Monday, January 21, 2013

အစိုးရနဲ့သီးသန့် ဆွေးနွေးဖို့ KIA လက်မခံ

(ဧရာဝတီ Blog)


ကချင်ပြည်နယ် လဂျားယန်ဒေသ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးကို ရပ်ဆိုင်းထားမယ်လို့ အစိုးရက ကြေညာတယ်၊ ဒါပေမယ့် အစိုးရတပ်က ထိုးစစ်ဆင် စခန်းသိမ်းပွဲတွေ ဆက်လုပ်နေတုန်းပဲ လို့ KIA ကချင်လက်နက်ကိုင်အဖွဲ့က အစိုးရကို အကြောင်းပြန်ကြားထားပါတယ်။ မနေ့က ရက်စွဲနဲ့ အကြောင်းပြန်တာပါ။

ဒါကြောင့် KIA နဲ့အစိုးရ နှစ်ဘက် ဆွေးနွေးမှု မလုပ်တော့ဘူးလို့ စာထဲမှာ ရေးထားပါတယ်။

အစိုးရနဲ့ ဆွေးနွေးမှုကို KIA ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုအနေနဲ့ပဲ လုပ်မယ်လို့ ဆိုထားပါတယ်။


1 comment:

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။