Tuesday, March 12, 2013

ဗမာစစ်တပ်မှ ကေအိုင်အေ စခန်းများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်

(Jinghpawkasa)


ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ ဖြစ်သော မြစ်ကြီးနား - လိုင်ဇာလမ်း လဂျားယန် မဆဲန့်ဘွမ်တွင် တပ်စွဲထားသော ဗမာစစ်တပ် ခလရ (၂၂၃) မှ မတ်လ (၁၀) ရက်နေ့ မနက် (၁၂း၃၀) နာရီခန့်တွင် ကေအိုင်အေရှေ့တန်း စခန်းဖြစ်သော ခဘွမ်ပိုစ့်သို့ (၆၀မမ) လက်နက်ကြီးဖြင့် (၂) ကြိမ်ပစ်ခတ်ခဲ့ပြီး၊ ယိခူးပိုစ့် သို့လည်း (၄) ကြိမ် ပစ်ခတ်ခဲ့ယုံသာကမ၊ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဗမာစစ်တပ်များသည် ကေအိုင်အိုအစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အတွက်ပြင်ဆင်နေချိန်တွင် ယခုကဲ့သို့ ကေအိုင်အေ တပ်စခန်းများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ကေအိုင်အေ ထိမ်းချုပ်နယ်မြေများသို့ လက်နက်၊ ရိက္ခာနှင့် စစ်အင်းအားများ ပို့ဆောင်ခြင်းများကို အဆက် မပြတ် လုပ်ဆောင်နေခြင်းသည် ငြိမ်းချမ်းရေးကို ပိုမိုအလှမ်းဝေးစေ ကြောင်း ဒေသခံပြည်သူများမှ စိုးရိမ်လျက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။