Wednesday, February 20, 2013

ဖားကန့်က စစ်ပြေးဒုက္ခသည်တွေအတွက် ကုလအကူအညီ စတင်ရောက်ရှိ


2013-02-19 (RFA)
မြန်မာအစိုးရ စစ်တပ်နဲ့ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (ကေအိုင်အေ) တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ဒုက္ခသည် တွေအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီ ပေးရေး အဖွဲ့အစည်းတွေ စုပေါင်းပြီး ပေးပို့တဲ့အကူအညီတွေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဖားကန့်မြို့က ဒုက္ခသည်စခန်းတွေကို စတင် ရောက်ရှိလာပါတယ်။

ကုလသမဂ္ဂနဲ့ အဖွဲ့အစည်းတွေက ဖားကန့် ကျောက်စိမ်းတွင်း ဒေသ ဖက်မှာရှိတဲ့ လုံးခင်း၊ မှော်စီစာ၊ ဆိပ်မူ(ဆိုင်းတောင်) စတဲ့ ကယ်ဆယ် ရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် ပြည်သူတွေအတွက် ပေးအပ်လှူဒါန်းတာဖြစ်ပါတယ်။


အရေးပေါ်ပစ္စည်း၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်နဲ့ လူသုံးကုန် ပစ္စည်း စုစုပေါင်း တန်ချိန် ၉ဝ ကျော်ကို သယ်ဆောင်ပြီး လှူဒါန်းတာဖြစ် တယ်လို့ UNDP ရုံးရဲ့ ပြန်ကြားရေးအရာရှိ ဦးအေးဝင်းက RFA ကို ပြော ပါ တယ်။

အစိုးရတပ်တွေနဲ့ ကေအိုင်အေတပ်တွေရဲ့ တစ်နှစ်ကျော်ကြာ စစ်ရေး ပဋိပက္ခ ကာလအတွင်း ကချင်ပြည်နယ်ထဲမှာ စစ်ဘေးရှောင်ပြည်သူ အနည်း ဆုံး တစ်သိန်းဝန်းကျင်ရှိတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်း ဆောင် ရွက်နေသူတွေက ပြောပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။