Wednesday, January 2, 2013

Bum Re Bum (ဘွမ်ရီတောင်) တွင် ဗမာစစ်သား ၃၀၀ ကျော်ကျ


(Jinghpawkasa)

ကချင်ပြည်နယ် ကေအိုင်အို အစိုးရ၊ ကေအိုင်အေ တပ်မဟာ (၅) လက် အောက်၊ တပ်ရင်း (၂၃) ထိန်းချုပ်နယ်မြေဖြစ်သော နားလုံကျေးရွာ အထက်နားရှိ ဘွမ်ရီတောင်တွင် ဒီဇင်ဘာ ၂၆ ရက်နေ့မှ ယနေ့တိုင် အောင် ပြင်းထန်စွာ တိုက်ပွဲဖြစ်ခဲ့ကြောင်း သတင်းရရှိပါသည်။


ဗမာစစ်တပ်သည် ကေအိုင်အေ တပ်ရင်း (၂၃) ကို သိမ်းပိုက် ထိန်းချုပ် နိုင်ရန်အတွက် စစ်အင်အား များစွာအပြင်၊ လေကြောင်း ပစ်ကူများဖြင့် ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ယခုကဲ့သို့ ဘွမ်ရီဘွမ်တိုက်ပွဲတွင် ဗမာစစ်တပ်မှ ဗမာစစ်သား (၃၀၀) ကျော် ကျဆုံးခဲ့ကြောင်းလည်း ဆက်လက် သတင်းရရှိသည်။
ဗမာစစ်တပ်၏ လက်နက်ကျည်ဆံ ထိမှန်ကာ ကေအိုင်အေ မျိုးချစ် ရဲဘော် (၈) ဦး ဒဏ်ရာရရှိခဲ့ပြီး၊ ဖုန်ရမ် (Hpung Ram) မှာ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကို ပေးလှူခဲ့ကြောင်း သိရသည်။

ယနေ့ ဇန်န၀ါရီလ (၂) ရက်နေ့တွင် ဗမာစစ်တပ်၏ လက်နက် ကျည်ဆံ ထိမှန်ကာ ကေအိုင်အေ မျိုးချစ်ရဲဘော် (၅) ဦး ဒဏ်ရာရရှိခဲ့ကာ၊ လိုင်ဇာ ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေကြောင်း၊ ဒဏ်ရာရရှိသူ ကေအိုင်အေ မျိုးချစ်ရဲဘော် စုစုပေါင်း (၂၃) ဦး ရှိပြီ ဖြစ်ကြောင်း ဆက်လက် သတင်းရရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။