Tuesday, February 5, 2013

KIA နှင့်အစိုးရ ဆွေးနွေးပွဲ အခြားသောတိုင်းရင်းသား အပစ်ရပ်ခေါင်းဆောင်များ ပါဝင်


Monday, February 04, 2013 Posted by သျှမ်းသံတော်ဆင့် 

ယနေ့ ကေအိုင်အေ နှင့် အစိုးရကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့ (သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ တဘက်ခြမ်း) ကျင်းချိန့်ဟော်တယ်၌ တွေ့ဆုံရာ  ကရင်၊ သျှမ်းအပစ်ရပ် ခေါင်းဆောင်များ ပါဝင်ကြောင်း ကြား သိရပါသည်။
ယနေ့ ဖေဖေါ်ဝါရီ ၄ ရက် ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ် လပ် ရေး တပ်မတော် KIO/KIA ကိုယ်စား လှယ်များဖြစ်သည့် ဗဟိုဦးဆောင် ကော်မတီဝင် ဦးဆွမ်လွတ်ဂမ် နှင့် ဒုစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော် တို့ ဦးဆောင် သည့်အဖွဲ့၊ မြန်မာအစိုးရဘက်မှာမူ သမ္မတရုံးဝန်ကြီး ငြိမ်းချမ်း ရေးဖေါ်ဆောင်ရေးကော်မတီ ဒု ဉက္ကဌ ဦးအောင်မင်း ဦးဆောင်သည့် မွေးမြူရေးဝန်ကြီးဦးအုန်းမြင့်၊ အကျိုးတော်ဆောင် Myanmar Peace Center မှ ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်တို့ အပါအဝင် ၈ ဦး တက်ရောက်သည်ဟု ဆိုသည်။

“ကေအဲန်ယူ က ဗိုလ်ချုပ်မူတူးဆေးဖိုးပါတယ်။ သျှမ်း RCSS/SSA က တော့ ဗိုလ်မှူးချုပ်စိုင်းလူးပါတယ်” - ဟု နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြော ပါသည်။


ထူးခြားစွာ ပါဝင်လာသည့် တိုင်းရင်းသားခေါင်းဆောင်များမှာ ကေအဲန်ယူ ဉက္ကဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး နှင့် ၎င်း၏ PSO ၊ KNU အထွေထွေ အတွင်း ရေးမှူး ပဒိုစောကွယ်ထူးဝင်း၊ ယူရိုဘားမားရုံးက စဝ်ဟန်ယောင် ဟွေ့ နှင့် ဗစ်ခ်ထာ ဘိုက်လီယန်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီမှ ဗိုလ်မှူးချုပ် စိုင်းလူး နှင့် ၎င်း၏ PSO တို့လည်း တက်ရောက် သည်ဟု ဆိုသည်။

ယခုဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုစစ်ဦး စီးချုပ် နှင့် နိုင်ငံတော်အဆင့် ဒုဝန်ကြီး များပါတက်ရောက်သောကြောင့် မီဒီယာသမားများ မွန်းလွဲပိုင်းအထိ ဝင်ခွင့်မရသေး ကြောင်း   ကြားသိရ ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။