Monday, March 11, 2013

တပ်မတော်စစ်တပ်မှ ပြည်သူတစ်ဦးအား ဖားကန့်တရားရုံးတွင်တရားစွဲဆို

(Jinghpawkasa)


ဖားကန့်ဗျူဟာကုန်းရှိ တပ်မတော်စစ်တပ်မှ (ကိုးတန်းကျောင်းသူ မဂျာ ဆိုင်းအိန်) ၏ဖခင်အားပုဒ်မ (၂၁၁) မတရား စွပ်စွဲမှု ဖြင့် ဖားကန့် တရားရုံး တွင်တရားစွဲ ဆိုလိုက်ကြောင်း မဂျာဆိုင်းအိန်၏ ဖခင်ပြောပြ ချက်အရ သိရှိရပါသည်။

မဂျာဆိုင်းအိန်အား ဖားကန့်ဗျူဟာကုန်းမှ စစ်သားများကျောင်းမှအပြန် တွင် ပစ်သတ်ခဲ့သည်နှင့် ပတ်သတ်၍ ဗျူဟာကုန်းတပ်အား မတရားစွပ်စွဲ သည်ဟု တရားစွဲခြင်းဖြစ်ကြောင်းကို
“ရုံးချိန်းခေါ်တဲ့စာအိမ်ကို ရောက် လာ တယ်။ တနင်္လင်္ာနေ့မှာ ဒုမြို့နယ်တရားသူကြီးဦးထွန်းနိုင်ရဲ့ ဆိုင်းနဲ့စာ ရောက်လာတယ်” ဟုမဂျာဆိုင်းအိန်၏ ဖခင်ကပြောသည်။ မဂျာဆိုင်းအိန် အား စက်တင်ဘာ (၁၃) ရက် ၂၀၁ ၂ခုနှစ်တွင် ဖားကန့်အထက်တန်း ကျောင်း မှ ပြန်လာသောအချိန်တွင် ဗုံးပေါက်ကွဲပြီး တပ်မတော်သား အချင်းချင်းမှားယွင်း ပစ်ခတ်မှုဖြစ်နေချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။
ထိုသေဆုံးမှုနှင့်ပတ်သတ်၍ ဖခင်ဦးဘရန်ရှောင်သည် မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင်အား တိုင်တန်းခြင်း၊ နိုင်ငံတော်သမ္မတအား စာပို့ခြင်း များပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် ဖခင်ဦးဘရန်ရှောင် သည် ဖားကန့်တရားရုံး တွင်တရားရင်ဆိုင်နေရကြောင်း သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။