(ရွှေဟင်္သာသတင်းဌာန)
ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်
မြို့နယ်ရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် တပ်ဖွဲ့ နာမည် မသိရသေးတဲ့ အစိုးရ
တပ်ဖွဲ့တို့ ယမာန်နေ့ ညနေပိုင်းတွင် ရင်ဆိုင် တိုက်ပွဲ တစ်ခု ဖြစ်ပွား ခဲ့သည်ဟု
KIA အရာရှိ တစ်ဦးက ဆိုပါသည်။
“ကျနော်တို့ ရှိတဲ့ လွယ်ခေါင် ဒေသကို
သူတို့ စစ်ကြောင်း (၃) ကြောင်း နဲ့ ဝင်လာတော့ ကျနော်တို့ တပ်ဖွဲ့နဲ့ ထိပ်တိုက်
တွေ့ ပြီး (၁) နာရီ ခန့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာပါ။ နှစ်ဖက်စလုံး
ထိခိုက် ဒဏ်ရာ ရတဲ့ သတင်းတော့ ကြားရပေမဲ့ အသေး စိပ်တော့ မရရှိသေးဘူး” ဟု ဆိုပါသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း
ကွပ်ခိုင်မြိ့နယ် ပန်ရှော်၊ မန်လွန်ကျေးရွာ တောင်ဘက်မှ ထိုးစစ်ဆင် လာသော အစိုးရ
စစ်ကြောင်း (၃) ကြောင်း သည်၊ လွယ်ဒေါင် ဒေသ နားတီး- မာန်ကန်ရွာတွင် စခန်းချ တပ်စွဲ
ထားသည့် KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉) တပ်ဖွဲ့ ဝင်များအား ယမာန်နေ့ မတ်လ
(၂၄) ရက်နေ့ ညနေ (၃) နာရီခွဲတွင် ထိုးစစ်ဆင် တိုက်ခိုက် ခဲ့သည်ဟု ဆိုပါသည်။
အစိုးရ တပ်ဖွဲ့များသည် ဤတိုက်ပွဲ
မဖြစ်ပွားခင် မတ်လ ၂၂ ရက်နေ့ ကတည်းက KIA တပ်မဟာ (၄) လက်အောက်ခံ ကွတ်ခိုင်မြို့နယ်
နမ့်လိတ်တောင်၌ တပ်စွဲ
ထားသည့် တပ်ရင်း (၈) အား ဆုတ်ခွာ ပေး ရန်
ရာဇသံ ပေးထား ခဲ့ပါသည်။
သို့သော် KIA သည် အစိုးရနှင့် စစ်ပြေ
ငြိမ်းရေး တွေ့ဆုံပွဲ သဘော တူညီထားချက် အရ နမ့်လိတ်တောင်၌ ဆက်လက် တပ်စွဲခွင့် ရှိသည်ဟု
အစိုးရအား အကြောင်းပြန်ကြား လိုက်ရာ မတ်လ (၂၂) ရက်နေ့ ညနေ ၅ နာရီ အချိန်တွင်
၎င်းစခန်းကို အစိုးရ တပ်ဖွဲ့က လာရောက် တိုက် ခိုက် ခဲ့ပါသည်။
KIA တပ်ဖွဲ့များသည် အစိုးရ တပ်များ၏
တောင်းဆိုမှုများ အနက် တချို့ ကို လိုက်လျှော ခဲ့ပါသည်။ ပြီးခဲ့သည့် မတ်လ ၁၉
ရက်နေ့က ဆိုလျှင် ပန်းကန်ဖက်ရှိ KIA တပ်စခန်းကို ဖယ်ရှား ပေးဖို့ အစိုးရ တပ်ဖွဲ့မှ
တောင်းဆို သဖြင့် ဖယ်ရှား ပေးခဲ့သည်ဟု ဆိုပါသည်။
KIA နှင့် အစိုးရ တို့သည် ပြီးခဲ့သည့်
ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် စစ်ပြေ ငြိမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီးနောက်
တိုက်ပွဲများ တဖြည်းဖြည်း အရှိန် လျှော့ကျ လာခဲ့ပါသည်။ ဤဆွေးနွေးပွဲပြီးနောက် KIA
သည် ခုခံစစ်မှ အပ ထိုးစစ် မဆင်ရန် ၄င်းတပ်များအား ညွှန်ကြား ခဲ့သည်ဟု KIA အရာရှိက
ဆိုပါသည်။
ဤအခြေအနေမှ မတ်လ (၁၁) ရက်နေ့တွင် KIO
နှင့် အစိုးရ တို့သည် တရုတ်နိုင်ငံ ရွှေလီမြို့တွင် စစ်ပြေ ငြိမ်းရေးအတွက် ဒုတိယ
အကြိမ် ထပ်မံ တွေ့ဆုံခဲ့ပြီး သဘော တူညီချက် (၅) ချက် ရရှိခဲ့သည်။ ဤသဘော
တူညီချက်များ ထဲမှ နှစ်ဖက် အောက်ခြေ တပ်များအထိ အပစ်ရပ် အမိန့်များ ညွှန်ကြား
သွားရန် အချက်လည်း ပါရှိသည်။
ဤညွှန်ကြားချက်မှ ခိုင်မာသော အပစ်အခတ်
ရပ်စဲရေး သဘော တူညီချက် ရသည် အထိ ဆက်လက် ဆောင်ရွက် သွားရန် သဘော တူထား
သော်လည်း မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဆိုပါသည်။
KIA နှင့် အစိုးရ တပ်များသည် မတ်လ
(၁၁) ရက်နေ့ စစ်ပြေငြိမ်းရေး ဆွေးနွေးပွဲ ပြီးသည့် နောက်ပိုင်း အခြား တပ်မဟာများ၌ တိုက်ပွဲများ
အရှိန် လျှော့ကျ လာသော်လည်း ရှမ်းပြည် မြောက်ပိုင်းရှိ KIA တပ်မ ဟာ (၄)တွင်မူ
တိုက်ပွဲ များ ဆက်လက် ဖြစ်ပွား နေခဲ့ပါသည်။
ဤတိုက်ပွဲများ ဖြစ်ပွားနေသည့်
ရှမ်းပြည် မြောက်ပိုင်း KIA တပ်မဟာ (၄) ဧရိယာသည် တရုတ်ရေနံ ပိုက်လိုင်းများ
ဖြတ်သန်းရာ ဒေသ ဖြစ် သဖြင့် အစိုးရသည် လုံခြုံရေး အရ အရေးကြီး တောင်ကုန်း များကို
နေ ရာ ယူရန် ဖြစ်သည်ဟု စစ်ရေး အကဲခတ် များက ဆိုပါသည်။ ဤသို့ ကြောင့် KIA တပ်မဟာ
(၄) ဧရိယာရှိ KIA နှင့် ပလောင် တပ်များအား အစိုးရ ဖက်မှ ရာဇသံပေး
တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဆိုပါသည်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။