Sunday, January 13, 2013

The Voice Weekly မှာ ဖေါ်ပြတဲ့ ကေအိုင်အေ အလင်းဝင် သတင်း


Duwa Kachin

 The Voice Weekly မှာ ဖေါ်ပြတဲ့ ကေအိုင်အေ အလင်းဝင် သတင်းနဲ့ ပတ်သက်ပြီး ကေအိုင်အေ စစ်ရုံးချုပ်က အရာရှိ တစ်ယောက်ကို ဖုန်းဆက်မေးဖြစ်တယ်။

 ဒူဝါ။ ။ ယေက္ဖ သတင်းတခု အကြောင်း မေးချင်လို့ပါ။ (ကချင်လို Hkau ဆိုတာ တိုက်ရိုက် အဓိပ္ပါယ် ပြန်ရင်တော့ ယောက္ဖ ဒါပေမယ့် ဗမာတွေ တွေးသလို ရိုင်းတဲ့ သဘော မဟုတ်ဘူး။ မသိသေးသူ အချင်းချင်းကြား ယဉ်ကျေးတဲ့ အခေါ်အဝေါ် ဖြစ်တယ်။).

. အရာရှိ။ ။ မေးပါ၊ ရပါတယ်။

 ဒူဝါ။ ။ စစ်သား တချို့ အလင်းဝင် လာတယ် လို့ သတင်းပြန့်နေပါတယ်။ မှန်ပါသလား။?

 အရာရှိ။ ။ ဟုတ်ကဲ့ မှန်ပါတယ်။

 ဒူဝါ။ ။ ဘယ် တပ်ရင်းကလဲ?

အရာရှိ။ ။ တပ်ရင်းတော့ အတိအကျ မသိဘူး။ တပ်ရင်း ပေါင်းစုံက ထင်တယ်။ တစ်ယောက်စ၊ နှစ်ယောက်စ ပါ။ တစ်ချို့က ဖမ်းထားတာပါ။ အားလုံး (၃၀) လောက်ရှိမယ်။

ဒူဝါ။ ။ အော်.... ဟုတ်လား... ဘယ် တပ်မဟာ ကလဲ....

 အရာရှိ။ ။ တပ်မ ၈၈ က ပိုများပါတယ်။

ဒူဝါ။ ။ မဟုတ်ဘူး... ကနော်မေးတာ ကေအိုင်အေ ဘယ်တပ်မဟာ ကလူတွေ အလင်းဝင်သွားတာလဲ လို့ မေးတာပါ။

 အရာရှိ။ ။ အော်... ကျနော်တို့ ဖက်က စစ်သားတွေ ဟိုဖက် ၀င်သွားတာကို မေးတာလား...

 ဒူဝါ။ ။ ဟုတ်ကဲ့ပါ... အခု မေးနေတာ ဗမာ စစ်တပ်ဖက် ၀င်သွားတာကို မေးနေတာ...

 အရာရှိ။ ။ အော်... အဲဒါတော့ မကြားမိဘူး ဗျ။.... ခင်များမေးတာက အလင်းဝင်လာတယ် ဆိုလို့ ကျနော်တို့ဖက် ၀င်လာတဲ့ စစ်သားတွေကို မေးတယ် ထင်လို့။ sorry နော်....


The Voice Weekly တွင်ရေးသားဖော်ပြချက်
KIA တပ်ခွဲ တစ်ခု လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်
...................................................................

ရန်ကုန်၊ ဇန်နဝါရီ ၁၂

KIA တပ်မဟာ (၅) လက်အောက်ရှိ တပ်ရင်း တစ်ခုမှ ခွဲထွက် လာသည့် အင်အား ၃၀ခန့် ရှိ တပ်ခွဲ တစ်ခု ဇန်နဝါရီလ ၁၁ရက် နေ့က နယ်မြေခံ တပ်မတော် တပ်ရင်း တစ်ခုသို့ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ် ဝင်ရောက် လာကြောင်း မြစ်ကြီးနား အခြေစိုက် တပ်မတော် အရာရှိ တစ်ဦးက The Voice Weekly သို့ ပြောကြား သည်။

ဝင်ရောက်လာသည့် KIA တပ်ခွဲ၏ လုံခြုံရေး နှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု ဆက်လက်ဖြစ်ပေါ် စေရေး အတွက် အသေးစိတ် ကိုမူ လတ်တလော ထုတ်ပြန်ရန် မဖြစ်နိုင် သေးကြောင်း ၄င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ The Voice Weekly က KIA သို့ ဆက်သွယ် မေးမြန်းရန် ကြိုးစား နေဆဲ ဖြစ်သည်။

1 comment:

  1. နှက်ဖက်စလုံး ကစစ်သားတွေဟာ ရိက္ခာပျက် တော့သေရမှာ ထက်စားစရာရှိတဲ့ ဘက်အလင်း ဝင်တာမထူးဆန်း ပါဘူး နှက်ဖက်စစ်သား အားလုံးက ကျွေးတာစားပြီး ခိုင်းတာလုပ်မယ် ဆိုတဲ့ ဦးနောက်မရှိ တဲ့လက်နက်တွေပါပဲ ။လူနည်းစု ကောင်းစားရေး လူများစုကောင်းစားရေး မစဉ်းစားပဲ မိသားစုတွေ ငတ်နေပါစေ ငါ့ဗိက်ြဝရင်ပြီးတာ ပါပဲ ဆိုတဲ့ နွားအတွေ ။

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။