Friday, January 4, 2013

KIA အပေါ် အစိုးရ၏စစ်ဆင်ရေး အခြေအနေကို ၈၈ အဖွဲ့လေ့လာ

(ရွှေဟင်္သာသတင်းဌာန)


ကိုမြအေးခေါင်းဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့သည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) အပေါ် အစိုးရ စစ်ဆင်ရေး အခြေအနေကိုလေ့လာရန် ယမာန်နေ့တွင် လိုင်ဇာမြို့သို့ ရောက်ရှိလာခဲ့သည်ဟု KIO အဖွဲ့ ပြောခွင့်ရ ဦးလနန်း ကဆိုပါသည်။ 

“ သူတို့အဖွဲ့က ကျနော်တို့ရဲ့ ဒုဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ပါတယ်။ အခုဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေကို လာရောက် လေ့ လာလိုတဲ့ သဘောပါဘဲ။ အစိုးရကတော့ ဘယ်သူတားတား လက်ခံမှာမဟုတ်ပါဘူး။ အခု UN ပြောနေတယ်။ ဒါလည်းစစ် ဆင်ရေးက ဟန်မပျက် ဆက်လုပ်နေတုန်းဘဲ။ အစိုးရဟာ သူတို့ လုပ်ချင်သလို လုပ်နေတဲ့အဖွဲ့အစည်းပါ။ ဒါကြောင့် စစ်ပွဲ ရပ်စဲရေးဟာ အစိုးရအပေါ်မှာသာ မူတည်ပါတယ်” ဟု ဆိုပါသည်။


တိုက်ပွဲအခြေအနေများမှာ ပြင်းထန်နေဆဲဖြစ်သည်ဟု KIA ဖက်က ဆိုပါသည်။ အစိုးရဖက်ကလည်း တိုက်လေယာဉ်များ သုံးပြီး ဗုံးကျဲခဲ့ရသည်ဟု ၀န်ခံခဲ့ရပါသည်။ ယနေ့နံနက်တွင်လည်း ဗန်းမော်- လိုင်ဇာလမ်းပိုင်းရှိ အစိုးရသိမ်းပိုက်ထားသည့် အမှတ် (၇၇၁) တောင်ကုန်း အနီးတဝိုက်တွင် တိုက်ပွဲများပြင်းထန်စွာ ဆက်လက် ဖြစ်ပွားလျှက် ရှိပါသည်။ ဤသို့ကြောင့် ဒေါ့ဖုန်ယန်မှ လက်နက်ကြီးများသည် လဂျားယန်ဘက်သို့ ပစ်ခတ်လျှက်ရှိပါသည်။

အမှတ် (၇၇၁) တောင်ကုန်း တိုက်ပွဲပြင်းထန်မှုကြောင့် G-4 Super Galeb တိုက်လေယာဉ် (၂) စင်းသည် ယမာန်နေ့ နေ့လည် (၁၂) နာရီခွဲ အချိန်ကတည်းက တောင်ကုန်းရှိ KIA စခန်းကို ဒုံးကျည်များနှင့် ဗုံးများကျဲချနေခဲ့ပါသည်။ 

အလားတူ ယမန်နေ့မနက် (၆း၀၀) နာရီအချိန်တွင်လည်း မြစ်ကြီးနား - လိုင်ဇာကားလမ်းပေါ်ရှိ နန့်ဆန်ယန်ကျေးရွာတွင် တိုက်ပွဲပြင်းထန်ခဲ့သဖြင့် အစိုးရဖက်မှ အကျအဆုံးများခဲ့ပြီး လက်နက်ခဲယမ်းမီးကျောက်များစွာ KIA မှ သိမ်းဆည်းခဲ့ပါ သည်။ ဤ ကဲ့သို့ ထိခိုက်မှုများလှသဖြင့် အစိုးရတိုက်လေယာဉ် (၂) စင်းသည် နေ့လည် (၁၁း၅၀) နာရီတွင် တိုက်ပွဲနေရာ ကို ဗုံးကျဲခဲ့ရ ပါသည်။ 

တိုက်ပွဲများ၌လည်း ဓါတုဗုံး၊ ဓါတုဒုံးကျည်များပါ အသုံးပြုနေသည်ဟု KIA ဖက်က စွဲစွဲနေပါသည်။ ဤသို့ကြောင့် တိုက်ပွဲ အခြေအနေများကို လေ့လာရန် ပြည်တွင်း၊ ပြည်ပကစိတ်ဝင်တစားရှိလာခဲ့သည်ဟု လေ့လာသူများက ဆိုပါသည်။

အစိုးရသည် KIA နှင့် အပစ်ရပ်ထားရာမှ အစိုးရ၏နယ်ခြားစောင့်တပ် အစီစဉ်ကို လက်မခံရာမှ ၂၀၁၁ ခုနှစ် ဇွန်လက တည်းက KIA အားစစ်ဆင်လာခဲ့ပါသည်။ နယ်ခြားစောင့်တပ်အစီစဉ်သည်လည်း အစိုးရထံလက်နက်ချရေး လမ်းစဉ်ဟု KIAက ခံယူပါသည်။ ဤသို့ကြောင့် KIA အား အမြစ်ဖြတ်ချေမှုန်းရန် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု KIA ကဆိုပါသည်။ 

ဤသို့သော အခြေအနေတွင် နိုင်ငံတော်သမ္မတသည် KIA အပေါ်စစ်ဆင်ခွင့်တားမြစ်ထားသည်ဟု ပြည်တွင်းနှင့် နိုင်ငံတ ကာကို ရှင်းလင်းခဲ့ပါသည်။ ထို့အပြင် သမ္မတက ဦးစီးချုပ်အပေါ် သြဇာမညောင်းသလိုလိုလည်း သမ္မတရုံးမှ ၀ါဒဖြန့်နေခဲ့ သည်ဟု သုံးသပ်သူများက ဆိုပါသည်။ 

ဤနည်းဖြင့် KIO နယ်မြေထဲသို့ အင်အား တသောင်းခွဲခန့် စစ်ပြင်ဆင်လာပြီး KIA တပ်မဟာများနှင့် ဌာနချုပ်ကို တဖြည်း ဖြည်းနှင့် စစ်ဆင်ရေး တိုးမြှင့် နေခဲ့ပါသည်။ စစ်မျက်နှာတိုင်းတွင် အစိုးရတပ်ဖွဲ့များ အထိနာလာသဖြင့် လေကြောင်းဖြင့်ပစ်ကူ ပေးလာပါသည်။ 
ဤအခြေအနေမှ မြောက် ပိုင်းတိုင်းမှူးသည် ဒီဇင်ဘာလ (၂၅) ရက်နေ့ကို နောက်ဆုံးထားပြီး လဂျားယန် လမ်းရှိ KIA တပ်စခန်းများဆုတ်ခွာ ပေးရန် ရာဇသံ ပေးလာခဲ့ပါသည်။ 

ဤအချိန်မှစပြီး KIA အား လေကြောင်းစစ်ဆင်ရေးဖြင့် ပြင်းထန်စွာ တိုက်ခိုက်လာခဲ့ပါသည်။ KIA ကမူ ယခုဖြစ်ပွားနေသော တိုက်ပွဲသည် အစိုးရအပေါ်၌သာ မူတည်ကြောင်း ဆိုပါသည်။

လေကြောင်းတိုက်ပွဲများ ပြင်းထန်လာသည့်အတွက် အမေရိကန်အစိုးရနှင့် UN တို့သည် စိုးရိမ်ပူပန်ကြောင်း၊ ထုတ်ဖေါ်လာ ခဲ့သည့်အချိန်၌ ၈၈ ကျောင်းသားများအဖွဲ့၏ လေ့လာရေးခရီး ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ 

၈၈ ကျောင်းများ၏ လေ့လာမှုသည် အရေးကြီးလှကြောင်း ၄င်းတို့၏ လေ့လာတွေ့ရှိချက် အပေါ် UN နှင့် အမေရိကန် အစိုး ရတို့အတွက် အကြောင်းအချက်များ ဖြစ်ပေါ်စေသည်ဟု လေ့လာသူများက ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။