Tuesday, January 1, 2013

တိုက်လေယာဉ်များဖြင့် KIA အားစစ်ဆင်နေခြင်း မဟုတ်ကြောင်း အစိုးရငြင်းဆို

(ရွှေဟင်္သာသတင်းဌာန)


ဗန်းမော်- လိုင်ဇာလမ်းကြောင်းရှိ အစိုးရတပ်များသည် လဂျားယန် စစ်မြေပြင်တွင် ယနေ့နံက်ပိုင်းမှ စပြီး ခါတိုင်းပစ်ခတ် နေသော လက်နက်ကြီးများအပါဝင် တိုက်လေယာဉ်များနှင့် ပြင်းထန်စွာ စစ်ဆင်နေဆဲဖြစ်သည်ဟု KIA စစ်ရုံးအရာရှိ တဦးမှ ဆိုပါသည်။
“မနက် ၉ နာရီကနေ ၁၀ နာရီပါတ်ဝန်းကျင်မှာ ဖိုက်တာဂျက် ၃ စီးတက်လာပြီးတော့ ပစ်သွားခဲ့ပါတယ်။ မြေပြင်မှာက တော့ ခါတိုင်းပါဘဲ မလျှော့ဘူး။ တောက်လျှောက် တိုက်နေဆဲပါဘဲ။ အထိအခိုက်ကတော့ သူတို့တက်လာပုံကို ကြည့် ရင် ထိခိုက်မှုများနေလို့သာ ကျနော်တို့ခံနိုင်တာပါ။ မဟုတ်ရင် ဒီတက်လာပုံမျိုး ဆိုရင်ဘယ်လွယ်မလဲ။ လေယာဉ်က လည်းတဖက်၊ လက်နက်ကြီးကတဖက်နဲ့ဆို ခံရခက်တယ်။ ဒါပေမဲ့ သူတို့မတွက်လိုက်တာက စိတ်ဓါတ်ဗျ။” ဟုဆိုပါ သည်။

လဂျားယန် စစ်မျာက်နှာရှိ ပွိုင့်(၇၇၁) ကုန်းကလေးကို KIA မှ လက်လွှတ်လိုက်ရသည်ဟု KIA မှဆိုပါသည်။ စိုးမိုးကုန်း မဟုတ်ပါ။ အစိုးရတပ်များ သည် G-4 Super Galeb Jet Fighter တိုက်လေယာဉ်များကို အသုံးပြုပြီး တနေ့ (၆) ကြိမ် မျှ ဗုံးကျဲသည့်အပြင် အဆိုဗုံးများထဲမှ မီးလောင်ဗုံးများပါ ကျဲချခဲ့ပါသည်။ တချိန်ထဲ၌ ဒေါ့ဖုန်းယန်၊မန်တဲ၊ ဘွမ်ဆောမ်မှ ၁၀၅မမနှင့် ၁၂၀မမ လက်နက်ကြီးများ၏ တနေကုန်ပစ်ကူဖြင့်၊ ခမရ (၃၁၇) (၄၁၅) (၄၁၆) (၃၂၀)၊ ခလရ (၂၃၇) တပ်ဖွဲ့တို့မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု KIA က ဆိုပါသည်။

 ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း မကြာခင်က တရုတ် ပြည်ခရီး

ထို့အပြင် မြေပြင်တပ်ဖွဲ့ဝင်များ၌လည်း ၈၁ မမ စိန်ပြောင်း၊ ဆွီဒင်နိုင်ငံထုတ် ၈၄မမ၊ RPG တို့ကို အဓိကအသုံးပြုပြီး တိုက်ခိုက်ခဲ့ပါသည်။ ဒေသခံပြည်သူ့စစ်များ၏ အဆိုအရ အစိုးရဖက်မှ ရာနဲ့ချီပြီးထိခိုက်ကျဆုံးမှု ရှိသည်ဟု KIA ဖက်ကဆိုပါသည်။
ကချင်ပြည်နယ် ပန်ဝါဒေသ၊ နယ်ခြားမှတ်တိုင် (၆) ၌ရှိသော တပ်မ (၈၈) လက်အောက်ခံ တပ်များသည် ၄င်းတို့အနီးရှိ KIA စခန်းတခုကို ယမန်နေ့၌ ၆၀မမ ပြောင်းရှည်၊ ၈၁မမ၊ ၈၄မမ စိန်ပြောင်းစသော လက်နက်ကြီးများဖြင့် တနေကုန် ပစ်ခတ်ခဲ့သလို ယနေ့ မနက်ပိုင်း၌လည်း ဆက်လက်တိုက်ပွဲ ဖြစ်ပွားနေပါသည်။
မြစ်ကြီးနားအနီး ၀ိုင်းမော်မြို့နယ် ဂန်ဒေါ်ယန်မှ အမြောက်တပ်ရင်း (၃၇၀) သည် KIA ၏ဂျာထစခန်းကို ၁၀၅မမ ဖြင့်ပစ်ခတ်နေဆဲဖြစ်ပြီး ယမန်နေ့၌ အကြိမ်ပေါင်း ရာကျော်ပစ်ခတ်ခဲ့ပါကြောင်း KIA ကဆိုပါသည်။
အစိုးရသည် KIA ဌာနချုပ်ဖြစ်သော လိုင်ဇာကိုလမ်းကြောင်း (၃) ခုဖြင့်စစ်ဆင်နေပါသည်။ (၁) မြစ်ကြီးနား-လိုင်ဇာလမ်း ကြောင်းတွင် အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၃) လက်အောက်ခံ ၁။ စကခ (၃) နည်းဗျူဟာ (၃) နမ်ဆန်ယန်တ၀ိုက်အခြေစိုက်မှ စစ်ဆင်နေပြီး ရှေ့တန်း ခလရ (၂၁) ခလရ (၃၈၉) ခလရ (၁၉၀) ခမရ (၃၈၅) ခမရ (၃၈၆) တို့ ပါဝင်ပြီး အင်အားတထောင်ကျော် ရှိပါသည်။ ထို့အပြင် တပ်မ (၁၀၁) မှ တပ်ရင်း (၆) ပါ အင်းအားထပ်ဖြည့် ထားပါသည်။ 
ထို့အပြင် ဂန်ဒေါ်ယန်အခြေချ အမှတ် (၃၆၇)၊ အမှတ် (၄၀၈) အမြောက်တပ်ရင်းနှင့် အမှတ် (၂၀၈) အမြောက်တပ် ရင်းတို့ရှိပါသည်။
ဒုတိယလမ်းကြောင်းဖြစ်သော ရှဒန်ပါ-လိုင်ဇာလမ်းကြောင်းတွင် စကခ (၃) နည်းဗျူဟာ (၁) ရှိပြီး ခလရ (၄၀)၊ ခမရ (၃၈၁)၊ ခမရ (၃၈၂)၊ ခမရ (၃၈၃)၊ ခမရ (၃၈၄)၊ ခမရ (၃၈၈) တို့ရှိပြီး အင်အား တထောင် ကျော်ရှိပါသည်။ ထို့အပြင် ရှဒန် ပါ အခြေချ အမှတ် (၃၇၂) အမြောက်တပ်ရင်း တရင်းလည်း ရှိပါသည်။

ဗန်းမော်- လိုင်ဇာလမ်းကြောင်း၌ ဒေါ့ဖုန်းယန်အခြေစိုက် စကခ (၂၁) နည်းဗျူဟာ (၂) မှ ခမရ (၃၈၇)၊ ခမရ (၄၃၈)၊ ခမရ (၆၀၁)၊ ခမရ (၃၂၀)၊ ခလရ (၅၆) မှ အင်အားတထောင်ကျော် ရှိသည့်အပြင် အထူးတပ်များလည်း ရှိပါသည်။ ထို့ အပြင် ဒေါ့ဖုန်းယန်အခြေစိုက် အမှတ် (၃၆၄) အမြောက်တပ်ရင်းနှင့် ဘွမ်ဆောမ် အခြေစိုက် အမှတ် (၃၇၀) အမြောက် တပ်ရင်းတို့ ရှိပါသည်။ 


အစိုးရသည်” အခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်မှာ စစ်တပ်က ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ သုံးစွဲပြီး ထိုးစစ်ဆင်နေတယ် ဆိုတာဟာ တကယ်တော့ မိမိတို့ရဲ့ တပ်တွေဆီ ရိက္ခာပို့ဆောင်တဲ့ လမ်းကြောင်းတွေကို KIA က ဖြတ်တောက်ထား တာကြောင့် လဂျားယန်မှာရှိတဲ့ ရိက္ခာပြတ်တောက် နေပြီဖြစ်တဲ့ မိမိတို့ တပ်ဖွဲ့တွေအတွက် လေ ကြောင်းကနေ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ပေးနေတာသာဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူး ဇော်ဌေး က AP သတင်း ကို ပြောဆိုထား ပါသည်။
KIA စရင်းအရ ဒီဇင်ဘာလ တလထဲတွင် တိုက်ပွဲအကြိမ်ပေါင်း အနည်းဆုံး (၂၀၅) ကြိမ် ဖြစ်ပွားခဲ့ပါသည်။ ဤစစ်ဆင် ရေးကို မိုးကြိုးစစ်ဆင်ရေး (Carpet Bombing Operation) ဟု အမည်ပေးထားပြီး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး နှင့် စစ်ဦးစီး ဗိုလ်မှူးချုပ်လူအေး တို့က ဦးဆောင်ကာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် အနီးကပ် ကွပ်ကဲနေပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။