ယခုအခါ ပြည်တွင်းစစ်မီး အရှိန်ကောင်းကောင်းနဲ့ တောက်လောင်
နေချိန်ဖြစ်ပါတယ်။ ပြည်သူတွေကို ထင်ယောင် ထင်မှား ဖြစ်အောင် သတင်းအမှား အမျိုးမျိုးတွေ၊
သူတစ်ပါးကို ယုတ်ညံ့တဲ့ စကားလုံးတွေ နဲ့ စဉ်ဆက်မပြတ် တင်ဆက်လာတဲ့ Myanmarexpress
media ရဲ့ လုပ်ရပ် ကို အလွန် နားလည်ရခက်ပါတယ်။ Myanmarexpress media ကို မျက်စိလည်
လမ်းမှားပြီး ကြည့်ဖူးသူ တော်တော်များများ သူတို့ရဲ့ လူကြီး လူကောင်းမဆန်တဲ့ အသုံးအနှုန်းတွေကိုလည်း
ဖတ်ရှုမိမှာပါ။ မိန်းကလေးတွေ ဖတ်ဖို့မသင့်တော်တဲ့ ဆဲဆိုတဲ့ စကားလုံးတွေကိုလည်း ဖောဖောသီသီ
သုံးစွဲထားတာကို သတိပြုမိမှာပါ။
Myanmar express media မှာ KIA နဲ့ ပတ်သက်တဲ့ media များကို
DDos နဲ့ တိုက်ခိုက်ဖို့ Link တွေ ပေးထားတာလည်း
အလွန် တရာမှ အောက်တန်းကျတဲ့ လုပ်ရပ်ပါ။ အခု အခါမှာ ကချင်နဲ့ ပတ်သက်တဲ့ website တွေ
တော်တော်များများ တိုက်ခိုက်ခံရလို့ ဖတ်မရတာတွေကို စာဖတ်သူတွေလည်း သတိပြုမိမှာပါ။ KIA
Link တွေ အပြင် ပြည်တွင်း နာမည်ကြီး Media တွေကိုလည်း တိုက်ခိုက်ထားတာတွေကို ရှုမြင်ရမှာပါ။
အခု Eleven Media ကို DDos Link တင်ထားတာနဲ့ ပတ်သက်ပြီး Eleven Media Group ရဲ့ သတင်း
တစ်ပုဒ်ကို တင်ပေးလိုက်ပါတယ်။
Tuesday, 15 January 2013 (Eleven Media Group)
ဆက်လက် ဆောင်ရွက်မည်ဖြစ် ကြောင်း EMG တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
"Myanmar Express ကတော့ ကျွန်တော်တို့ကို ပုဂ္ဂိုလ်ရေး ပုတ်ခတ် စွပ်စွဲတာတွေ တောက်လျောက် လုပ်နေတာပါ။ အခုလည်း ကျွန်တော်တို့ website ကို DDos နှင့် တိုက်မယ်လို့ Myanmar Media Watch မှ Hacker တစ်ဦးက ပြောတယ်ဆိုပြီး သတင်းတင်ထားတယ်။ ဒီသတင်းကို မြစ်မခ မီဒီယာက CEO၊အယ်တီတာချုပ် ဒေါ်မေသင်္ကြန်ဟိန်း အပါအ၀င် facebook ပေါ်က အကောင့်အချို့ကို Tag လုပ်ထားတာ တွေ့ရပါတယ်။ တာဝန်ရှိသူတစ်ဦးကိုယ်တိုင် လုပ်နေတယ်ဆိုတာ ကျွန်တော်တို့ ခြေရာခံ မိထားပါပြီ။ Myanmar Express ၊ Voice of Myanmar နဲ့ ဒေါက်တာ ဆိတ်ဖွားတို့ ဆိုတာ ပြည်တွင်းကပဲ လုပ်နေတာပါ။ မြန်မာ့ဆက်သွယ်ရေးအနေနဲ့ ဒါကို ဖော်ထုတ်နိုင်ပါတယ်။ ဒါက သိပ် ခက်ခဲနေ တဲ့ အရာမဟုတ်ပါဘူး။သူတို့ တကယ်ဖော်ထုတ်မယ်ဆိုရင် ရပါ တယ်။ အခုအစိုးရလက်ထက်အတွင်းမှာ ဖော်ထုတ်ပေးလို့ရရင်ရ၊ ဒါမှ မဖော်ထုတ်ပေးဘူးဆိုရင်လည်း နောက်သုံးနှစ် အစိုးရအသစ်လက် ထက်မှာ သေချာပေါက် တရားစွဲမှာပဲ။ သေချာပြင်ဆင် သွားမယ်၊ နှစ်ဘယ်လောက်ကြာကြာ ဥပဒေက ပြေးမလွတ်ပါဘူး၊ ကိုယ်တိုင် လုပ်သူရော၊Facebook wall ပေါ်မှာ တဆင့်ပြန် share သူကိုလည်း လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမယ်၊ လာရောက်ရှင်းလင်းဖို့ လိုပါတယ်၊"ဟု အဆိုပါတာဝန်ရှိသူက ပြောပါသည်။
Myanmar Express တွင် ဖော်ပြထားသော သတင်းသည် လိုင်ဇာမြို့ တွင် တပ်မတော်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ခြင်းနှင့် ပတ်သက်၍ ရေးသားခဲ့သော သတင်းအပေါ်မူတည်၍ Eleven Media Group ၏ ဂုဏ်သိက္ခာ ထိခိုက်အောင် ပုတ်ခတ်စွပ်စွဲမှု များစွာဖြင့် ရေး သားထားခြင်း ဖြစ်သည်။ ထို့အပြင် EMG အား အောက်တန်းစား မီဒီယာ ဟု လေ့လာစောင့်ကြည့်သူအဖြစ် မှတ်ချက်ပေးထားသော ဒေါက်တာ ဆိတ်ဖွားက အစိုးရ၏ ၀ါဒဖြန့်ချီရေး အမည်ခံ Voice Of Myanmar ဘလော့ဂ်တွင် ရေးသားထားသည်ကို myanmarexpress.net နှင့် ပူးပေါင်းလုပ်ဆောင်ထားကြခြင်းဖြစ်သည်။ Voice of Myanmar တွင် အဆိုပါသတင်းကို ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်တွင် တင်ထားခြင်းဖြစ်ပြီး Myanmar Express က နောက်ထပ် တစ်နာရီ အကြာတွင် တင်ထားခြင်းဖြစ်သည်။
မည်သူမဆို အဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက် နစ်နာစေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်ဖြစ်စေ၊ သတင်းအချက် အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ထိုသို့ ပြုလုပ်ခြင်း၊ပြုပြင်ခြင်း သို့မဟုတ် ပြောင်း လဲခြင်း ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချိခြင်း စသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျင် ထိုသူ အား ထောင်ဒဏ်ငါးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ် ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း အီလက်ထရောနစ် ဆက်သွယ်ဆောင် ရွက် ရေး ဥပဒေပုဒ်မ ၃၄(ဃ) တွင် ပြဌာန်းထားချက်အရ သိရသည်။
ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရာတွင် အားပေးကူညီပါက ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဌာန်းထားသည့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။
မည်သူမဆို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို ပြည်တွင်းတွင် ကျူးလွန်လျင်ဖြစ် စေ၊ ပြည်တွင်းမှ ပြည်ပသို့လည်းကောင်း၊ ပြည်ပမှ ပြည်တွင်းသို့လည်း ကောင်း အီလက် ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ ကျူးလွန်လျင်ဖြစ်စေ ဤဥပဒေနှင့် သက်ဆိုင်စေရမည်ဖြစ် ကြောင်း သိရသည်။
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ တရားစွဲဆိုရာ တွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဗဟိုအဖွဲ့၏ ကြိုတင် ခွင့်ပြုချက်ကို ရယူရမည်ဖြစ်ကြောင်း အီလက်ထရောနစ် ဆက်သွယ် ဆောင် ရွက်ရေး ဥပဒေပါ မည်သည့်ပြစ်မှုကိုမဆို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူပိုင်ခွင့်ရှိကြောင်း သိရသည်။
လေးဘက်ထောက်မီဒီယာကို လေးဂွနဲ့ တိုက်ရမှာ
ReplyDeleteeleven media=လေးဘက်ထောက်မီဒီယာ
ReplyDeleteလိုင်ဇာမှာကေအိုင်အေဆီကလိုင်းကြေးယူပြီးသတင်းသမားတွေထားတဲ့ မီဒီယာ။
ReplyDelete