Sunday, February 3, 2013

ကချင်ပြည်စစ်ပွဲနှင့် ပေးရမည့် အဖိုးအခ


(Democratic Voice of Burma)
ဇန်န၀ါရီလ ၁၉ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က အပစ်အခတ်ရပ်စဲရေး ကြေငြာပြီး နာရီပိုင်းအတွင်းမှာပဲ တပ်မတော်ဟာ ကေအိုင်အေကို ထိုးစစ် ဆင်ပါတယ်။ နောက်ရက်တွေမှာ ရာနဲ့ချီတဲ့ အစိုးရတပ်တွေက လိုင်ဇာမြို့ နဲ့ သုံးမိုင်လောက်အကွာမှာ ရှိတဲ့ ကေအိုင်အေ (ကချင်လွတ် လပ်ရေးတပ်မတော်) ဌာနချုပ်ကို ချီတက်တိုက်ခိုက်ပါတယ်။ ကေအိုင် အေ တပ်သားတွေကလည်း ရှိသလောက် လက်နက်တွေနဲ့ ပြန်ခုခံပါ တယ်။

ရက်အတန်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ဇန်န၀ါရီ ၂၆ ရက်နေ့မှာတော့ အစိုးရ တပ်က လိုင်ဇာတ၀ိုက်က တောင်ကုန်းတွေအားလုံးကို သိမ်း ထားလိုက်ပါပြီ။ အခုတော့ လိုင်ဇာမြို့ရဲ့ အခြေအနေက မြန်မာစစ်တပ်က နောက်ထပ် ဘာလုပ်ဦးမလဲဆိုတာကို စိုးတထိတ်ထိတ်နဲ့ စောင့်ကြည့် နေရတဲ့ အနေအထားမျိုးပါ။


ကေအိုင်အေနဲ့ အစိုးရတို့ကြားမှာ ၁၇ နှစ်ကြာအောင် အပစ်အခတ် ရပ်စဲ ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။ အကယ် ကေအိုင်အေရဲ့လိုင်ဇာဌာနချုပ်သာ ကျသွားခဲ့ရင် သွေးထွက်သံယို သမိုင်းမှာ အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်ပါတယ်။

အစိုးရကတော့ ကေအိုင်အေကို ထိုးစစ်ဆင်နေတာ မဟုတ်ဘူး၊ မိမိ ကိုယ်ကို ကာကွယ်တဲ့ စစ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် နှစ်ပေါင်း ၅၀ လောက် ကေအိုင်အေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အစိုးရတပ်က သိမ်းယူထားလိုက်ပါပြီ။

ဇန်န၀ါရီ ၁၉ ရက်နေ့မှာ သမ္မတက အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပေ မယ့် တပ်မတော်က မလိုက်နာတာကို ထောက်ပြီး လိုင်ဇာကို မချေမှုန်းပါ ဘူးလို့ စစ်တပ်က ကတိပေးထားပေမယ့် ဒါကို ယုံတဲ့ ကချင်တွေက မရှိ သလောက်ရှားပါတယ်။

သမ္မတအနေနဲ့ကတော့ သူ့စစ်တပ်ကို ထိန်းထိန်းသိမ်းသိမ်း လုပ်ခိုင်းနိုင် တဲ့ အကြောင်းတွေ ရှိပါတယ်။ အခုနောက်ဆုံး ထိုးစစ်တွေကြောင့် တရုတ် နယ်စပ်ဘက်ကို ဒုက္ခသည်တွေ ထောင်ပေါင်းနဲ့ ချီပြီး ထွက်ပြေး ကြရင် မြန်မာအစိုးရအတွက် စီးပွားရေးနဲ့ သံတမန်အရ အဓိက မဟာ မိတ်ဖြစ်တဲ့ တရုတ်အတွက် စိတ်ငြိုငြင်စရာ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်က အစိုးရ ထိုးစစ်ကို ရပ်ဖို့ မေတ္တာရပ်ခံနေတဲ့ အမေရိကန်ပြည်ထောင်စုလိုမျိုး နိုင်ငံတွေကို ပြောင်ပြောင်တင်းတင်း အာခံရာလည်း ရောက်သွားနိုင်ပါတယ်။ ဒီနိုင်ငံတွေဟာ လွန်ခဲ့တဲ့ နှစ်နှစ် အတွင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို စိတ် အားထက်သန်စွာ ထောက်ခံခဲ့ကြတဲ့ နိုင်ငံတွေပါပဲ။ 
တိုက်ခိုက်သတ်ဖြတ် မှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် ဒီနိုင်ငံတွေကလည်း သမ္မတ ဦးသိန်းစိန် အစိုးရကို (နာမည်ခံချင်နေတဲ့) ဒီမိုကရေစီ အစိုးရသစ်အနေနဲ့ ဒီနိုင်ငံ တွေက သတ်မှတ်ကြတော့မှာ မဟုတ်ပါဘူး။


ဒီနေရာမှာ မြန်မာအစိုးရနဲ့ စစ်တပ်ဘက်က ဒီလိုလည်း တွက်နိုင်ပါ တယ်။ 
အနောက်နိုင်ငံတွေဟာ မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံရေး၊ စီးပွားရေးအရ အမြောက်အမြား ရင်းနှီးမြှုပ်နှံထားကြတယ်။ ဒါကြောင့် တိုင်းရင်းသားအုပ်စုတစ်စုနဲ့ စစ်ဖြစ်နေတာလောက်နဲ့ ဒီနိုင်ငံတွေရဲ့ ချဉ်းကပ်မှု လမ်းကြောင်းသစ်က လမ်းကြောင်း မပြောင်း နိုင်ဘူးလို့ တွက်နိုင်ပါတယ်။

လက်ရှိဖြစ်နေပုံကလည်း ဒီလိုသဘောမျိုး ဆောင်နေပါတယ်။ 
ဒီတပတ် ထဲမှာပဲ ဂျပန်အကူအညီနဲ့ ကမ္ဘာ့ဘဏ်ကို ကြွေးဟောင်းတွေ ဆပ်လိုက် နိုင်ပြီး နောက်ထပ် ကြွေးသစ်အဖြစ်နဲ့ အမေရိကန် ဒေါ်လာ သန်း ၄၄၀ ရလိုက်ပါတယ်။ အာရှ ဖွံ့ဖြိုးရေးဘဏ်ကနေလည်း အလားတူ ချေးငွေ အမေရိကန်ဒေါ်လာ ၅၁၂ သန်း ပြန်ထုတ်ပေးလိုက်ပါတယ်။ “Paris Club” ကလည်း မြန်မာပြည်ကနေ ရစရာ ရှိတဲ့ အကြွေးတွေထဲက နောက်ထပ် သန်း ၆ ထောင်ကို လျော်ပေးတဲ့အကြောင်း ဇန်န၀ါရီလ ၂၅ ရက်နေ့က ကြေညာပါတယ်။

ဒါကတော့ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွတ်ပေးတာနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် ပေးတဲ့ ဆုလာဘ်တွေပါပဲ။ နောက်ထပ်အပြောင်းအလဲတွေ လုပ်ဖို့ မျှော်လင့် ချက်လည်း ပါဝင်ပါတယ်။

ဒါပေမယ့် ဗမာတွေ အများစု နေထိုင်နေတဲ့ မြို့ပြက နိုင်ငံရေး တိုးတက်မှု အခြေအနေနဲ့ သွေးထွက်ယို ပြည်တွင်းစစ်ထဲက ကချင်ပြည်နယ်က အခြေအနေက နှိုင်းယှဉ်လို့ မရအောင် ကွာဟလာပါတယ်။ တခြား တိုင်းရင်းသားတွေ နေထိုင်တဲ့ တောင်ပေါ်ဒေသတွေမှလည်း မဖြေရှင်း နိုင်သေးတဲ့ ပြသနာတွေနဲ့ လုံးချာလိုက်နေတုန်းပါပဲ။
ကေအိုင်အေ၊ ကရင်၊ ရှမ်းနဲ့ တခြား တိုင်းရင်းသား အုပ်စုတွေရဲ့ ကာလ ရှည်ကြာ တိုက်ပွဲ ရည်မှန်းချက်ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပါပဲ။ ဗြိတိသျှဆီကနေ လွတ်လပ်ရေးမရခင် ချုပ်ဆိုခဲ့တဲ့ ၁၉၄၇ ပင်လုံ စာချုပ် မှာ ဗိုလ်ချုပ်အောင်ဆန်းက လူနည်းစုတွေကို ဖက်ဒရယ် ပြည်ထောင်စု စနစ်နဲ့ အုပ်ချုပ်ခွင့်ကို ပေးထားတယ်လို့ တိုင်းရင်းသားတွေက ဆိုကြ ပါတယ်။ ဒီနေ့မှာလည်း ပင်လုံကတိကို တည်ဖို့ကိုပဲ ကေအိုင်အေ ဘက်က တောင်းဆိုနေတာပါ။ ဒါပေမယ့် အခြေအနေကတော့ လက်တွေ့မှာ ဖြစ်လာနိုင်ခြေ နည်းလွန်းပါတယ်။

အကယ် အစိုးရတပ်က ပေးထားတဲ့ ကတိအတိုင်း ကေအိုင်အေ ဌာနချုပ် လိုင်ဇာကို မသိမ်းဘူးဆိုရင်တောင် ကေအိုင်အေက ပတ်ခြာ လည်က အ၀ိုင်းခံထားရတဲ့ အထီးကျန်အခြေအနေမှာ ငွေဝင်ပေါက် တွေဖြစ်တဲ့ သစ်နဲ့ ကျောက်စိမ်း ကုန်သွယ်ရေးလည်း ခန်းခြောက် သွားနိုင်ပါတယ်။ ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲက စစ်ရှောင် ဒုက္ခ သည် ထောင်ပေါင်းများစွာလည်း ဒုက္ခရောက်သွားနိုင်ပါတယ်။ အငြိုး ကြီးတတ်တဲ့ အစိုးရစစ်တပ်က လိုင်ဇာဌာနချုပ်ကို သိမ်းလိုက်ရင် တော့ ဒုက္ခသည်တွေအတွက် ဒီထက်မက အခြေအနေတွေ ပိုဆိုးသွားနိုင်ပါ တယ်။

ကချင်ခေါင်းဆောင်တွေက အစိုးရဘက်က ချမှတ်တဲ့ ဘောင်ထဲကနေ ငြိမ်းချမ်းရေးဆွေးနွေးဖွယ်မရှိဘူးလို့ အစိုးရတပ်ဘက်က ယုံကြည် နေနိုင်ပါတယ်။ ကေအိုင်အေကလည်း အပစ်ရပ်ရေး ဆွေးနွေးဖို့ကို စိတ် မ၀င်စားဘူးလို့ ဆိုနေပါတယ်။ ကေအိုင်အေပြောခွင့်ရသူ ဦးလနန်က လွန်ခဲ့တဲ့ ၁၇ နှစ်လုံးလုံး အပစ်ရပ်ပြီး အချိန်တွေ ကုန်ခဲ့တယ်။ နိုင်ငံရေး ဆွေးနွေးပွဲ ပေါ်ပေါက်လာဖို့ စောင့်ခဲ့ပေမယ့် တစ်ခါမှ ဖြစ်မလာခဲ့ဘူး လို့ ပြောပါတယ်။

အကယ် လိုင်ဇာကျသွားခဲ့ရင်ရောလို့ မေးတော့ ဦးလနန်က မယုံကြည် သလို ပခုံးတွန့်ပြရင်း အရင်က စစ်ဗျူဟာတွေကို ပြန်သုံးရမှာပေါ့လို့ ပြောပါတယ်။ ပြောက်ကျားစနစ်ကို ပြန်ဆင်နွဲမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

ဒီအတွက် အစိုးရစစ်တပ်အတွက် စိတ်အနှောင့်အယှက်ဖြစ်မယ့်ပုံ မရပါဘူး။ လက်ရှိ တိုက်ပွဲတွေကြောင့် မူမမှန်တဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးမှာ အခွင့်ထူးရထားတဲ့ အနေအထားကို ဆက်ပြီး ကိုင်စွဲထား နိုင်ပါတယ်။ ဖွဲ့စည်းပုံအရ စစ်တပ်က ရွေးကောက်ပွဲ ၀င်စရာမလိုပဲ လွှတ်တော်ရဲ့ လေးပုံတစ်ပုံကို ယူထားပါတယ်။ ဒီကိစ္စဟာ နိုင်ငံရေး အပြောင်းအလဲအတွက် ဆူးငြောင့် ခလုတ်လည်း ဖြစ်ပါတယ်။

တွင်းထွက်သယံဇာတတွေ အများစုရှိတဲ့ြ့မန်မာပြည်မြောက်ပိုင်းက မငြိမ်သက်မှုတွေဟာ မြန်မာ့စီးပွားရေးတိုးတက်မှုတွေ အပေါ်မှာလည်း ထိခိုက်သွားနိုင်ပါတယ်။ ဒီရှုထောင့်ကနေကြည့်ရင် နယ်စပ်ဒေသက တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ ပဋိပက္ခဟာ မြန်မာပြည်တစ်ခုလုံးရဲ့ ကံကြမ္မာကို ထိခိုက်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်ပါတယ်။

ရည်ညွှန်း - Talking peace, waging war (The Economist)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။