင်း(၁၀)နယ်မြေ ချီဖွေ-လောခေါင်ဒေသ လုပီကျေးရွာ သို့  မြန်မာ အစိုးရတပ် အင်အား (၁၀၀)ခန့် အား ရဟတ်ယာဉ်များဖြင့် ပို့ ဆောင် ထားကြောင်းသိရသည်။

(၆) မတ်လ(၅)ရက်နေ့ က ကေအိုင်အေ တပ်မဟာ(၃) တပ်ရင်း(၂ရ) နယ်မြေ ရွှေကူမြို့ နယ် လခွမ်းဘွမ် ၊ နားလုံဘွမ် သို့  မြန်မာအစိုးရတပ်မှ မြင်း ၊လား တင်ဆောင်ထားသော ကားကြီး (၅)စီး အပါအ၀င် လက် နက်ခဲယမ်း ရိက္ခာအပြည့်တင်ဆောင်ထားသော ကားကြီး(၂ရ)စီး ခန့် ဖြင့် အဆိုပါ ဒေသသို့ ပို့ ဆောင်ကာ အင်အား ဖြည့်တင်းထားကြောင်း သိရသည်။

ယခုအခါ မြန်မာအစိုးရတပ်များသည် ကေအိုင်အေ တပ်စခန်းများနှင့် နီးနီးကပ်ကပ် နေရာယူကာ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေပြီး လက် နက်ခဲယမ်း ရိက္ခာ စစ်အင်အား ဖြည့်တင်းကာ အသင့်အနေအထား နေရာယူ လှုပ်ရှားလျက် ရှိနေကြောင်း ထပ်မံသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။