Monday, February 4, 2013

ရှမ်းပြည်မြောက်ပိုင်း KIO တပ်များ ရှိရာနယ်မြေသို့ အစိုးရတပ်များ အင်အားတိုးချ


February 4, 2013 (ကချင်သတင်းဌာန)

ရှမ်းပြည်နယ်ေ မြာက်ပိုင်း ကချင်လွပ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေတွင် ယခုချိန် ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်မှုများ မရှိသေး သော်လည်း အစိုးရစစ်တပ်ဖက်မှ စစ်အင်အားများ တိုးချဲ့နေကြောင်း အရာရှိများ ပြောသည်။

ယမန်နေ့တွင် အစိုးရ ခြေလျင်တပ် ခရလ (၁၃၆)မှ အင်အား ၁၀၀ ကျော် ဖြင့် မုန်ဂျီ (Mung Ji) ကျေးရွာသို့ ညနေ ၄ နာရီ ချိန်ခန့်တွင် ရောက်ရှိ လာ ခြင်း ဖြစ်ကြောင်း တပ်မဟာ(၄) အရာရှိ ကချင်သတင်းဌာန KNG သို့ပြောသည်။ အင်အားတိုးချဲ့လာသော အစိုးရတပ်သည် လားရှိုးဖက်မှ တိုးချဲ့လာခြင်း ဖြစ်ပြီး ယမန်နေ့ ကွတ်ခိုင်မှ တပ်မဟာ(၄) နယ်မြေသို့ ကား ၄ စင်းဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။


ယမန်နေ့ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်ရင်း (၂) နယ်မြေ မုန်ဂျီ-မုန်းပေါ် (Mung Paw) တွင် KIA လက်အောက် MHH ပြည်သူ့စစ် တပ်ခွဲ (၅)နှင့် အင်အား ၈၀ ခန့်ရှိသော အစိုးရ စစ်တပ်ကြား မိနစ်၂၀ ခန့် တိုက်ပွဲ ဖြစ်ပွားပြီးနောက် အဆိုပါ တပ်များထံမံ တိုးချဲ့လာခြင်း ဖြစ် ကြောင်း သိရသည်။

တဖက်မှာလည်း ယခုချိန်တွင် အစိုးရနှင့် KIA ကြား တွေ့ဆုံ ဆွေးနွေး မှုပြုလုပ်နေသည့် အချိန်အတွင်း ပစ်ခတ်တိုက်ခိုက်ခြင်းများ မလုပ်ရန် KIA မှ ရှေ့တန်းကို ညွှန်ကြားထားကြောင်း သိရသည်။

အစိုးရတပ်မှ ယနေ့ တိုက်ခိုက်လာခြင်း မရှိသေးသော်လည်း MHH တပ်ခွဲ (၅)နှင့် အနီးဆုံးနေရာတွင် အင်အား ၂၀၀ ကျော် တိုးချထားသောကြောင့် ဆက်လက်၍ တင်းမာ လာနိုင်ကြောင်း KIA အရာရှိ ပြောသည်။

“ပစ်ခတ်မှုကဖြစ်လာ မှာဘဲလေ။ သူတို့ဘက်က မပစ်တော့ဘူးဆိုရင် ဒီလို စစ်အင် အားတွေဖြည့်လာ မှာမဟုတ်ဘူးလေ။ တပ်တွေ အားလုံး ရုပ်သိမ်းသွားမှာလေ အခုက အင်အားက ဖြည့်နေတယ်ဆိုတော့ တိုက်ပွဲ တွေ ဖြစ်လာမှာဘဲလို့ထင်တယ်။” ဟု MHH မှ စစ်ဗိုလ်တစ်ဦး ကချင် သတင်း ဌာန KNG သို့ ပြောသည်။

ယခုချိန် ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ (၄) နယ်မြေတွင် အစိုးရ တပ် ပေါင်းစုသည် စစ်အင်အား ၁၀၀၀ ကျော် ထိုးစစ်ဆင်ရေး လှုပ်ရှားနေ ကြောင်း အရာရှိများ ပြောသည်။ ဗန်းမော် - လွယ်ဂျယ်လမ်းတွင်လည်း အစိုးရတပ်မှ စစ်အင်အား ၁၀၀၀ ကျော်ရှိ နေကြောင်း လွယ်ဂျေ ဒေသခံ များပြောသည်။

အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ KIA သည် ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည် ဖော်နိုင်ရန် ပဋိပက္ခ ဖြစ်ပွားသော နေရာများကို လေ့လာစောင့်ကြည့် စီစစ်ရေး စံနစ်ပေါ် ပေါက် ရန် ဆက်လက် ဆွေးနွေးဆောင်ရွက်ရန် ယနေ့ သဘောတူညီ ခဲ့ခြင်း ဖြစ်သော်လည်း တဖက်တွင် အစိုးရတပ်မှ စစ်အင်အား ဆက် လက်တိုးချ၍ စစ်ရေးလုပ်ရှားနေခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။