Friday, January 11, 2013

မြေပြင်တိုက်ပွဲများ နေ့စဉ်ဖြစ်နေဆဲဟု KIO ပြော

(mizzima)


အစိုးရစစ်တပ်နှင့် ကချင်လွတ်လတ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေသည်ဟု သိရသည်။

ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် အစိုးရဘက်မှ စစ်တိုက် လေယာဉ်များဖြင့် ပစ်ကူခြင်း မရှိသော်လည်း မြေပြင်တိုက်ပွဲများက KIO ဗဟိုဌာနချုပ် အနီးတဝိုက်တွင် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ကြာသပတေးနေ့က KIA ၏ လိုင်ဇာဌာနချုပ် တပ်မဟာ ၅ နယ်မြေ အတွင်း တိုက်ပွဲပေါင်း ခုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး သောကြာနေ့တွင် လည်း ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာ အနီးတဝိုက် တိုက်ပွဲများ ပြင်းထန် စွာ ဖြစ်ပွားနေသည်ဟု KIO မှ ဒု-ဗိုလ်မှူးကြီး ယော်ထုံ က ပြောသည်။

“ဒီနေ့တော့ ကြီးကြီးကျယ်ကျယ် မဖြစ်ဘူး။ နမ်ဆန်ယန်ဘက် နည်းနည်း ဖြစ်တယ်။ တိုက်ပွဲငြိမ်သွားတာတော့ မဟုတ်ဘူး။ သူတို့ဘက်က အကွက်ဆင်နေတာ။ လက်နက်ကြီးနဲ့တော့ နေ့တိုင်း ပစ်နေတယ်” ဟု မဇ္စျိမကို ပြောသည်။

“မနေ့ကနဲ့ ဒီနေ့တော့ နည်းနည်း ငြိမ်နေတယ်။ ငြိမ်တာကလည်း သူတို့ ပြင်နေတာနေမှာ တပ်အင်အား ပြန်ပြင်ဆင်နေရာချတယ်လို့ ထင်တာပဲ” ဟု ကျောင်းသားတပ်မတော်မှ ဗိုလ်မှူး မင်းဌေးက မဇ္စျိမကို ပြောသည်။

တိုက်ပွဲများ ဖြစ်ပွားပုံနှင့်ပတ်သက်၍ မဇ္ဈိမမှ သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။