Saturday, January 12, 2013
လေယာဉ်ပစ်ချခံရသတင်း မြန်မာစစ်တပ် မီဒီယာတစ်ခုဖြစ်သော kachindailynews.com တွင် လိမ်ညာတင်ဆက်ထားပုံ
အစိုးရတပ်မှ MI 35 တစ်စီး ကေအိုင်အေနယ်မြေတွင် ပျက်ကျခဲ့
ဒီနေ့ ညနေ ၄ နာရီလောက်မှာပဲ ကျွန်တော် တို့ဖက်က Mi35 တစ်စီး ရန်သူ့ နယ်မြေထဲမှာ ပျက်ကျ မှုဖြစ်ေ ပါ် ခဲ့ ပါတယ်။ ရန်သူ့ ကျည်ဆံ ထိလို့လား ဒါမှမဟုတ်ပဲ စက်ချို့ယွင်းလို့လားဆိုတာကို ယခုထက်တိုင် မည် သူ မျှ မသိရသေးပါဘူး။ လေသူရဲကတော့ DSA အပတ်စဉ် ၄၁ နဲ့ ၄၇  မှဖြစ်ပါတယ်။ ကျွန်တော်တို့ အလွန်ပင် ၀မ်းနည်းလျက် ရှိပါတယ်။ ခုချိန်ထိ လေသူရဲတွေကို ဆက်သွယ်နိုင်ခြင်းမရှိသေးပါဘူး။ 
အသက်ရှင်နိုင်သေးလား ဒါမှမဟုတ် ကျဆုံးသွားပြီလား ဆိုတာလဲ အတည်မပြုနိုင်သေး လို့ ကျွန်တော်တို့ အားလုံး ၀ိုင်းဝန်းဆုတောင်းနေ ကြပါတယ်။ တပ်မတော်ကြည်းမှ စစ်သည်များ ကတော့ လေယာဉ်ပျက် တဲ့ နေ ရာ တ၀ိုက်ကို ၀ိုင်းဝန်းပိတ်ဆို့ကာ အပြင်း အထန် ရှာဖွေလျက် ရှိပါတယ်။ တတ်နိုင်သလောက် ကူညီ ကယ် ဆယ်ဖို့  ပြင်ဆင်လျက် ရှိပါတယ်။ down pilot ဖြစ်သွားပြီး survive ဖြစ်လျှင်တော့ မရရအောင် ကယ် ဆယ် ဖို့လည်း ဆုံးဖြတ် ထားပြီးသားပါ။ တပ်မတော်ဟာ ယခု နေရာ ကို ရှင်းလင်းရတာ အဲဒီနေရာ တ၀ိုက် မှာ မိုင်းထောင် ဗုံးခွဲ မိုင်းဆွဲ လျက်ရှိလို့ မဖြစ်မနေသာ သွားရောက် ရှင်းလင်း ရကြောင်းကိုလည်း အသိပေး အပ်ပါတယ်။ ကျွန်တော့်တို့ရဲ့ လေသူရဲ ကို အမြန်ဆုံးရှာဖွေ နိုင်ပါစေလို့ ဝေဟင်ချစ်သူ စာဖတ်ပရိတ်သတ်တွေလည်း ၀ိုင်းဝန်းဆု တောင်း ပေးဖို့ မျှော်လင့်ပါတယ်။
ယနေ့ ပျက်ကျခဲ့သော လေယာဉ်သည် စက်ချို့ယွင်းမှု ကြောင့်ဖြစ် ကြောင်း..ပိုင်းလော့ ၂ ဦးလုံး ကျဆုံးသွားကြောင်း သိရပါတယ်။ ကောင်းရာသုဂတိလားပါစေ။
ကျဆုံးသွားသော လေသူရဲ ၂ ဦးမှာ ၄၇ ဗက ကျော်ထွန်းနောင်...၄၁ က ဗိုလ်မှူး ဖြိုးငြိမ်း တို့ ဖြစ်ကြောင်း သိရပါတယ်။
ကောင်းရာ သုဂတိ လားပါစေ
၎င်းရဟတ်ယာဉ်ကျသည့် နေရာမှာ ဂရောင်ဂရာဘွန် အနီး ဘွန်နွယ်ဘွန် တွင်ဖြစ်ကြောင်းထပ်မံ သိရှိရပါသည်။
3 comments:
  1. ကျည်ဆံထိရင် ထိတယ်ပေါ့
    ထိဦးမှာ
    ရဟတ်ယာဉ်လောက်က တန်ဖိုးမရှိပါဘူး ။
    ဒါပေမယ့် မောင်းတဲ့သူတွေနဲ့ အနောက်က ခိုင်းတဲ့သူတွေက ပိုတောင် တန်ဖိုးမဲ့သေးတယ် ....
    ReplyDelete
  2. Mi တွေလာဦး တဲ့ တောင်ကုန်း ပေါ်က welcome ပါ
    ReplyDelete
  3. sfguj cnjfvbn knbhn xdyfc fdrfu knvlc nvcxfgf bkkohoj
    ReplyDelete
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။