Wednesday, January 9, 2013

လကန်ဘွမ်တွင် တိုက်ပွဲပြင်းထန်

(Jinghpawkasa)


ဇန်န၀ါရီ (၉) ဗုဒ္ဓဟူး

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ ကေ အိုင်အေ တပ်ရင်း (၂၄) သေဒဖြစ်သော ဖွန်းပျန်ဘွမ်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာစစ်တပ်သို့ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွား ခဲ့သည်မှာ (၃) ရက်ကျော်လာပြီဖြစ်ကြောင်း သိရှိရပါသည်။
ဗမာစစ်တပ်မှ ဇန်န၀ါရီ (၈) ရက်နေ့တွင် ဖွန်းပျန်ဘွမ်သို့ မြေပြင်မှ စစ်အင်အား အများအပြားဖြင့် ထိုးစစ်ဆင်ရုံသာမက ဝေဟင်မှ လည်း စစ်တိုက်လေယာဉ် (၅) စီးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာမှု ကြောင့် ကေ အိုင်အေ တပ်ရင်း (၂၄) ၏ ရှေ့တန်းစခန်းဖြစ်သော လကန်ဘွမ်ပိုစ့်ကို လက်လွှတ်လိုက်ရကြောင်း သိရှိရပါသည်။ ဇန်န၀ါရီ (၉) ရက်နေ့ တွင် ကေ အိုင်အေ မျိုးချစ်ရဲဘော်များမှ လကန်ဘွမ်ပိုစ့်ကို ပြန်ရရေး အတွက် အပြင်းအထန်ထိုးစစ် ဆင်တိုက်ခိုက်ရာ ယခုအခါ လကန် ဘွမ်တွင် ရောက်ရှိနေသော ဗမာအစိုးရ စစ်တပ်များ ပိတ်မိနေပြီဖြစ် ကြောင်း၊ မြေပြင်မှ အစိုးရ စစ်တပ်များ (၅) ကြိမ်တိုင် ထိုးစစ်ဆင် တိုက်ခိုက်သော်လည်း ကေအိုင်အေမျိုးချစ်ရဲဘော်များကို မထိုးဖောက်နိုင် သောကြောင့် တပ်ဆုတ်သွားကြောင်း သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။