Tuesday, January 15, 2013

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း တံတားနှစ်စင်း မိုင်းဒဏ်ကြောင့် ပျက်စီး ဟုဆို


ရန်ကုန်၊ ဇန်န၀ါရီ ၁၄ (The Voice Weekly)

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့ည ၈ နာရီကျော်တွင် မိုင်းခွဲမှုကြောင့် မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းရှိ နဘားဘူတာနှင့် တစ်ဖာလုံကျော်အကွာ ဆော်လမွန်ချောင်းပေါ်ရှိ တံတားနှစ်စင်း ပျက်စီးခဲ့ကြောင်းအင်းတော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ပြောကြားချက်အရ သိရသည်။


လူ အသေ၊ အပျောက်စာရင်း အတည်မပြုနိုင်သေးသည့် ထိုမိုင်းပေါက် ကွဲမှုကြောင့် မန္တလေး- မြစ်ကြီးနား ပြေးဆွဲနေသော ရထားနှင့် နဘား - ကသာ ပြေးဆွဲနေသော ရထား တို့ တစ်ပတ်ခန့်ရပ်နားရနိုင်ကြောင်း ၄င်းက ခန့်မှန်းပြောဆိုသည်။

တိုက်ခိုက်မှုများနှင့် ပက်သက်၍ အစိုးရတပ်မတော်နှင့် KIA တို့အကြား အပြန်အလှန် စွပ်စွဲ ပြောဆိုမှုများ ရှိနေပြီး ယနေ့ နံနက် ငါးနာရီ အချိန်ခန့်တွင် KIA ဌာန ချုပ်တည်ရှိရာ လိုင်ဇာသို့ တပ်မတော်မှ ၁၀၅ မမ အမြောက်များဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ သုံးဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KIA ကလည်း ဆိုထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။