Monday, February 11, 2013

ငြိမ်းချမ်းရေး လမ်းလျှောက်သူတစ်ချို့ ပင်ပန်းမှုဒဏ် ခံစားနေရ


2013-02-10 (RFA)
ကချင်ပြည်နယ်၊ လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေး လမ်းလျှောက်သူ တွေ ဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ဒီကနေ့ဆိုရင် မန္တလေးတိုင်း၊ ပလိပ်မြို့ ကို ရောက်ရှိနေပြီး လမ်းလျှောက်သူတွေထဲက သံဃာတော်တချို့နဲ့ လူပုဂ္ဂိုလ် တချို့ဟာ ပင်ပန်းမှု ဒဏ်ခံစားနေရပါတယ်။ 

ရန်ကုန်က စတင်ထွက်ခွာခဲ့တဲ့ အဖွဲ့ဟာ အခုဆိုရင် ရက်သတ္တပတ်၃ ပတ်မြောက် ရှိလာပြီဖြစ်ပြီး လမ်းခရီး ပင်ပန်းလွန်းတဲ့အတွက် သံဃာ တော် (၁) ပါးဟာ ခြေထောက်အရိုး ထိခိုက်ထားပြီး နောက်ထပ် သံဃာ တော် (၂) ပါးကတော့ ခြေထောက်တွေ ယောင်ယမ်းလာတာကြောင့် သီတင်းသုံးရာ စစ်ကိုင်းကို ပြန်လည်ကြွသွားပြီလို့သိရပါတယ်။


လမ်းလျှောက်သူတစ်ဦးကတော့ နှာခေါင်းသွေး လျှံတာမျိုးတွေရှိ တယ်လို့ ဆိုပါတယ်။

ခရီးရှည်တာကြောင့် ပင်ပန်းနေကြပြီး လမ်းလျှောက်သူတစ်ချို့ ကျန်း မာရေး ထိခိုက်လာတဲ့ အခြေအနေကို ငြိမ်းချမ်းရေးလမ်းလျှောက်သူ တစ်ဦးဖြစ်တဲ့ ကိုစည်သူက RFA ကို အခုလို ပြောပါတယ်။

" လမ်းလျှောက်တာမိုင်တွေများတဲ့အတွက် သံဃာတော် (၂) ပါးက ခြေထောက်တွေ ရောင်နေတယ်၊ ကူမဲကနေ သီတင်သုံးတဲ့ စစ်ကိုင်းကို ပြန်သွားပြီ၊ ကျွန်တော်တို့ကို ဒေသခံတွေ စီစဉ်ပေးထားတာတော့ ရောက် တဲ့ နေရာတိုင်းမှာ ဒေသဆိုင်ရာ ဆရာဝန်တွေက ညတိုင်း ညတိုင်း လာပြီး စစ်ဆေးပေးတယ်"

ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေဟာ အခုဆိုရင် အင်အား (၅၀) ကျော် ရှိလာပြီး လိုင်ဇာမြို့ကို နောက်ထပ် (၁)လခန့်မှ ရောက်ရှိမှာ ဖြစ်တယ် လို့ ပြောပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။