Thursday, January 31, 2013

Hka Ya Bum စခန်းအား တပ်မတော်မှ အင်အား ဖြည့်တင်းလျက်ရှိ

(စည်းလုံးခြင်းရဲ့အင်အား)


တပ်မတော်မှ MA6 ၁၂၀ မမ စိန်ပြောင်းကြီး (ဓာတ်ပုံ - mmmilitary blog)

Hka Ya Bum တောင်ကုန်း စခန်းအား တပ်မတော်မှ သိမ်းပိုက်ခဲ့ပြီးတဲ့နောက် လက်နက်ကြီးများဖြင့် အင်အား ဖြည့်တင်းလျက် ရှိကြောင်း KIA နှင့် နီးစပ်သူများထံမှ စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ်သို့ သတင်းပေးပို့ လာပါတယ်။ 

၃၀-၁-၂၀၁၃ ရက်နေ့တွင် အမြောက်တပ်မှ ၁၂၀ မမ စိန်ပြောင်းကြီးများကို Hka Ya Bum တောင်ကုန်းပေါ်သို့ ပို့ဆောင်ပေးပြီး အင်အား ဖြည့်တင်းလျက် ရှိတယ်လို့ သိရှိရပါတယ်။ တပ်မတော်မှ MI ၂၄ ရဟတ်ယာဉ် များဖြင့်လည်း တောင်ကုန်းပေါ်သို့ ရိက္ခာ၊ လက်နက၊် ခဲယမ်းနှင့် ဗုံးသီးများ ပို့ဆောင် ဖြည့်တင်းလျက် ရှိပါတယ်။ ka Ya Bum တောင်ခြေ တစ်ဝိုက်တွင် KIA မှ အင်အား ၆၀၀ ခန့်ဖြင့် တပ်မတော်နှင့် ရင်ဆိုင် လှုပ်ရှားလျက် ရှိနေပါတယ်။ တပ်မတော်မှ တပ်များအနေနဲ့ တပ်မ (၁၀၁) နဲ့ တပ်မ (၈၈) လက်အောက်ခံ တပ်များ ဖြစ်ကြောင်း သိရှိရပါတယ်။ KIA စခန်း များမှာ Alen bum ၊ laisin bum နဲ့ majimb bum ဆိုပြီး နာမည် ပေးထားသော စခန်း သုံးခုရှိတဲ့အပြင် တောင်ကြောနဲ့ နယ်စပ်တစ်လျှောက် နာမည် မပေးထားသေးသည့် စခန်းများလည်း ရှိသေးတယ်လို့ သိရှိရပါတယ်။ တပ်မတော်က ယခုလို Hka Ya Bum တောင်ကုန်းပေါ်မှာ (၁၂၀) မမ စိန်ပြောင်းကြီး လာရောက် “ဆင်လိုက်တာဟာ အမြင့်ဆုံး တောင်ကုန်းမို့လို့ ပတ်ဝန်းကျင် ဧရိယာ တစ်ဝိုက် ပတ်လည် (၃၆၀ံ) ပစ်အားနှင့် ချုပ်ကိုင်နိုင်ဖို့ ရည်ရွယ်သလို လိုင်ဇာမြို့ကိုလည်း လိုအပါက ပစ်နိုင်အောင် Range မှတ်ပုံတင်လုပ်ဖို့ ချိန်ရွယ်ထားနိုင်တယ်လို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။