Wednesday, February 6, 2013

မြစ်ကြီးဧရာ ထိန်းသိမ်းရေးကော်မရှင် ဖွဲ့စည်းဖို့ လွှတ်တော်မှာ အတည်ပြု


2013-02-05 (RFA)
ဧရာဝတီမြစ်ကြီးကို ပြန်လည် ထိန်းသိမ်းဖို့အတွက် ဖေဖော်ဝါရီလ ၅ ရက် ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ဧရာဝတီမြစ်ကော်မရှင်ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက် ကြပါတယ်။


မြစ်ဆုံရေကာတာ တည်ဆောက်မည့်နေရာ အောက်ဖက်တွင် ဧရာဝတီမြစ်ကို တွေ့ရပုံဖြစ်ပါသည်၊ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ဒေသခံပြည်သူ အမြောက်အမြား ဒုက္ခရောက် ရမည့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမည့်အရေး အတွက် မြန်မာအစိုးရကို ကန့်ကွက်ပြောဆိုနေကြပါသည်။


အမျိုးသားမြစ်ကြီး ထာဝရရှင်သန်ဖို့ ဧရာဝတီမြစ် ကော်မရှင်ဖွဲ့စည်းရေးဆိုတဲ့ အဆိုတစ်ခုကို မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့် က တင်းသွင်းခဲ့ရာမှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အများစုက ထောက်ခံခဲ့တဲ့အတွက် ဧရာဝတီမြစ်ကော်မရှင် ဖွဲ့စည်းသွားဖို့ လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့် က ကြေညာခဲ့ပြီး အတည်ပြုဆုံးဖြတ်ခဲ့တာပါ။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၁ က ကိုယ်စားလှယ် ဦးအောင်ချစ်လွင် ကလည်း ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်မှာရှိတဲ့ ကျောက်တွင်းကုမ္ပဏီ၊ ရွှေမျှောလုပ်ငန်းတွေကြောင့် မြစ်အတွင်းသဲသောင်ထွန်းမှုတွေ များလာနေတာကို  ဆွေးနွေးခဲ့ပါတယ်။

အဲဒီအဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက ဝင်ရောက်ဆွေးနွေးခဲ့ကြပါတယ်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။